Provincial Electricity Authority မယ္ဆိုင္လ်ွပ္စစ္ဌာနမွ လ်ွပ္စစ္ဓာတ္အားေပးလ်က္ရွိေသာ 22Kv လိုင္းမ်ားစစ္ေဆးရာ တာခ်ီလိတ္ၿမိဳ႕ခ်စ္ၾကည္ေရးတံတား(၂) Feeder 2 သို႔ သြယ္တန္းသြားေသာ 22 Kv လိုင္းသည္ မယ္ဆိုင္ၿမိဳ႕ မိန္လိုင္းေအာက္ရပ္ကြက္ လမ္းသြယ္(၂) တြင္ ေကဘယ္ႀကိဳး ခ်ိဳ႕ယြင္းမႈေတြ႕ရိွပါသျဖင့္ ျပဳျပင္ထိန္းသိမ္းရန္ႏွင့္ လုပ္ငန္းခြင္အတြင္း အႏၲရာယ္ကင္းရွင္းရန္အတြက္ ျပန္လည္ျပဳျပင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၂) တံတားသို့ သွယ်တန်းထားသည့် လျှပ်စစ်ဓါတ်အားလိုင်းတွင် ချို့ယွင်းမှုဖြစ်နေသည့်အတွက် ဒီဇင်ဘာလ (၆)ရက်နေ့၌ မယ်ဆိုင်မြို့ဘက်တွင် ပြုပြင်မည်ဖြစ်ရာ တာချီလိတ်မြို့တွင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှ စ၍ ရန်အောင်မြေရပ်ကွက်၊ ၀ိန်းကျောက်ရပ်ကွက်၊ လေယာဉ်ကွင်း အပါအဝင် မြို့ပြင်ကျေးရွာအုပ်စုများအားလုံး မြန်မာစံတော်ချိန် နံနက် (၈)နာရီခွဲမှ နေ့လယ် (၁၁)နာရီခွဲအထိ လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။
Provincial Electricity Authority မယ်ဆိုင်လျှပ်စစ်ဌာနမှ လျှပ်စစ်ဓာတ်အားပေးလျက်ရှိသော 22Kv လိုင်းများစစ်ဆေးရာ တာချီလိတ်မြို့ချစ်ကြည်ရေးတံတား(၂) Feeder 2 သို့ သွယ်တန်းသွားသော 22 Kv လိုင်းသည် မယ်ဆိုင်မြို့ မိန်လိုင်းအောက်ရပ်ကွက် လမ်းသွယ်(၂) တွင် ကေဘယ်ကြိုး ချို့ယွင်းမှုတွေ့ရှိပါသဖြင့် ပြုပြင်ထိန်းသိမ်းရန်နှင့် လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းရန်အတွက် ပြန်လည်ပြုပြင်နေခြင်းဖြစ်ကြောင်း သိရသည်။
