ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ဒီဇင္ဘာလ (၁၇)ရက္ေန႔၌ က်င္းပမည့္ ခရီးၾကမ္း (၅၀)ကီလို Mountain Bike စက္ဘီးၿပိဳင္ပြဲသို႔ ျမန္မာႏိုင္ငံႏွင့္ ထုိင္းႏုိင္ငံမွ စက္ဘီးစီးသမား (၅၀၀)ေက်ာ္ ပါဝင္ဆင္ႏႊဲမည္ ျဖစ္ေၾကာင္း သိရသည္။
“ထုိင္းႏုိင္ငံဘက္က စက္ဘီးစီးသမား ၂၀၀ ေက်ာ္အပါအဝင္ ေလာေလာဆယ္အထိ စာရင္းေပးထားတာ ၅၀၀ ေက်ာ္ရိွေနပါၿပီ။ အေပ်ာ္စီးစက္ဘီးသမားက ၃၀၀ ေက်ာ္ေလာက္ပါမယ္ဆိုေတာ့ ၿပိဳင္ပြဲဝင္က ၂၀၀ ေက်ာ္ရိွပါတယ္”ဟု Tachileik Mountain Bike Group ၏ ဦးေဆာင္အဖြဲ႔ဝင္ တစ္ဦးျဖစ္သည့္ ဦးက်င္ေလးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ၿပိဳင္ပြဲအား ဒီဇင္ဘာလ(၁၇)ရက္ေန႔ နံနက္(၈)နာရီတြင္ တာခ်ီလိတ္ၿမဳိ႕ ရွမ္းရုိးမကုန္တိုက္ေရွ႕မွ စတင္တာထြက္၍ ၿပိဳင္ပြဲဝင္မ်ားႏွင့္ အလွျပစီး၍ နင္းသူအားလံုးသည္ ေဟာင္လိတ္ မီးပြိဳင့္အထိ အလွစီးနင္းၾကမည္ျဖစ္ၿပီး အေပ်ာ္စီးအဖြဲ႕မ်ားသည္ ေဟာင္လိတ္မီးပိြဳင့္မွ ေလယာဥ္ကြင္းသြားလမ္းေၾကာင္းအတုိင္း စက္မွဳဇုန္ျဖတ္လမ္း မွ ၀မ္ပံု အ.ထ.က(ခြဲ)အထိစီးနင္းၾကမည္ျဖစ္ေၾကာင္း သိရသည္။
ၿပိဳင္ပြဲဝင္မ်ားအား ေဟာင္လိတ္မီးပိြဳင့္မွ စတင္တာလႊတ္မည္ျဖစ္ကာ တာခ်ီလိတ္ - က်ိဳင္းတံု ကားလမ္းအတုိင္း မယ္ယန္းအထိ စီးနင္း၍ ၊ မယ္ယန္းေက်းရြာ ရွိ ၀မ္ပံုလမ္းခြဲ မွ တစ္ဆင့္ ဆြတ္ဆုိင္ရြာ-ေ၀ွေလလန္ရြာ သြားလမ္းအတုိင္း ဝမ္ပံုေက်းရြာ အ.ထ.က(ခြဲ) တြင္ပန္း၀င္ရမည္ျဖစ္ေၾကာင္း သိရသည္။
ဆုေပးပြဲအခမ္းအနားကိုလည္း ဝမ္ပံုေက်းရြာ အထက္တန္းေက်ာင္းတြင္ က်င္းပမည္ျဖစ္ေၾကာင္း သိရၿပီး ၿပိဳင္ပြဲဝင္သူမ်ားကို ၿပိဳင္ဘီး(၅)စီး မဲေဖါက္ေပးျခင္း၊ အက်ၤ ီႏွင့္ ဆြဲျပားမ်ားကိုလည္း အမွတ္တရလက္ေဆာင္ေပးမည္ျဖစ္ေၾကာငး္ သိရသည္။
အေပ်ာ္တမ္း စက္ဘီးစီး ဝါသနာရွင္မ်ား ၊ စက္ဘီးျပိဳင္ပြဲ၀င္မည့္ စက္ဘီးအားကစားသမားမ်ား ဒီဇင္ဘာလ(၁၇)ရက္ေန႔ နံနက္ (၈)နာရီ မတုိင္မီ ရွမ္းရုိးမကြင္းေရွ႕သုိ႔အေရာက္ စုစည္းၿပီး ၿပိဳင္ပြဲဝင္မ်ားအေနျဖင့္ ့္ ရွမ္ရိုးမကြင္းထဲတြင္ၿပိဳင္ပြဲဝင္နံပါတ္မ်ား ထုတ္ယူႏုိင္ေၾကာင္း သိရသည္။
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ပထမဆံုး က်င္းပမည့္ ေရႊႀတိဂံတုိင္း ဖိတ္ေခၚ စက္ဘီးစီး ၿပိဳင္ပြဲအား ျပည္နယ္အား/ကာ၊ ျမန္မာႏုိင္ငံစက္ဘီးစီးအဖြဲ႕ခ်ဳပ္တို႔ကလည္း ပံ့ပိုးေပးထားၿပီး အခမ္းအနား အျပင္အဆင္ႏွင့္ ဒိုင္အတြက္ ထုိင္းႏိုင္ငံ Singha ဘီယာႏွင့္ ၿပိဳင္ပြဲအတြက္ စီးပြားေရးလုပ္ငန္းရွင္မ်ားကလည္း ပံ့ပိုးေပးထားေၾကာင္း သိရသည္။
