သတင်း #စိုင်းဇေယျာ
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွက် ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ရေး ကြီးကြပ်ရေးအဖွဲ့ဝင် (၅)ဦးအား ဒီဇင်ဘာလ (၁၃)ရက်နေ့ ညနေ (၄)နာရီတွင် သီရိမင်္ဂလာ ဆန်ဆိုင်းဘုန်းတော်ကြီးကျောင်းတွင် လူထုမဲဆန္ဒဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကြီးကြပ်ရေးမှူးများကို မဲပေးရွေးချယ်ရန်အတွက် ဆန်ဆိုင်း(ခ)ရပ်ကွက်မှ အိမ်ထောင်စုတစ်စုလျှင် အိမ်ထောင်ဦးစီး (သို့မဟုတ်) အသက် (၁၈)နှစ်ပြည့်ပြီးသူ အိမ်ထောင်စု ကိုယ်စားလှယ်တစ်ဦးစီ မပျက်မကွက် တက်ရောက်ကြရန် ဖိတ်ကြားထားကြောင်း သိရသည်။
ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ရေးစနစ်သစ်အရ ရပ်ကွက်၊ကျေးရွာလူထုက ရွေးချယ်ပေးသည့် ကြီးကြပ်ရေးမှူးများက ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းအား ကြီးကြပ်ဆောင်ရွက်ကြရမည်ဖြစ်သည်။
သတင်း #စိုင်းဇေယျာ
