ဆီဆိုင္ၿမိဳ႕ဘက္မွ လိြဳင္ေကာ္ဘက္သို႔ စိတ္ၾကြရူးသြပ္ေဆးျပား သယ္လာသူအား ထီးစဲခါးတြင္ဖမ္းမိ

ဆီဆိုင္ၿမိဳ႕ဘက္မွ လိြဳင္ေကာ္ဘက္သို႔ စိတ္ၾကြရူးသြပ္ေဆးျပား သယ္လာသူအား ထီးစဲခါးတြင္ဖမ္းမိ
ဒီဇင်ဘာ 14, 2017
By 🌸
ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕ ၊ထီးစဲခါးေက်းရြာအနီး တံတားေပၚတြင္ ဒီဇင္ဘာလ (၁၃)ရက္ေန႔က မူးယစ္ေဆး၀ါး ေ႐ွာင္တခင္စစ္ေဆးစဥ္ WY စိတ္ႂကြ႐ူးသြပ္ေဆးျပား (၆၀၀၀)အား ဖမ္းဆီးရမိေၾကာင္းသိရသည္။

ထီးစဲခါးေက်းရြာ လိြဳင္ေကာ္ -ဆီဆိုင္ ကားလမ္းမေပၚ႐ွိ ထီးစဲခါးတံတားတြင္ မူးယစ္ေဆးဝါး ေ႐ွာင္တခင္ စစ္ေဆး႐ွာေဖြစဥ္ ဆီဆိုင္ၿမိဳ႕ဘက္မွ လြိဳင္ေကာ္ဘက္သို႔ ဆိုင္ကယ္ေမာင္းႏွင္လာသူအား စစ္ေဆးရာ စိတ္ၾကြရူးသြပ္ေဆးျပား(၆ဝဝဝ)အား ရွာေဖြေတြ႔ရိွျခင္းျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြရူးသြပ္ေဆးျပားမ်ားသယ္ေဆာင္လာသည့္ ဦးေပအား လြိဳင္ေကာ္ၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ)၅၁/၂ဝ၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)အရ အမွဳဖြင့္ အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ဆီဆိုင်မြို့ဘက်မှ လွိုင်ကော်ဘက်သို့ စိတ်ကြွရူးသွပ်ဆေးပြား သယ်လာသူအား ထီးစဲခါးတွင်ဖမ်းမိ 
*************
ကယားပြည်နယ် လွိုင်ကော်မြို့ ၊ထီးစဲခါးကျေးရွာအနီး တံတားပေါ်တွင် ဒီဇင်ဘာလ (၁၃)ရက်နေ့က မူးယစ်ဆေးဝါး ရှောင်တခင်စစ်ဆေးစဉ် WY စိတ်ကြွရူးသွပ်ဆေးပြား (၆၀၀၀)အား ဖမ်းဆီးရမိကြောင်းသိရသည်။
ထီးစဲခါးကျေးရွာ လွိုင်ကော် -ဆီဆိုင် ကားလမ်းမပေါ်ရှိ ထီးစဲခါးတံတားတွင် မူးယစ်ဆေးဝါး ရှောင်တခင် စစ်ဆေးရှာဖွေစဉ် ဆီဆိုင်မြို့ဘက်မှ လွိုင်ကော်ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသူအား စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား(၆ဝဝဝ)အား ရှာဖွေတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
စိတ်ကြွရူးသွပ်ဆေးပြားများသယ်ဆောင်လာသည့် ဦးပေအား လွိုင်ကော်မြို့မ ရဲစခန်းတွင် မယ(ပ)၅၁/၂ဝ၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း #ဆန်းဖြိုးထွန်း
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~