ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ႏွင့္ ေဒသခံလူငယ္မ်ား၏ ၿငိမ္းခ်မ္းေရးစကားဝိုင္းအား ဒီဇင္ဘာလ (၂၉)ရက္ေန႔ နံနက္ (၉)နာရီမွစ၍ ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕ရိွ ျပည္နယ္ခန္းမတြင္ လူငယ္မ်ားႏွင့္ စကားဝိုင္းေဆြးေႏြးေနၿပီး ေန႔လယ္ပိုင္းတြင္ ျပည္နယ္အစိုးရ႐ုံးခန္းမ၌ ေဒသတြင္း႐ွိ အရပ္ဖက္အဖြဲ႔စည္းမ်ား၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔မ်ားႏွင့္ ေတြ႔ဆုံေဆြးေႏြးမႈမ်ား ျပဳလုပ္သြားမည္ျဖစ္သည္။
လူငယ္မ်ားႏွင့္ စကားဝိုင္းေဆြးေႏြးပြဲတြင္ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပု၈ၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္အတူ ကယားျပည္နယ္မွ ေဒၚေအာ္ေလးဗီယာ၊ ရီးဖရားရယ္ရီးလို၊ ေဒၚမို႔မို႔ထင္ေဇာ္မြန္၊ ဦးစိုးရာဇာဝင္း၊ ေဒၚႏွင္းႏုေဝ၊ ဦးမာရီးယို၊ ေဒၚအဲလစ္ထြန္းႏွင့္ ဦးသွ်ားရယ္တို႔ (၈)ဦးက ေဆြးေႏြးေနၾကၿပီး အဆိုပါေဆြးေႏြးပြဲႏွင့္ပတ္သက္၍ ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ထံ ေမးခြန္းေမးျမန္းလိုသူမ်ား https://www.facebook.com/ state.counsellor/ ႏွင့္ https://www.facebook.com/ InfomationCommittee တို႔တြင္ ဝင္ေရာက္ေမးျမန္းႏုိင္ေၾကာင္း သိရသည္။
သတင္း၊ဓါတ္ပံု #ဆန္းၿဖိဳးထြန္း
*******
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ နေ့ချင်းပြန်ခရီးရောက်ရှိနေပြီး ဒေသခံလူငယ်များနှင့် ငြိမ်းချမ်းရေးစကားဝိုင်း၊ အရပ်ဖက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံနေကြောင်းသိရသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံလူငယ်များ၏ ငြိမ်းချမ်းရေးစကားဝိုင်းအား ဒီဇင်ဘာလ (၂၉)ရက်နေ့ နံနက် (၉)နာရီမှစ၍ ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမတွင် လူငယ်များနှင့် စကားဝိုင်းဆွေးနွေးနေပြီး နေ့လယ်ပိုင်းတွင် ပြည်နယ်အစိုးရရုံးခန်းမ၌ ဒေသတွင်းရှိ အရပ်ဖက်အဖွဲ့စည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
လူငယ်များနှင့် စကားဝိုင်းဆွေးနွေးပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပု၈္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ကယားပြည်နယ်မှ ဒေါ်အော်လေးဗီယာ၊ ရီးဖရားရယ်ရီးလို၊ ဒေါ်မို့မို့ထင်ဇော်မွန်၊ ဦးစိုးရာဇာဝင်း၊ ဒေါ်နှင်းနုဝေ၊ ဦးမာရီးယို၊ ဒေါ်အဲလစ်ထွန်းနှင့် ဦးသျှားရယ်တို့ (၈)ဦးက ဆွေးနွေးနေကြပြီး အဆိုပါဆွေးနွေးပွဲနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ မေးခွန်းမေးမြန်းလိုသူများ https://www.facebook.com/ state.counsellor/ နှင့် https://www.facebook.com/ InfomationCommittee တို့တွင် ဝင်ရောက်မေးမြန်းနိုင်ကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း
