" သူတို႔မျပန္လာခင္ကတည္းက သူတို႔ရဲ႕ ေဆြမ်ိဳး၊ မိဘ၊ ေမာင္ႏွမေတြကို ဆက္သြယ္ၿပီး ဘယ္ေန႔ ဘယ္ အခ်ိန္မွ BP13 ကေန တဆင့္လာမယ္ဆိုတာ သူတို႔ႀကိဳအေၾကာင္းၾကားလို႔ လာႀကိဳတာအဆင္သင့္ ျဖစ္ေနလို႔ ေနရပ္ျပန္ဖို႔ကိစၥက သီးျခားစီစဥ္မလိုဘဲ အစိုးရတို႔၊ ဌာနဆိုင္ရာတို႔က လမ္းမွာ အခက္အခဲမျဖစ္ေအာင္ ဝိုင္းဝန္းစီစဥ္ ေပးတာပဲရွိတယ္။ ၿပီးေတာ့ သူတို႔ ေတြက လြိဳင္ေကာ္၊ ဆီဆိုင္ေတြမွာပဲဆို ေတာ့ အခက္အခဲသိပ္မရွိဘူးေလ။ ကၽြန္ေတာ္တို႔က BP 13 ထိသြား ႀကိဳျဖစ္ တယ္။ မယ္စဲ့ၿမိဳ႕နယ္ခန္းမမွာ ေနရာ ခ်ၿပီး ေန႔လယ္စာေကၽြးတာတို႔ ၿပီးေတာ့ လိုအပ္တဲ့အခ်က္အလက္ေတြေကာက္ၿပီး ျပန္လႊတ္လိုက္တယ္ေပါ့ " ဟု မယ္စဲ့ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးဦးမ်ိဳးသန္႔က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
၎တို႔သည္ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕႐ွိ ေခါင္သိမ္းေစ်းတြင္ အလုပ္လုပ္ကိုင္ေနသူမ်ားျဖစ္ၿပီး ႏိုင္ငံကူးလက္မွတ္ သက္တမ္းကုန္ဆံုးျခင္း၊ ထိုင္းအလုပ္သမားဥပေဒသစ္အရ ထိုင္းႏိုင္ငံမွျပန္ပို႔ခံရျခင္းႏွင့္ ၎ တို႔ကလည္း ေနရပ္ေဒသသို႔ျပန္လည္ဝင္ေရာက္လိုသည့္ဆႏၵမ်ားေၾကာင့္ ကယားျပည္နယ္ နယ္စပ္ဂိတ္မွ ျပန္လည္ဝင္ေရာက္လာျခင္းျဖစ္ေၾကာင္း သိရသည္။
ျပန္လည္ဝင္ေရာက္လာသူမ်ားတြင္ အမ်ိဳးသား(၄၂) ဦး၊ အမ်ိဳးသမီး(၂၆) ဦး၊ ကေလး(၇) ဦး၊ စုစုေပါင္း(၇၅)ဦး ပါဝင္ၿပီး ၎တို႔၏ေနရပ္မ်ားျဖစ္သည့္ ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕၊ ႐ွမ္းျပည္နယ္ ဖယ္ခံုၿမိဳ႕၊ ဆီဆိုင္ၿမိဳ႕၊ လား႐ႈိးၿမိဳ႕မ်ားသို႔ ျပန္ႏိုင္ေရးအတြက္ သက္ဆုိင္ရာမွ ကူညီေဆာင္ရြက္ေပးခဲ့ေၾကာင္း မယ္စဲ့ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးဦးမ်ိဳးသန္႔ထံမွ သိရသည္။
ထိုင္း ႏွင့္ ကယားျပည္နယ္ နယ္စပ္ကုန္သြယ္ေရးဂိတ္ စတင္ဖြင့္လွစ္ခဲ့သည့္ခ်ိန္မွစ၍ အဆိုပါ နယ္စပ္ ဂိတ္မွ ျမန္မာေရႊ႕ေျပာင္း အလုပ္သမားမ်ား ျပည္တြင္းသို႔ ျပန္လည္ဝင္ေရာက္လာျခင္းမွာ ပထမဆုံးအႀကိ္မ္ ျဖစ္ေၾကာင္းသိရသည္။
သတင္း #ဆန္းၿဖိဳးထြန္း
ဓာတ္ပံု #iprd maese
