
ဒီဇငျဘာ 16, 2017
By 🌸
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ မန်းရွှေစက်တော်ဘုရားမှ ပွဲတော်အကြိုကာလမိုးခိုဈေးတန်းမှ ဆိုင်ခန်းဖျက်သိမ်းခံရသူတစ်ဦးက ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် ရွှေစက်တော်ဂေါပကရုံးရှေ့၌ တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်ကြောင်း သိရသည်။

ရွှေစက်တော်ဘုရား ပွဲတော်အကြိုကာလ မိုးခိုဈေးတန်း၌ အောက်တိုဘာလကတည်းက ခွင့်ပြုချက်ဖြင့် ဆိုင်ခန်း ဆောက်၍ ဈေးရောင်းချနေသည့်ဆိုင်ခန်းအား နေရာချထားရေးကော်မတီက လွန်ခဲ့သည့် (၅)ရက်က ဖျက်သိမ်းခိုင်းသဖြင့် ယင်းကဲ့သို့ဆန္ဒထုတ်ဖေါ်ခြင်းဖြစ်ကြောင်း သိရသည်။

“ဘုရားလူကြီးများ ချထားပေးတဲ့ မိုးခိုဈေးတန်းမှာ ဆိုင်ခန်းဆောက် ဈေးရောင်းခဲ့တာ နှစ်လလောက်ရှိပါပြီ။ ငွေချေးပြီး ဆိုင်ခန်းကို အကုန်အကျခံ ဆောက်ပြီး ဈေးရောင်းနေကာမှ ကော်မတီဆုံးဖြတ်ချက်နဲ့ဆိုပြီး အဖယ်ခိုင်းတာဟာ လုံးဝ မတရားပါဘူး။ ဂေါပကအဖွဲ့ဟာ သူတို့ချမှတ်ထား တဲ့စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်ပြီး သူတို့ခွင့်ပြုချင်တဲ့ဈေးသည်ကို ဈေးရောင်းခွင့်ပြုပြီး ခွင့်မပြုချင်တဲ့ ဈေးသည်ကိုကျတော့ ဖယ်ရှားခိုင်းနေတာတွေရှိပါတယ်။ ဒါ့ကြောင့် တရားမျှတခြင်းမရှိတဲ့ ဂေါပကအဖွဲ့ကို အရေးယူပေးဖို့အတွက် အခုလို ဆန္ဒဖော်ထုတ်ရတာပါ”ဟု ဈေးဆိုင်ခန်းဖယ်ရှားခံရသူ ဦးတင်ကြွယ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။


သတင်း၊ဓါတ်ပုံ #ဖီးနစ်

~~~~~~~~⊰❂ unicode ~~~~~~~~
မင်းဘူးမြို့ ရွှေစက်တော်ဘုရားမှ ဆိုင်ခန်းဖျက်သိမ်းခံရသူတစ်ဦး ဂေါပကအဖွဲ့အား ဆန္ဒထုတ်ဖေါ်
***************
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ မန်းရွှေစက်တော်ဘုရားမှ ပွဲတော်အကြိုကာလမိုးခိုစျေးတန်းမှ ဆိုင်ခန်းဖျက်သိမ်းခံရသူတစ်ဦးက ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် ရွှေစက်တော်ဂေါပကရုံးရှေ့၌ တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်ကြောင်း သိရသည်။
ရွှေစက်တော်ဘုရား ပွဲတော်အကြိုကာလ မိုးခိုစျေးတန်း၌ အောက်တိုဘာလကတည်းက ခွင့်ပြုချက်ဖြင့် ဆိုင်ခန်း ဆောက်၍ စျေးရောင်းချနေသည့်ဆိုင်ခန်းအား နေရာချထားရေးကော်မတီက လွန်ခဲ့သည့် (၅)ရက်က ဖျက်သိမ်းခိုင်းသဖြင့် ယင်းကဲ့သို့ဆန္ဒထုတ်ဖေါ်ခြင်းဖြစ်ကြောင်း သိရသည်။
“ဘုရားလူကြီးများ ချထားပေးတဲ့ မိုးခိုစျေးတန်းမှာ ဆိုင်ခန်းဆောက် စျေးရောင်းခဲ့တာ နှစ်လလောက်ရှိပါပြီ။ ငွေချေးပြီး ဆိုင်ခန်းကို အကုန်အကျခံ ဆောက်ပြီး စျေးရောင်းနေကာမှ ကော်မတီဆုံးဖြတ်ချက်နဲ့ဆိုပြီး အဖယ်ခိုင်းတာဟာ လုံးဝ မတရားပါဘူး။ ဂေါပကအဖွဲ့ဟာ သူတို့ချမှတ်ထား တဲ့စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်ပြီး သူတို့ခွင့်ပြုချင်တဲ့စျေးသည်ကို စျေးရောင်းခွင့်ပြုပြီး ခွင့်မပြုချင်တဲ့ စျေးသည်ကိုကျတော့ ဖယ်ရှားခိုင်းနေတာတွေရှိပါတယ်။ ဒါ့ကြောင့် တရားမျှတခြင်းမရှိတဲ့ ဂေါပကအဖွဲ့ကို အရေးယူပေးဖို့အတွက် အခုလို ဆန္ဒဖော်ထုတ်ရတာပါ”ဟု စျေးဆိုင်ခန်းဖယ်ရှားခံရသူ ဦးတင်ကြွယ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ဆန္ဒဖော်ထုတ်သည့်ကိစ္စနှင့်ပတ်သက်၍ ဆိုင်ခန်းနေရာချထားရေး အဖွဲ့ခေါင်းဆောင် ဦးဝင်းသန်းက ဆန္ဒဖော်ထုတ်သည့်ကိစ္စနှင့်ပတ်သက်၍ ကော်မတီအစည်းအဝေးခေါ်ယူကာ အစည်းအဝေး ဆုံးဖြတ်ချက် ရယူသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဆန္ဒဖော်ထုတ်မှုအား သက်ဆိုင်ရာ၏ ခွင့်ပြုချက်ရယူ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ ရွှေစက်တော်ဘုရားပွဲတော်အား ဇန်နဝါရီလ (၂၁)ရက်မှ ဧပြီလ(၂၀)ရက်နေ့အထိ ရက်ပေါင်း(၉၀)ကျင်းပမည် ဖြစ်ပြီး ပွဲတော်မတိုင်မီ ဆိုင်ခန်းများ ခင်းကျင်းရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #ဖီးနစ်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~