ဒီဇင္ဘာလ(၁၄)ရက္ေန႔ နံနက္(၈)နာရီ ခန္႔အခ်ိန္က ျပည္ေထာင္စုလမ္းမႀကီး မိုင္တိုင္အမွတ္ (၁၈၉/၆ ႏွင့္ ၁၈၉/၇) အၾကား လားရိႈးၿမိဳ႕နယ္ ပိန္းနမ္းေက်းရြာအနီးတြင္ လားရိႈးဘက္မွ သိန္းနီဘက္သို႔ ေမာင္းႏွင္လာသည့္ (၁၂)ဘီးယာဥ္က အရွိန္မထိန္းႏိုင္ဘဲ မ်က္နာခ်င္းဆိုင္မွလာသည့္ (၁၂)ဘီးယာဥ္အား ဝင္တိုက္မိခဲ့ၿပီး ယာဥ္အားထား၍ ထြက္ေျပးသြားျခင္းျဖစ္ေၾကာင္း သိရသည္။
သက္ဆိုင္ရာမွသြားေရာက္စစ္ေဆးရာတြင္ ဝင္တိုက္သည့္ယာဥ္ေပၚတြင္ အသက္ (၃၀) ႏွစ္ အရြယ္ရွိ အမ်ိဳးသားတစ္ဦး ေသဆံုးေနၿပီး အမ်ိဳးသား(၃)ဦးမွာ ဒဏ္ရာမ်ား ရရိွထားသည္ကို ေတြ႔ရေၾကာင္း သိရသည္။
ေသဆံုးသူႏွင့္ ဒဏ္ရာရရွိသူမ်ားအား လားရိႈးလူငယ္မ်ား လူမႈကူညီေရးအသင္းက လားရိႈးၿမိဳ႕ ျပည္သူ႔ေဆးရံုသို႔ပို႔ေဆာင္ေပးထားၿပီး ထြက္ေျပးသြားသည့္ယာဥ္ေမာင္းအား ရဲတပ္ဖြဲ႕က စံုစမ္းရွာေဖြေနေၾကာင္း သိရသည္။
အဆိုပါယာဥ္တိုက္မႈအား လားရိႈးနယ္ေျမရဲစခန္းတြင္ (ပ) ၄၅/၂၀၁၇၊ ပုဒ္မ ၂၇၉/ ၃၃၇/ ၃၃၈/ ၃၀၄-က/ ၂၀၂ ျဖင့္အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။
သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #လားရိႈးလူငယ္လူမႈကူညီေရးအသင္း
*************
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် ပိန်းနမ်းကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဒီဇင်ဘာလ (၁၄) ရက်နေ့နံနက်ပိုင်းက (၁၂)ဘီးယာဉ်(၂)စီး မျက်နှာချင်းဆိုင်ဝင်တိုက်မိခဲ့ရာ ဝင်တိုက်သည့်ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား(၃)ဦး ဒဏ်ရာရသွားကာ ယာဉ်မောင်းထွက်ပြေးနေကြောင်း သိရသည်။
ဒီဇင်ဘာလ(၁၄)ရက်နေ့ နံနက်(၈)နာရီ ခန့်အချိန်က ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၁၈၉/၆ နှင့် ၁၈၉/၇) အကြား လားရှိုးမြို့နယ် ပိန်းနမ်းကျေးရွာအနီးတွင် လားရှိုးဘက်မှ သိန်းနီဘက်သို့ မောင်းနှင်လာသည့် (၁၂)ဘီးယာဉ်က အရှိန်မထိန်းနိုင်ဘဲ မျက်နာချင်းဆိုင်မှလာသည့် (၁၂)ဘီးယာဉ်အား ဝင်တိုက်မိခဲ့ပြီး ယာဉ်အားထား၍ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။
သက်ဆိုင်ရာမှသွားရောက်စစ်ဆေးရာတွင် ဝင်တိုက်သည့်ယာဉ်ပေါ်တွင် အသက် (၃၀) နှစ် အရွယ်ရှိ အမျိုးသားတစ်ဦး သေဆုံးနေပြီး အမျိုးသား(၃)ဦးမှာ ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရကြောင်း သိရသည်။
သေဆုံးသူနှင့် ဒဏ်ရာရရှိသူများအား လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းက လားရှိုးမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးထားပြီး ထွက်ပြေးသွားသည့်ယာဉ်မောင်းအား ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေနေကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုအား လားရှိုးနယ်မြေရဲစခန်းတွင် (ပ) ၄၅/၂၀၁၇၊ ပုဒ်မ ၂၇၉/ ၃၃၇/ ၃၃၈/ ၃၀၄-က/ ၂၀၂ ဖြင့်အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #လားရှိုးလူငယ်လူမှုကူညီရေးအသင်း