အဆိုပါ စက္ဘီးစီးၿပိဳင္ပြဲအား အားကစားႏွင့္ က်န္းမာေရးဝန္ႀကီးဌာနက ႀကီးမွဴး၍ ရွမ္းျပည္နယ္ အားကစားႏွင့္ ကာယပညာဦးစီးဌာန၊ ျမန္မာႏုိင္ငံစက္ဘီးစီးအဖြဲ႕ခ်ဳပ္၊ ရွမ္းျပည္နယ္ စက္ဘီးဆပ္ေကာ္မတီ၊ Tachileik Mountain Bike Group တို႔မွ ပူးေပါင္း က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕မွ ၿပိဳင္ပြဲဝင္လိုသူမ်ားအေနျဖင့္ မကာဟိုခမ္းရပ္ကြက္ စာသင္ေက်ာင္းအနီးရိွ ေရႊဓနဆိုင္ကယ္ျပဳျပင္ေရးဆုိင္တြင္ ၿပိဳင္ပြဲဝင္စာရင္းမ်ားကို လက္ခံေနၿပီး ဆက္သြယ္ရန္ ဖုန္း ၀၉၅၁၁၄၈၉၅ သို႔လည္း ဆက္သြယ္ေမးျမန္းႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
Tachileik Mountain Bike Group သည္ အဖြဲ႔ဝင္ေပါင္း (၇၀) နီးပါးရိွသည့္ တာခ်ီလိတ္ၿမိဳ႕ အေျခစိုက္ စက္ဘီးစီးအဖြဲ႕ျဖစ္ၿပီး ယခုၿပိဳင္ပြဲသည္ ၎တို႔အဖြဲ႔၏ ပထမဆံုး က်င္းပသည့္ပြဲျဖစ္ေၾကာင္း သိရသည္။
သတင္း - #ခ်ယ္ရီထိုက္
ဓါတ္ပံု #Mountain Bike
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
တာချီလိတ်တွင် ကျင်းပမည့် ခရီးကြမ်း ကီလို ၅၀ Mountain Bike စက်ဘီးပြိုင်ပွဲတွင် မြန်မာနှင့် ထိုင်းမှ စက်ဘီးစီးသမား ၅၀၀ ကျော်ပါဝင်မည်
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဒီဇင်ဘာလ (၁၇)ရက်နေ့၌ ကျင်းပမည့် ခရီးကြမ်း (၅၀)ကီလို Mountain Bike စက်ဘီးပြိုင်ပွဲသို့ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံမှ စက်ဘီးစီးသမား (၅၀၀)ကျော် ပါဝင်ဆင်နွှဲမည် ဖြစ်ကြောင်း သိရသည်။
“ထိုင်းနိုင်ငံဘက်က စက်ဘီးစီးသမား ၂၀၀ ကျော်အပါအဝင် လောလောဆယ်အထိ စာရင်းပေးထားတာ ၅၀၀ ကျော်ရှိနေပါပြီ။ အပျော်စီးစက်ဘီးသမားက ၃၀၀ ကျော်လောက်ပါမယ်ဆိုတော့ ပြိုင်ပွဲဝင်က ၂၀၀ ကျော်ရှိပါတယ်”ဟု Tachileik Mountain Bike Group ၏ ဦးဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးကျင်လေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ပြိုင်ပွဲအား ဒီဇင်ဘာလ(၁၇)ရက်နေ့ နံနက်(၈)နာရီတွင် တာချီလိတ်မြို့ ရှမ်းရိုးမကုန်တိုက်ရှေ့မှ စတင်တာထွက်၍ ပြိုင်ပွဲဝင်များနှင့် အလှပြစီး၍ နင်းသူအားလုံးသည် ဟောင်လိတ် မီးပွိုင့်အထိ အလှစီးနင်းကြမည်ဖြစ်ပြီး အပျော်စီးအဖွဲ့များသည် ဟောင်လိတ်မီးပွိုင့်မှ လေယာဉ်ကွင်းသွားလမ်းကြောင်းအတိုင်း စက်မှုဇုန်ဖြတ်လမ်း မှ ၀မ်ပုံ အ.ထ.