မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ ေသာ ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္းအုပ္စု၊ မိုင္းဆတ္-တာခ်ီလိတ္သြား ေဟြရဲၿမိဳ႕ေရွာင္လမ္းမွ တာခ်ီလိတ္ၿမိဳ႕တြင္း ဝမ္မိုင္ (ေက်ာက္ေတာင္)ရြာသို႔ သြားသည့္ေတာလမ္းအနီးတြင္၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ (၁၅)ရက္ေန႔ ညေန (၄)နာရီခြဲခန္႔တြင္ ပိတ္ဆို႔ရွာေဖြစစ္ေဆးေနစဥ္ မိုင္းဆတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ ဆုိင္ကယ္ေမာင္းႏွင္လာသည့္ လူငယ္ႏွစ္ဦးအား စစ္ေဆးရန္တားျမစ္စဥ္ ထြက္ေျပးရန္ႀကံစည္သျဖင့္ လံုးေထြးဖမ္းဆီးခဲ့ရေၾကာင္း သိရသည္။
ဆိုင္ကယ္ေမာင္းႏွင္လာသည့္ ေလာ္နႏွင့္ ဆိုင္ကယ္တြင္လိုက္ပါလာသူ ေလာ္ဆယ္တို႔အား ရွာေဖြရာ ေလာ္ဆယ္၏ အက်ီ ၤအိတ္အတြင္းမွ စိတ္ၾကြရူးသြပ္ေဆးျပား (၆၀၀၀)အား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။
စိတ္ၾကြရူးသြပ္ေဆးျပားမ်ားနွင့္အတူ ေတြ႔ရသည့္ ေလာနႏွင့္ ေလာ္ဆယ္တို႔အား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ)၇၈/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က) /၂၁ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။
သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု #ရဲတပ္ဖြဲ႕
****************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ ဒီဇင်ဘာလ (၁၅)ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြား (၆၀၀၀) သယ်ဆောင်လာသူနှစ်ဦးအား ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနိုင်လိုက်ကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းအုပ်စု၊ မိုင်းဆတ်-တာချီလိတ်သွား ဟွေရဲမြို့ရှောင်လမ်းမှ တာချီလိတ်မြို့တွင်း ဝမ်မိုင် (ကျောက်တောင်)ရွာသို့ သွားသည့်တောလမ်းအနီးတွင်၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်နေ့ ညနေ (၄)နာရီခွဲခန့်တွင် ပိတ်ဆို့ရှာဖွေစစ်ဆေးနေစဉ် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် လူငယ်နှစ်ဦးအား စစ်ဆေးရန်တားမြစ်စဉ် ထွက်ပြေးရန်ကြံစည်သဖြင့် လုံးထွေးဖမ်းဆီးခဲ့ရကြောင်း သိရသည်။
ဆိုင်ကယ်မောင်းနှင်လာသည့် လော်နနှင့် ဆိုင်ကယ်တွင်လိုက်ပါလာသူ လော်ဆယ်တို့အား ရှာဖွေရာ လော်ဆယ်၏ အကျီ င်္အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၆၀၀၀)အား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရသည့် လောနနှင့် လော်ဆယ်တို့အား တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ)၇၈/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) /၂၁ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။
သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ #ရဲတပ်ဖွဲ့
