ျမန္မာက အိမ္ရွင္ႏုိင္ငံအျဖစ္ တာခ်ီလိတ္ၿမိဳ႕တြင္ လက္ခံက်င္းပမည့္ (၇)ႀကိမ္ေျမာက္ ၄ ႏိုင္ငံ ၉ နယ္စပ္အစည္းအေဝးတြင္ ဗီယက္နမ္က ေလ့လာသူအျဖစ္ တက္ေရာက္မည္

ျမန္မာက အိမ္ရွင္ႏုိင္ငံအျဖစ္ တာခ်ီလိတ္ၿမိဳ႕တြင္ လက္ခံက်င္းပမည့္ (၇)ႀကိမ္ေျမာက္ ၄ ႏိုင္ငံ ၉ နယ္စပ္အစည္းအေဝးတြင္ ဗီယက္နမ္က ေလ့လာသူအျဖစ္ တက္ေရာက္မည္
ဒီဇင်ဘာ 16, 2017
By 🌸
ျမန္မာႏုိင္ငံက အိမ္ရွင္ႏုိင္ငံအျဖစ္ အလွည့္က်လက္ခံက်င္းပမည့္ (၇)ႀကိမ္ေျမာက္ (၄)ႏိုင္ငံ (၉) နယ္စပ္အစည္းအေဝးကို ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ဒီဇင္ဘာလ(၂၀)ရက္ေန႔မွ (၂၂)ရက္ေန႔အထိ က်င္းပမည္ျဖစ္ၿပီး ဗီယက္နမ္ႏုိင္ငံက ေလ့လာသူအျဖစ္ တက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။

“ ဒီအစည္းအေဝးက ေဒသတြင္း အလွည့္က် က်င္းပေနတဲ့အစည္းအေဝးပါ။ ဒီႏွစ္က ျမန္မာႏုိင္ငံမွာ အလွည့္က်တာပါ။ ဗီယက္နမ္ႏုိင္ငံ ခရိုင္တစ္ခုက နယ္စပ္ျဖစ္တဲ့အတြက္ ေလ့လာသူအျဖစ္ ဒီႏွစ္တက္ေရာက္ဖို႔ ဖိတ္ၾကားတာျဖစ္ပါတယ္။ ဒီအစည္းအေဝးမွာ အဓိကကေတာ့ ႏွစ္ႏုိင္ငံနယ္စပ္ေဒသေတြၾကား ဆက္သြယ္ေဆာင္ရြက္ေနတဲ့ ပညာေရး၊ က်န္းမာေရး၊ စီးပြားေရး၊ ခရီးသြားလုပ္ငန္းတို႔စတဲ့ လုပ္ငန္းေတြမွာ အျပန္အလွန္ပူးေပါင္းကူညီေဆာင္ရြက္ဖို႔ ျဖစ္ပါတယ္”ဟု တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ၊ တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါအစည္းအေဝးမွာ ျမန္မာ၊ ထုိင္း၊ တရုတ္ႏွင့္ လာအို ႏုိင္ငံမ်ားမွ နယ္စပ္ေဒသအခ်င္းခ်င္း ဆက္သြယ္ေဆာင္ရြက္ေနသည့္လုပ္ငန္းမ်ားတြင္ အျပန္အလွန္ပူးေပါင္းကူညီေဆာင္ရြက္နုိင္ေရးအတြက္ အလွည့္က်အစည္းအေဝးမ်ား က်င္းပေဆြးေႏြးၾကျခင္းျဖစ္ၿပီး ဗီယက္နမ္ႏုိင္ငံက ၂၀၁၇ ခုႏွစ္ အစည္းအေဝးတြင္ ေလ့လာသူအျဖစ္ တက္ေရာက္ခြင့္ရျခင္းျဖစ္ေၾကာင္း သိရသည္။

“ပထမတစ္ႏွစ္က ေလာမွာလုပ္တဲ့အစည္းအေဝးမွာ ကၽြန္ေတာ္သြားတက္ေတာ့ သူတို႔က က်ိဳင္းတံုကို ဖိတ္ဖို႔ေျပာတယ္။ ခ်င္းမိုင္အစည္းအေဝးမွာ က်ိဳင္းတံုက အစည္းအေဝးစတက္ပါတယ္။ ဒီေနာက္ က်ိဳင္းတံုက အစည္းအေဝးတက္ေရာက္တဲ့ေဒသမွာ ပါဝင္လာၿပီးေတာ့ ဗီယက္နမ္ကိုလည္း ဒီႏွစ္မွာ ေလ့လာသူအျဖစ္ တက္ခြင့္ေပးဖုိ႔ ခ်င္းမုိင္အစည္းအေဝးမွာပဲ ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။ ေနာက္ႏွစ္က်ရင္ ဗီယက္နမ္ကလည္း ေဆြးေႏြးတဲ့စာရင္းမွာ ပါလာမွာျဖစ္ပါတယ္” ဟု တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ၊ တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက ေျပာသည္။

