မိဘမဲ့ပရဟိတေဂဟာႏွင့္ သားအိမ္ေခါင္းကင္ဆာကာကြယ္ေရး ရန္ပံုေငြေစ်းပြဲေတာ္ ေတာင္ႀကီးတြင္ က်င္းပမည္

မိဘမဲ့ပရဟိတေဂဟာႏွင့္ သားအိမ္ေခါင္းကင္ဆာကာကြယ္ေရး ရန္ပံုေငြေစ်းပြဲေတာ္ ေတာင္ႀကီးတြင္ က်င္းပမည္
ဒီဇင်ဘာ 14, 2017
By 🌸
ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ မိဘမဲ့ပရဟိတေဂဟာႏွင့္ သားအိမ္ေခါင္းကင္ဆာကာကြယ္ ေရးအတြက္ ရန္ပံုေငြေစ်းပြဲေတာ္ကို ဒီဇင္ဘာလ (၂၃)ရက္ေန႔မွစ၍ ေတာင္ႀကီးၿမိဳ႕ေတာ္ခန္းမတြင္ ငါးရက္တာက်င္းပသြားရန္ ခြင့္ျပဳခ်က္ေတာင္းခံထားေၾကာင္း သိရသည္။

“ျပည္နယ္အစိုးရကိုေတာ့ တင္ျပထားၿပီးပါၿပီ။ စာေတာ့ မက်လာေသးပါဘူး။ ပြဲေတာ္ေန႔ေတြမွာရတဲ့ ရန္ပံုေငြေတြကို မိဘမဲ့ေက်ာင္းနဲ႔ အမ်ဳိးသမီး သားအိမ္ေခါင္းကင္ဆာေတြအတြက္ လွဴဒါန္းသြားမယ္။ ဗမာတိုင္းရင္းသား၀န္ႀကီးကေန ေခါင္းစဥ္တပ္ၿပီးေတာ့ ကၽြန္ေတာ္တုိ႔အဖြဲ႕ဦးေဆာင္ၿပီး ရန္ပံုေငြရွာေဖြပြဲေတာ္ကို လုပ္ရျခင္း ျဖစ္ပါတယ္” ဟု မိဘမဲ႕ႏွင့္ သားအိမ္ေခါင္းကင္ဆာကာကြယ္ေရးရန္ပံုေငြရွာေဖြေရး ဥကၠဌ ဦးေမာင္ေမာင္သန္း ကေျပာသည္။

ရန္ပံုေငြပြဲအား ဒီဇင္ဘာလ (၂၃) ရက္ေန႔မွ (၂၇)ရက္ေန႔အထိ က်င္းပႏိုင္ေရးအတြက္ ဗမာတုိင္းရင္းသားဝန္ႀကီး ဦးေဆာင္ၿပီး ေကာ္မတီဝင္ (၁၀)ဦးပါဝင္သည့္ ရန္ပံုေငြရွာေဖြေရးေကာ္မတီကို ဒီဇင္ဘာလ (၁၂)ရက္ေန႔က ဖြဲ႕စည္းလုိက္ေၾကာင္း သိရသည္။

“ရလာတဲ့ေငြေတြကို ႏွစ္ပိုင္းခြဲၿပီး လွဴမယ္။ မိဘမဲ့ေဂဟာမွာက ကုိယ္ရင္ေတြေရာ၊ မိဘမဲ႕ ေက်ာင္းသား ၊ ေက်ာင္းသူေတြအတြက္ေရာ၊ ကင္ဆာသမားေတြအတြက္ဆိုရင္ စဝ္စံထြန္းေဆးရံုမွာရွိတဲ့ ကင္ဆာသမားေတြ ဓါတ္ေရာင္ျခည္လာကင္ၾကတာမ်ားတဲ့အတြက္ေၾကာင့္ အဲဒီမွာသြားလွဴမယ္။ အမ်ဳိးသမီး သားအိမ္ေခါင္း ကင္ဆာအတြက္က ရန္ပံုေငြလည္း မရွိဘူး။ ဒါေၾကာင့္ ရန္ပံုေငြ ရရွိေရးအတြက္ (၂၃) ရက္ေန႔မွာဖြင့္ပြဲ လုပ္မယ္။ အဲဒီမွာရတဲ့ ေငြေတြကို ပြဲမွာပဲ တခါတည္း လွဴဒါန္းသြားမယ္” ဟု မိဘမဲ႕ႏွင့္ သားအိမ္ေခါင္းကင္ဆာကာကြယ္ေရးရန္ပံုေငြရွာေဖြေရး ဥကၠဌ ဦးေမာင္ေမာင္သန္း ကေျပာသည္။

