ဒီးေမာ့ဆိုၿမိဳ႕တြင္ နဝမတန္းေက်ာင္းသူအား အဓမၼျပဳက်င့္သူကို အမႈဖြင့္ထား

ဒီးေမာ့ဆိုၿမိဳ႕တြင္ နဝမတန္းေက်ာင္းသူအား အဓမၼျပဳက်င့္သူကို အမႈဖြင့္ထား
ဒီဇင်ဘာ 13, 2017
By 🌸
ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕မွ နဝမတန္းေက်ာင္းသူတစ္ဦးအား ဒီဇင္ဘာလ (၁၀)ရက္ေန႔က အဓမၼျပဳက်င့္သည့္ လူငယ္တစ္ဦးအား ဒီဇင္ဘာလ (၁၂)ရက္ေန႔တြင္ ဒီေမာ့ဆိုၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္တုိင္ၾကားသျဖင့္ ဖမ္းဆီးစစ္ေဆးေနေၾကာင္း သိရသည္။

ဒီးေမာ့ဆိုၿမိဳ႕မွ နဝမတန္းေက်ာင္းသူသည္ ညီမႏွစ္ေယာက္၊ သူငယ္ခ်င္းျဖစ္သူတို႔ႏွင့္အတူ ဒီဇင္ဘာလ (၁၀)ရက္ေန႔က ေငြေတာင္ဆည္ေဘာင္တြင္ လမ္းေလွ်ာက္ေနစဥ္ သူငယ္ခ်င္းျဖစ္သူ၏ ရည္းစားႏွင့္ ၎၏သူငယ္ခ်င္းျဖစ္သူတို႔ ဆိုင္ကယ္ျဖင့္ ေရာက္လာၿပီး အေအးေသာက္ရန္ေခၚသျဖင့္ သူငယ္ခ်င္းျဖစ္သူႏွင့္ အတူ အေဖၚလိုက္သြားေပးျခင္းျဖစ္ေၾကာင္း သိရသည္။

၎တို႔ေလးဦး ဆိုင္တြင္စားေသာက္ေနစဥ္ ည(၈)နာရီခန္႔၌ အိမ္ျပန္ရန္ ၎၏ သူငယ္ခ်င္း၏ရည္းစားျဖစ္သူႏွင့္ အတူလုိက္လာသည့္ သူငယ္ခ်င္းက ဆိုင္ကယ္ျဖင့္ ျပန္လိုက္ပို႔ၿပီး လမ္းတြင္ အဓမၼျပဳက်င့္သျဖင့္ ထြက္ေျပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္အား ဒီဇင္ဘာလ (၁၂) ရက္ေန႔တြင္ ဒီးေမာ့ဆိုၿမိဳ႕မရဲစခန္း၌ အမႈဖြင့္တုိင္ၾကားသျဖင့္ ေရႊတိုး ဆိုသူအား (ပ)၆၀/၂၀၁၇ ၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္ကာ ဖမ္းဆီးစစ္ေဆး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ဒီးမော့ဆိုမြို့တွင် နဝမတန်းကျောင်းသူအား အဓမ္မပြုကျင့်သူကို အမှုဖွင့်ထား
**************
ကယားပြည်နယ် ဒီးမော့ဆိုမြို့မှ နဝမတန်းကျောင်းသူတစ်ဦးအား ဒီဇင်ဘာလ (၁၀)ရက်နေ့က အဓမ္မပြုကျင့်သည့် လူငယ်တစ်ဦးအား ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် ဒီမော့ဆိုမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားသဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

ဒီးမော့ဆိုမြို့မှ နဝမတန်းကျောင်းသူသည် ညီမနှစ်ယောက်၊ သူငယ်ချင်းဖြစ်သူတို့နှင့်အတူ ဒီဇင်ဘာလ (၁၀)ရက်နေ့က ငွေတောင်ဆည်ဘောင်တွင် လမ်းလျှောက်နေစဉ် သူငယ်ချင်းဖြစ်သူ၏ ရည်းစားနှင့် ၎င်း၏သူငယ်ချင်းဖြစ်သူတို့ ဆိုင်ကယ်ဖြင့် ရောက်လာပြီး အအေးသောက်ရန်ခေါ်သဖြင့် သူငယ်ချင်းဖြစ်သူနှင့် အတူ အဖေါ်လိုက်သွားပေးခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့လေးဦး ဆိုင်တွင်စားသောက်နေစဉ် ည(၈)နာရီခန့်၌ အိမ်ပြန်ရန် ၎င်း၏ သူငယ်ချင်း၏ရည်းစားဖြစ်သူနှင့် အတူလိုက်လာသည့် သူငယ်ချင်းက ဆိုင်ကယ်ဖြင့် ပြန်လိုက်ပို့ပြီး လမ်းတွင် အဓမ္မပြုကျင့်သဖြင့် ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အား ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် ဒီးမော့ဆိုမြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားသဖြင့် ရွှေတိုး ဆိုသူအား (ပ)၆၀/၂၀၁၇ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~