သီေပါၿမိဳ႕နယ္ ခိုလံုေက်းရြာရိွ ေနအိမ္တစ္လံုးအနီး အသံမုိင္းေပါက္ကြဲမႈအား စံုစမ္းစစ္ေဆးေနဆဲ

သီေပါၿမိဳ႕နယ္ ခိုလံုေက်းရြာရိွ ေနအိမ္တစ္လံုးအနီး အသံမုိင္းေပါက္ကြဲမႈအား စံုစမ္းစစ္ေဆးေနဆဲ
ဒီဇင်ဘာ 11, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ျပည္ေထာင္စုလမ္းမႀကီး သီေပါ - လားရိႈးလမ္းပိုင္းရွိ သီေပါၿမိဳ႕နယ္ ခိုလံုေက်းရြာ ခိုလံုတံတားအနီးတြင္ ဒီဇင္ဘာလ (၁၀)ရက္ေန႔ နံနက္(၁၀)နာရီခန္႔က ေနအိမ္တစ္လံုး၏အနီးတြင္ အသံမိုင္း ေပါက္ကြဲမႈအား စံုစမ္းစစ္ေဆးမႈလုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္း သိရသည္။

“ႏွစ္ထပ္အိမ္တစ္လံုးရဲ့ေနာက္ဘက္မွာ ငွက္ေပ်ာတံုးတစ္ခုထဲ အသံမိုင္းလို႔ယူဆရတာတစ္ခု ထည့္သြင္း ေဖါက္ခြဲသြားတာျဖစ္ပါတယ္။ လူနဲ႔အျခားအရာေတြ ထိခိုက္ပ်က္စီးမႈမရွိခဲ့ပါဘူး” ဟု သီေပါၿမိဳ႕မ ရဲတပ္ဖြဲ႔မွ ရဲအုပ္ ရဲျမင့္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေပါက္ကြဲမႈျဖစ္ပြားရာေနရာအနီးတြင္ နယ္ေျမခံစစ္တပ္ႏွင့္ ရဲတပ္ဖြဲ႔တို႔မွ စစ္ေဆးရွာေဖြမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

သီေပါၿမိဳ႕နယ္အတြင္း နမ့္အြန္ေက်းရြာရွိ နမ့္အြန္ဘိနယ္သစ္ေတာရံုးမ်က္နာစာတြင္လည္း ႏိုဝင္ဘာလ (၂၉)ရက္ေန႔ ညပိုင္းက အေသးစားေပါက္ကြဲမႈေၾကာင့္ ရံုးအေဆာက္အဦး အနည္းငယ္ထိခိုက္ ပ်က္စီးခဲ့ၿပီး ေဖါက္ခြဲမႈလုပ္ေဆာင္သူကို စံုစမ္းဆဲျဖစ္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
သီပေါမြို့နယ် ခိုလုံကျေးရွာရှိ နေအိမ်တစ်လုံးအနီး အသံမိုင်းပေါက်ကွဲမှုအား စုံစမ်းစစ်ဆေးနေဆဲ
**********
ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စုလမ်းမကြီး သီပေါ - လားရှိုးလမ်းပိုင်းရှိ သီပေါမြို့နယ် ခိုလုံကျေးရွာ ခိုလုံတံတားအနီးတွင် ဒီဇင်ဘာလ (၁၀)ရက်နေ့ နံနက်(၁၀)နာရီခန့်က နေအိမ်တစ်လုံး၏အနီးတွင် အသံမိုင်း ပေါက်ကွဲမှုအား စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

“နှစ်ထပ်အိမ်တစ်လုံးရဲ့နောက်ဘက်မှာ ငှက်ပျောတုံးတစ်ခုထဲ အသံမိုင်းလို့ယူဆရတာတစ်ခု ထည့်သွင်း ဖေါက်ခွဲသွားတာဖြစ်ပါတယ်။ လူနဲ့အခြားအရာတွေ ထိခိုက်ပျက်စီးမှုမရှိခဲ့ပါဘူး” ဟု သီပေါမြို့မ ရဲတပ်ဖွဲ့မှ ရဲအုပ် ရဲမြင့်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားရာနေရာအနီးတွင် နယ်မြေခံစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့မှ စစ်ဆေးရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်အတွင်း နမ့်အွန်ကျေးရွာရှိ နမ့်အွန်ဘိနယ်သစ်တောရုံးမျက်နာစာတွင်လည်း နိုဝင်ဘာလ (၂၉)ရက်နေ့ ညပိုင်းက အသေးစားပေါက်ကွဲမှုကြောင့် ရုံးအဆောက်အဦး အနည်းငယ်ထိခိုက် ပျက်စီးခဲ့ပြီး ဖေါက်ခွဲမှုလုပ်ဆောင်သူကို စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~