တာခ်ီလိတ္မွ မူးယစ္ေရာင္းသည့္သတင္းရေနအိမ္အားရွာေဖြရာ စိတ္ၾကြေဆးျပား ၁၂၄ ျပားႏွင့္ ဘိန္းစိမ္း ၅ ဂရမ္ဖမ္းမိ

တာခ်ီလိတ္မွ မူးယစ္ေရာင္းသည့္သတင္းရေနအိမ္အားရွာေဖြရာ စိတ္ၾကြေဆးျပား ၁၂၄ ျပားႏွင့္ ဘိန္းစိမ္း ၅ ဂရမ္ဖမ္းမိ
ဒီဇင်ဘာ 14, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ ဝမ္လံုးေက်းရြာအုပ္စု၊ လြယ္စီတံု(ေအာက္ရြာ) မွ မူးယစ္ေဆးဝါးေရာင္းခ်ေၾကာင္း သတင္းရသည့္ ေနအိမ္တစ္လံုးအား ဒီဇင္ဘာလ (၁၄)ရက္ေန႔က ရွာေဖြရာ စိတ္ၾကြရူးသြပ္ေဆးျပား (၁၂၄ )ျပားႏွင့္ ဘိန္းစိမ္း (၅) ဂရမ္ဖမ္းဆီးရမိေၾကာင္း သိရသည္။
မူးယစ္တပ္ဖြဲ႕စု(၃၀) တာခ်ီလိတ္မွ တပ္ဖြဲ႕၀င္မ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္  ဒီဇင္ဘာလ (၁၄)ရက္ေန႔ ေန႔လယ္က လြယ္စီတံု(ေအာက္ရြာ)ရွိ ယာဖါ၏ ေနအိမ္အား မူးယစ္သတင္းအရ ဝင္ေရာက္ရွာေဖြရာ ေနအိမ္ပိုင္ရွင္ ယာဖါႏွင့္အတူ မူးယစ္ေဆးသံုးစြဲရန္ေရာက္ေနသည့္ ေဌးေအာင္ဆိုသူကိုပါ ေတြ႔ရၿပီး ေနအိမ္အတြင္းမွ စိတ္ၾကြရူးသြပ္ေဆးျပား (၁၂၄)ျပားႏွင့္ ဘိန္းစိမ္း (၅)ဂရမ္အား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။
မူးယစ္ေဆးဝါးႏွင့္ မူးယစ္ေဆးအသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ေတြ႔ရသည့္ ယာဖါႏွင့္ ေဌးေအာင္တုိ႔အား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ မူးယစ္(ပ) ၇၇ /၂၀၁၇ ၊ မူး/စိတ္ ဥပေဒ ပုဒ္မ ၁၅ / ၁၉(က) ၂၁ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။
သတင္း #စိုင္းေဇယ်ာ

~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မှ မူးယစ်ရောင်းသည့်သတင်းရနေအိမ်အားရှာဖွေရာ စိတ်ကြွဆေးပြား ၁၂၄ ပြားနှင့် ဘိန်းစိမ်း ၅ ဂရမ်ဖမ်းမိ
*************

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စီတုံ(အောက်ရွာ) မှ မူးယစ်ဆေးဝါးရောင်းချကြောင်း သတင်းရသည့် နေအိမ်တစ်လုံးအား ဒီဇင်ဘာလ (၁၄)ရက်နေ့က ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား (၁၂၄ )ပြားနှင့် ဘိန်းစိမ်း (၅) ဂရမ်ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည်  ဒီဇင်ဘာလ (၁၄)ရက်နေ့ နေ့လယ်က လွယ်စီတုံ(အောက်ရွာ)ရှိ ယာဖါ၏ နေအိမ်အား မူးယစ်သတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်ပိုင်ရှင် ယာဖါနှင့်အတူ မူးယစ်ဆေးသုံးစွဲရန်ရောက်နေသည့် ဌေးအောင်ဆိုသူကိုပါ တွေ့ရပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၁၂၄)ပြားနှင့် ဘိန်းစိမ်း (၅)ဂရမ်အား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးအသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရသည့် ယာဖါနှင့် ဌေးအောင်တို့အား တာချီလိတ်မြို့မ ရဲစခန်းတွင် မူးယစ်(ပ) ရ၇ /၂၀၁၇ ၊ မူး/စိတ် ဥပဒေ ပုဒ်မ ၁၅ / ၁၉(က) ၂၁ ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~