ေနာင္တရားၿမိဳ႕တြင္ တန္ဖိုးျမႇင့္စားေသာက္ကုန္ထုတ္လုပ္မႈ အခမဲ့သင္တန္းကို ဒီဇင္ဘာလ ၂၈ ရက္ေန႔၌ ဖြင့္လွစ္မည္

ေနာင္တရားၿမိဳ႕တြင္ တန္ဖိုးျမႇင့္စားေသာက္ကုန္ထုတ္လုပ္မႈ အခမဲ့သင္တန္းကို ဒီဇင္ဘာလ ၂၈ ရက္ေန႔၌ ဖြင့္လွစ္မည္
ဒီဇင်ဘာ 11, 2017
By 🌸
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေနာင္တရားၿမိဳ႕တြင္ တန္ဖိုးျမႇင့္စားေသာက္ကုန္ထုတ္လုပ္မႈသင္တန္းကို ဒီဇင္ဘာလ(၂၈)ရက္ေန႔တြင္ အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာနက အခမဲ့ပို႔ခ်ေပးမည္ျဖစ္ရာ တက္ေရာက္လိုသူမ်ားအေနျဖင့္ ေနာင္တရားၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးရံုးတြင္ ဆက္သြယ္ စာရင္းေပးသြင္းႏုိင္ေၾကာင္း သိရသည္။

“ေနာင္တရားမွာ ဖြင့္လွစ္မယ့္သင္တန္းက ကၽြန္ေတာ္တုိ႔ ျပည္နယ္တြင္းမွာ ဖြင့္လွစ္တဲ့ (၇)ႀကိမ္ေျမာက္ သင္တန္းပါ။ ဒီႏွစ္အတြင္း ေနာက္ဆံုးဖြင့္လွစ္တဲ့ သင္တန္းျဖစ္ပါတယ္။ ကိုယ့္ေဒသမွာ သင္တန္းဖြင့္လွစ္ ခ်င္တယ္ဆိုရင္ အနည္းဆံုး သင္တန္းသား (၂၀)ေလာက္ရိွလို႔ ကၽြန္ေတာ္တုိ႔ကို လွမ္းေျပာရင္ေတာ့ လာေရာက္ဖြင့္လွစ္ေပးပါတယ္”ဟု ရွမ္းျပည္နယ္ အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာန ျပည္နယ္ဦးစီးမွဴး ဦးသက္နိုင္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရိွတြင္ အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာန၏ (၆)ႀကိမ္ေျမာက္ တန္ဖိုးျမင့္စားေသာက္ကုန္ ထုတ္လုပ္မႈသင္တန္းကို ဒီဇင္ဘာလ (၁၀)ရက္ေန႔မွ ဒီဇင္ဘာလ (၂၀)ရက္ေန႔အထိ တာခ်ီလိတ္ၿမိဳ႕တြင္ ပို႔ခ်ေနျခင္းျဖစ္သည္။

အဆိိုပါ ဆန္၊ ပဲစင္းငံု၊ ေျပာင္း၊ ဂ်ဳံႏွင့္ အသီးအႏွံမ်ားကို အေျခခံသည့္ စားေသာက္ကုန္ ထုတ္လုပ္မႈ နည္းပညာသင္တန္းတြင္ ဆန္ျဖင့္ျပဳလုပ္ေသာ ကိတ္မ်ား၊ ပဲစင္းငံုျဖင့္ ျပဳလုပ္ေသာ အာဟာရမႈန္႕၊ ကြတ္ကီး၊ ပဲကိတ္လိပ္၊ ပဲေရႊၾကည္၊ ဆႏြင္းမကင္း၊ ပူတင္း၊ ပဲေခ်ာင္းေၾကာ္၊ အေၾကာ္မႈန္႕၊ ေတာင္ႀကီး ပဲေရပြေၾကာ္၊ သစ္သီးယို၊ သစ္သီးေဖ်ာ္ရည္၊ ဂ်ယ္လီျပဳလုပ္နည္းမ်ားကို သင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #ခ်ယ္ရီထုိက္
ဓါတ္ပံု #SSID

~~~~~~~~⊰❂ unicode ~~~~~~~~
နောင်တရားမြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု အခမဲ့သင်တန်းကို ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ဖွင့်လှစ်မည်
**********
ရှမ်းပြည်နယ်(တောင်ပိုင်း) နောင်တရားမြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုသင်တန်းကို ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အခမဲ့ပို့ချပေးမည်ဖြစ်ရာ တက်ရောက်လိုသူများအနေဖြင့် နောင်တရားမြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

“နောင်တရားမှာ ဖွင့်လှစ်မယ့်သင်တန်းက ကျွန်တော်တို့ ပြည်နယ်တွင်းမှာ ဖွင့်လှစ်တဲ့ (၇)ကြိမ်မြောက် သင်တန်းပါ။ ဒီနှစ်အတွင်း နောက်ဆုံးဖွင့်လှစ်တဲ့ သင်တန်းဖြစ်ပါတယ်။ ကိုယ့်ဒေသမှာ သင်တန်းဖွင့်လှစ် ချင်တယ်ဆိုရင် အနည်းဆုံး သင်တန်းသား (၂၀)လောက်ရှိလို့ ကျွန်တော်တို့ကို လှမ်းပြောရင်တော့ လာရောက်ဖွင့်လှစ်ပေးပါတယ်”ဟု ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသက်နိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ (၆)ကြိမ်မြောက် တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုသင်တန်းကို ဒီဇင်ဘာလ (၁၀)ရက်နေ့မှ ဒီဇင်ဘာလ (၂၀)ရက်နေ့အထိ တာချီလိတ်မြို့တွင် ပို့ချနေခြင်းဖြစ်သည်။

အဆိိုပါ ဆန်၊ ပဲစင်းငုံ၊ ပြောင်း၊ ဂျုံနှင့် အသီးအနှံများကို အခြေခံသည့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် ဆန်ဖြင့်ပြုလုပ်သော ကိတ်များ၊ ပဲစင်းငုံဖြင့် ပြုလုပ်သော အာဟာရမှုန့်၊ ကွတ်ကီး၊ ပဲကိတ်လိပ်၊ ပဲရွှေကြည်၊ ဆနွင်းမကင်း၊ ပူတင်း၊ ပဲချောင်းကြော်၊ အကြော်မှုန့်၊ တောင်ကြီး ပဲရေပွကြော်၊ သစ်သီးယို၊ သစ်သီးဖျော်ရည်၊ ဂျယ်လီပြုလုပ်နည်းများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း #ချယ်ရီထိုက်
ဓါတ်ပုံ #SSID

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~