က(ခွဲ)အထိစီးနင်းကြမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်များအား ဟောင်လိတ်မီးပွိုင့်မှ စတင်တာလွှတ်မည်ဖြစ်ကာ တာချီလိတ် - ကျိုင်းတုံ ကားလမ်းအတိုင်း မယ်ယန်းအထိ စီးနင်း၍ ၊ မယ်ယန်းကျေးရွာ ရှိ ၀မ်ပုံလမ်းခွဲ မှ တစ်ဆင့် ဆွတ်ဆိုင်ရွာ-ဝှေလေလန်ရွာ သွားလမ်းအတိုင်း ဝမ်ပုံကျေးရွာ အ.ထ.က(ခွဲ) တွင်ပန်းဝင်ရမည်ဖြစ်ကြောင်း သိရသည်။
ဆုပေးပွဲအခမ်းအနားကိုလည်း ဝမ်ပုံကျေးရွာ အထက်တန်းကျောင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရပြီး ပြိုင်ပွဲဝင်သူများကို ပြိုင်ဘီး(၅)စီး မဲဖေါက်ပေးခြင်း၊ အကျင်္ ီနှင့် ဆွဲပြားများကိုလည်း အမှတ်တရလက်ဆောင်ပေးမည်ဖြစ်ကြောငး် သိရသည်။
အပျော်တမ်း စက်ဘီးစီး ဝါသနာရှင်များ ၊ စက်ဘီးပြိုင်ပွဲဝင်မည့် စက်ဘီးအားကစားသမားများ ဒီဇင်ဘာလ(၁၇)ရက်နေ့ နံနက် (၈)နာရီ မတိုင်မီ ရှမ်းရိုးမကွင်းရှေ့သို့အရောက် စုစည်းပြီး ပြိုင်ပွဲဝင်များအနေဖြင့် ့် ရှမ်ရိုးမကွင်းထဲတွင်ပြိုင်ပွဲဝင်နံပါတ်များ ထုတ်ယူနိုင်ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပထမဆုံး ကျင်းပမည့် ရွှေတြိဂံတိုင်း ဖိတ်ခေါ် စက်ဘီးစီး ပြိုင်ပွဲအား ပြည်နယ်အား/ကာ၊ မြန်မာနိုင်ငံစက်ဘီးစီးအဖွဲ့ချုပ်တို့ကလည်း ပံ့ပိုးပေးထားပြီး အခမ်းအနား အပြင်အဆင်နှင့် ဒိုင်အတွက် ထိုင်းနိုင်ငံ Singha ဘီယာနှင့် ပြိုင်ပွဲအတွက် စီးပွားရေးလုပ်ငန်းရှင်များကလည်း ပံ့ပိုးပေးထားကြောင်း သိရသည်။
အဆိုပါ စက်ဘီးစီးပြိုင်ပွဲအား အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူး၍ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံစက်ဘီးစီးအဖွဲ့ချုပ်၊ ရှမ်းပြည်နယ် စက်ဘီးဆပ်ကော်မတီ၊ Tachileik Mountain Bike Group တို့မှ ပူးပေါင်း ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့မှ ပြိုင်ပွဲဝင်လိုသူများအနေဖြင့် မကာဟိုခမ်းရပ်ကွက် စာသင်ကျောင်းအနီးရှိ ရွှေဓနဆိုင်ကယ်ပြုပြင်ရေးဆိုင်တွင် ပြိုင်ပွဲဝင်စာရင်းများကို လက်ခံနေပြီး ဆက်သွယ်ရန် ဖုန်း ၀၉၅၁၁၄၈၉၅ သို့လည်း ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
Tachileik Mountain Bike Group သည် အဖွဲ့ဝင်ပေါင်း (၇၀) နီးပါးရှိသည့် တာချီလိတ်မြို့ အခြေစိုက် စက်ဘီးစီးအဖွဲ့ဖြစ်ပြီး ယခုပြိုင်ပွဲသည် ၎င်းတို့အဖွဲ့၏ ပထမဆုံး ကျင်းပသည့်ပွဲဖြစ်ကြောင်း သိရသည်။
သတင်း - #ချယ်ရီထိုက်
ဓါတ်ပုံ #Mountain Bike