ရန္ပံုေငြဆက္သြယ္လွဴဒါန္းလိုသူမ်ားအေနျဖင့္ မိဘမဲ႕ႏွင့္ သားအိမ္ေခါင္းကင္ဆာကာကြယ္ေရးရန္ပံုေငြရွာေဖြေရး ဥကၠဌ ဦးေမာင္ေမာင္သန္း (ဖုန္း - ၀၉၂၅၀၁၃၂၉၄၃) သို႔ ဆက္သြယ္လွဴဒါန္းနိုင္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
မိဘမဲ့ပရဟိတဂေဟာနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ရေး ရန်ပုံငွေစျေးပွဲတော် တောင်ကြီးတွင် ကျင်းပမည်
*************
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့တွင် မိဘမဲ့ပရဟိတဂေဟာနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ် ရေးအတွက် ရန်ပုံငွေစျေးပွဲတော်ကို ဒီဇင်ဘာလ (၂၃)ရက်နေ့မှစ၍ တောင်ကြီးမြို့တော်ခန်းမတွင် ငါးရက်တာကျင်းပသွားရန် ခွင့်ပြုချက်တောင်းခံထားကြောင်း သိရသည်။

“ပြည်နယ်အစိုးရကိုတော့ တင်ပြထားပြီးပါပြီ။ စာတော့ မကျလာသေးပါဘူး။ ပွဲတော်နေ့တွေမှာရတဲ့ ရန်ပုံငွေတွေကို မိဘမဲ့ကျောင်းနဲ့ အမျိုးသမီး သားအိမ်ခေါင်းကင်ဆာတွေအတွက် လှူဒါန်းသွားမယ်။ ဗမာတိုင်းရင်းသားဝန်ကြီးကနေ ခေါင်းစဉ်တပ်ပြီးတော့ ကျွန်တော်တို့အဖွဲ့ဦးဆောင်ပြီး ရန်ပုံငွေရှာဖွေပွဲတော်ကို လုပ်ရခြင်း ဖြစ်ပါတယ်” ဟု မိဘမဲ့နှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ရေးရန်ပုံငွေရှာဖွေရေး ဥက္ကဌ ဦးမောင်မောင်သန်း ကပြောသည်။

ရန်ပုံငွေပွဲအား ဒီဇင်ဘာလ (၂၃) ရက်နေ့မှ (၂၇)ရက်နေ့အထိ ကျင်းပနိုင်ရေးအတွက် ဗမာတိုင်းရင်းသားဝန်ကြီး ဦးဆောင်ပြီး ကော်မတီဝင် (၁၀)ဦးပါဝင်သည့် ရန်ပုံငွေရှာဖွေရေးကော်မတီကို ဒီဇင်ဘာလ (၁၂)ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

“ရလာတဲ့ငွေတွေကို နှစ်ပိုင်းခွဲပြီး လှူမယ်။ မိဘမဲ့ဂေဟာမှာက ကိုယ်ရင်တွေရော၊ မိဘမဲ့ ကျောင်းသား ၊ ကျောင်းသူတွေအတွက်ရော၊ ကင်ဆာသမားတွေအတွက်ဆိုရင် စဝ်စံထွန်းဆေးရုံမှာရှိတဲ့ ကင်ဆာသမားတွေ ဓါတ်ရောင်ခြည်လာကင်ကြတာများတဲ့အတွက်ကြောင့် အဲဒီမှာသွားလှူမယ်။ အမျိုးသမီး သားအိမ်ခေါင်း ကင်ဆာအတွက်က ရန်ပုံငွေလည်း မရှိဘူး။ ဒါကြောင့် ရန်ပုံငွေ ရရှိရေးအတွက် (၂၃) ရက်နေ့မှာဖွင့်ပွဲ လုပ်မယ်။ အဲဒီမှာရတဲ့ ငွေတွေကို ပွဲမှာပဲ တခါတည်း လှူဒါန်းသွားမယ်” ဟု မိဘမဲ့နှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ရေးရန်ပုံငွေရှာဖွေရေး ဥက္ကဌ ဦးမောင်မောင်သန်း ကပြောသည်။

ရန်ပုံငွေဆက်သွယ်လှူဒါန်းလိုသူများအနေဖြင့် မိဘမဲ့နှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ရေးရန်ပုံငွေရှာဖွေရေး ဥက္ကဌ ဦးမောင်မောင်သန်း (ဖုန်း - ၀၉၂၅၀၁၃၂၉၄၃) သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နိုနို

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~