တာခ်ီလိတ္တြင္ က်င္းပမည့္အစည္းအေဝးသို႔ ျမန္မာႏိုင္ငံမွ နယ္စပ္ေဒသမ်ားျဖစ္သည့္ တာခ်ီိလိတ္ႏွင့္ က်ိဳင္းတံု၊ တရုတ္ႏုိင္ငံမွ စပ္ေဆာင္ပန္းနား၊ လာအိုႏုိင္ငံမွ နယ္စပ္ေဒသ (၄)ခုတုိ႔ ပါဝင္မည္ျဖစ္ၿပီး သက္ဆုိင္ရာက႑မ်ားအလုိက္ တာဝန္ရိွသူမ်ားပါဝင္မည့္ ကိုယ္စားလွယ္အဖြဲ႕အားလံုး၏ ေခါင္းေဆာင္အျဖစ္ တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ၊ တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက တာဝန္ယူ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။
သတင္း #အင္မိုင္ခ

~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာက အိမ်ရှင်နိုင်ငံအဖြစ် တာချီလိတ်မြို့တွင် လက်ခံကျင်းပမည့် (၇)ကြိမ်မြောက် ၄ နိုင်ငံ ၉ နယ်စပ်အစည်းအဝေးတွင် ဗီယက်နမ်က လေ့လာသူအဖြစ် တက်ရောက်မည်
***************
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် အလှည့်ကျလက်ခံကျင်းပမည့် (၇)ကြိမ်မြောက် (၄)နိုင်ငံ (၉) နယ်စပ်အစည်းအဝေးကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၂၀)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံက လေ့လာသူအဖြစ် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

“ ဒီအစည်းအဝေးက ဒေသတွင်း အလှည့်ကျ ကျင်းပနေတဲ့အစည်းအဝေးပါ။ ဒီနှစ်က မြန်မာနိုင်ငံမှာ အလှည့်ကျတာပါ။ ဗီယက်နမ်နိုင်ငံ ခရိုင်တစ်ခုက နယ်စပ်ဖြစ်တဲ့အတွက် လေ့လာသူအဖြစ် ဒီနှစ်တက်ရောက်ဖို့ ဖိတ်ကြားတာဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ အဓိကကတော့ နှစ်နိုင်ငံနယ်စပ်ဒေသတွေကြား ဆက်သွယ်ဆောင်ရွက်နေတဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ခရီးသွားလုပ်ငန်းတို့စတဲ့ လုပ်ငန်းတွေမှာ အပြန်အလှန်ပူးပေါင်းကူညီဆောင်ရွက်ဖို့ ဖြစ်ပါတယ်”ဟု တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါအစည်းအဝေးမှာ မြန်မာ၊ ထိုင်း၊ တရုတ်နှင့် လာအို နိုင်ငံများမှ နယ်စပ်ဒေသအချင်းချင်း ဆက်သွယ်ဆောင်ရွက်နေသည့်လုပ်ငန်းများတွင် အပြန်အလှန်ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေးအတွက် အလှည့်ကျအစည်းအဝေးများ ကျင်းပဆွေးနွေးကြခြင်းဖြစ်ပြီး ဗီယက်နမ်နိုင်ငံက ၂၀၁၇ ခုနှစ် အစည်းအဝေးတွင် လေ့လာသူအဖြစ် တက်ရောက်ခွင့်ရခြင်းဖြစ်ကြောင်း သိရသည်။

“ပထမတစ်နှစ်က လောမှာလုပ်တဲ့အစည်းအဝေးမှာ ကျွန်တော်သွားတက်တော့ သူတို့က ကျိုင်းတုံကို ဖိတ်ဖို့ပြောတယ်။ ချင်းမိုင်အစည်းအဝေးမှာ ကျိုင်းတုံက အစည်းအဝေးစတက်ပါတယ်။ ဒီနောက် ကျိုင်းတုံက အစည်းအဝေးတက်ရောက်တဲ့ဒေသမှာ ပါဝင်လာပြီးတော့ ဗီယက်နမ်ကိုလည်း ဒီနှစ်မှာ လေ့လာသူအဖြစ် တက်ခွင့်ပေးဖို့ ချင်းမိုင်အစည်းအဝေးမှာပဲ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ နောက်နှစ်ကျရင် ဗီယက်နမ်ကလည်း ဆွေးနွေးတဲ့စာရင်းမှာ ပါလာမှာဖြစ်ပါတယ်” ဟု တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

တာချီလိတ်တွင် ကျင်းပမည့်အစည်းအဝေးသို့ မြန်မာနိုင်ငံမှ နယ်စပ်ဒေသများဖြစ်သည့် တာချီိလိတ်နှင့် ကျိုင်းတုံ၊ တရုတ်နိုင်ငံမှ စပ်ဆောင်ပန်းနား၊ လာအိုနိုင်ငံမှ နယ်စပ်ဒေသ (၄)ခုတို့ ပါဝင်မည်ဖြစ်ပြီး သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ရှိသူများပါဝင်မည့် ကိုယ်စားလှယ်အဖွဲ့အားလုံး၏ ခေါင်းဆောင်အဖြစ် တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သတင်း #အင်မိုင်ခ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~