*************
ကယားပြည်နယ် မယ်စဲ့မြို့နယ် ဘီပီ ၁၃ နယ်စပ်ဂိတ်တွင် ဒီဇင်ဘာလ (၁၃) ရက်နေ့ နေ့လယ်ပိုင်းက ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် မိသားစုဝင်များစုစုပေါင်း (၇၅)ဦး ပထမဆုံး ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။
" သူတို့မပြန်လာခင်ကတည်းက သူတို့ရဲ့ ဆွေမျိုး၊ မိဘ၊ မောင်နှမတွေကို ဆက်သွယ်ပြီး ဘယ်နေ့ ဘယ် အချိန်မှ BP13 ကနေ တဆင့်လာမယ်ဆိုတာ သူတို့ကြိုအကြောင်းကြားလို့ လာကြိုတာအဆင်သင့် ဖြစ်နေလို့ နေရပ်ပြန်ဖို့ကိစ္စက သီးခြားစီစဉ်မလိုဘဲ အစိုးရတို့၊ ဌာနဆိုင်ရာတို့က လမ်းမှာ အခက်အခဲမဖြစ်အောင် ဝိုင်းဝန်းစီစဉ် ပေးတာပဲရှိတယ်။ ပြီးတော့ သူတို့ တွေက လွိုင်ကော်၊ ဆီဆိုင်တွေမှာပဲဆို တော့ အခက်အခဲသိပ်မရှိဘူးလေ။ ကျွန်တော်တို့က BP 13 ထိသွား ကြိုဖြစ် တယ်။ မယ်စဲ့မြို့နယ်ခန်းမမှာ နေရာ ချပြီး နေ့လယ်စာကျွေးတာတို့ ပြီးတော့ လိုအပ်တဲ့အချက်အလက်တွေကောက်ပြီး ပြန်လွှတ်လိုက်တယ်ပေါ့ " ဟု မယ်စဲ့မြို့နယ် အုပ်ချုပ်ရေးမှူးဦးမျိုးသန့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
၎င်းတို့သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ခေါင်သိမ်းစျေးတွင် အလုပ်လုပ်ကိုင်နေသူများဖြစ်ပြီး နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးခြင်း၊ ထိုင်းအလုပ်သမားဥပဒေသစ်အရ ထိုင်းနိုင်ငံမှပြန်ပို့ခံရခြင်းနှင့် ၎င်း တို့ကလည်း နေရပ်ဒေသသို့ပြန်လည်ဝင်ရောက်လိုသည့်ဆန္ဒများကြောင့် ကယားပြည်နယ် နယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
ပြန်လည်ဝင်ရောက်လာသူများတွင် အမျိုးသား(၄၂) ဦး၊ အမျိုးသမီး(၂၆) ဦး၊ ကလေး(၇) ဦး၊ စုစုပေါင်း(၇၅)ဦး ပါဝင်ပြီး ၎င်းတို့၏နေရပ်များဖြစ်သည့် ကယားပြည်နယ် လွိုင်ကော်မြို့၊ ရှမ်းပြည်နယ် ဖယ်ခုံမြို့၊ ဆီဆိုင်မြို့၊ လားရှိုးမြို့များသို့ ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မယ်စဲ့မြို့နယ် အုပ်ချုပ်ရေးမှူးဦးမျိုးသန့်ထံမှ သိရသည်။
ထိုင်း နှင့် ကယားပြည်နယ် နယ်စပ်ကုန်သွယ်ရေးဂိတ် စတင်ဖွင့်လှစ်ခဲ့သည့်ချိန်မှစ၍ အဆိုပါ နယ်စပ် ဂိတ်မှ မြန်မာရွှေ့ပြောင်း အလုပ်သမားများ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာခြင်းမှာ ပထမဆုံးအကြိ်မ် ဖြစ်ကြောင်းသိရသည်။
သတင်း #ဆန်းဖြိုးထွန်း
ဓာတ်ပုံ #iprd maese
