တာခ်ီလိတ္တြင္ က်င္းပသည့္ ခရီးၾကမ္း (၅၀)ကီလို Mountain Bike စက္ဘီးၿပိဳင္ပြဲ ျမန္မာ-ထိုင္း စက္ဘီးသမားႏွင့္၀ါသနာရွင္မ်ား စုစုေပါင္း (၇၀၀)ေက်ာ္ ၀င္ေရာက္စီးနင္း ယွဥ္ၿပိဳင္

တာခ်ီလိတ္တြင္ က်င္းပသည့္ ခရီးၾကမ္း (၅၀)ကီလို Mountain Bike စက္ဘီးၿပိဳင္ပြဲ ျမန္မာ-ထိုင္း စက္ဘီးသမားႏွင့္၀ါသနာရွင္မ်ား စုစုေပါင္း (၇၀၀)ေက်ာ္ ၀င္ေရာက္စီးနင္း ယွဥ္ၿပိဳင္
ဒီဇင်ဘာ 17, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ က်င္းပသည့္ ခရီးၾကမ္း (၅၀)ကီလို Mountain Bike စက္ဘီးၿပိဳင္ပြဲအား ဒီဇင္ဘာလ (၁၇)ရက္ေန႔ နံနက္ (၇)နာရီခြဲက က်င္းပရာ ျမန္မာႏိုင္ငံႏွင့္ ထုိင္းႏိုင္ငံမွ စက္ဘီးစီးသမား ႏွင့္ စက္ဘီး၀ါသနာရွင္ စုစုေပါင္း (၇၀၀)ေက်ာ္ ပါဝင္ယွဥ္ၿပိဳင္ စီးနင္းေနေၾကာင္း သိရသည္။

ၿပိဳင္ပြဲဝင္ စက္ဘီးစီးသမားမ်ားႏွင့္ အေပ်ာ္စီးအဖြဲ႕မ်ားသည္ နံနက္(၇)နာရီခြဲတြင္ ရွမ္းရိုးမကုန္တုိက္ေရွ႕မွ စတင္တာထြက္၍ တာခ်ီလိတ္ - က်ိဳင္းတံု ကားလမ္းအတုိင္း မယ္ယန္းအထိစီးနင္းကာ မယ္ယန္းေက်းရြာ ၀မ္ပံုလမ္းခြဲမွတစ္ဆင့္ ဆြတ္ဆုိင္ရြာ - ေဝွေလလန္ရြာသြားလမ္းအတုိင္း ဝမ္ပံုေက်းရြာ အ.ထ.က(ခြဲ)တြင္ ပန္းဝင္ၾကမည္ျဖစ္သည္။

ၿပိဳင္ပြဲသို႔ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ တာခ်ီလိတ္ခရိုင္အတြင္းျဖစ္သည့္ တာခ်ီလိတ္၊ တာေလ ႏွင့္ မိုင္းျဖတ္ တို႔မွ ပါ၀င္ၾကၿပီး က်ဳိင္းတံု၊ မႏၱေလး၊ မိထီၳလာ အပါအ၀င္ အျခားၿမိဳ႕မ်ားမွလည္း လာေရာက္ ယွဥ္ၿပိဳင္ၾကသည့္အျပင္ ထိုင္းႏိုင္ငံ၊ ခ်င္းရိုင္း ႏွင့္ မယ္ဆို္င္ၿမိဳ႕တို႔မွ စက္ဘီးစီး အားကစားသမားမ်ားလည္း ပါ၀င္ေၾကာင္း သိရသည္။

ၿပိဳင္ပြဲ၏ ဖြင့္ပြဲသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႔၀င္ လူမႈေရး၀န္ႀကီး ေဒါက္တာမ်ုိးထြန္းမွ တက္ေရာက္ အားေပးခဲ့ၿပီး တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊႏွင့္ ဌာနဆိုင္ရာမ်ားမွလည္း ပါ၀င္စီးနင္းၾကေၾကာင္း သိရသည္။

ဆုေပးပြဲအခမ္းအနားကို ဝမ္ပံုေက်းရြာအထက္တန္းေက်ာင္းတြင္ က်င္းပမည္ျဖစ္ၿပီး ၿပိဳင္ဘီး(၅)စီးကိုလည္း မဲေဖာက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စက္ဘီးစီးၿပိဳင္ပြဲအား အားကစားႏွင့္ က်န္းမာေရးဝန္ႀကီးဌာနက ႀကီးမွဴး၍ ရွမ္းျပည္နယ္ အားကစားႏွင့္ ကာယပညာဦးစီးဌာန၊ ျမန္မာႏုိင္ငံစက္ဘီးစီးအဖြဲ႕ခ်ဳပ္၊ ရွမ္းျပည္နယ္ စက္ဘီးဆပ္ေကာ္မတီ၊ Tachileik Mountain Bike Group တို႔မွ ပူးေပါင္း က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္အေျခစိုက္ Tachileik Mountain Bike Group သည္ အဖြဲ႔ဝင္ေပါင္း (၇၀) နီးပါးရိွသည့္ တာခ်ီလိတ္ၿမိဳ႕ အေျခစိုက္ စက္ဘီးစီးအဖြဲ႕ျဖစ္ၿပီး ယခုၿပိဳင္ပြဲသည္ ၎တို႔အဖြဲ႔အေနျဖင့္ ပထမဆံုး က်င္းပသည့္ပြဲျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု - ေဇာင္းညီ





~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကျင်းပသည့် ခရီးကြမ်း (၅၀)ကီလို Mountain Bike စက်ဘီးပြိုင်ပွဲအား ဒီဇင်ဘာလ (၁၇)ရက်နေ့ နံနက် (၇)နာရီခွဲက ကျင်းပရာ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံမှ စက်ဘီးစီးသမား နှင့် စက်ဘီးဝါသနာရှင် စုစုပေါင်း (၇၀၀)ကျော် ပါဝင်ယှဉ်ပြိုင် စီးနင်းနေကြောင်း သိရသည်။

ပြိုင်ပွဲဝင် စက်ဘီးစီးသမားများနှင့် အပျော်စီးအဖွဲ့များသည် နံနက်(၇)နာရီခွဲတွင် ရှမ်းရိုးမကုန်တိုက်ရှေ့မှ စတင်တာထွက်၍ တာချီလိတ် - ကျိုင်းတုံ ကားလမ်းအတိုင်း မယ်ယန်းအထိစီးနင်းကာ မယ်ယန်းကျေးရွာ ဝမ်ပုံလမ်းခွဲမှတစ်ဆင့် ဆွတ်ဆိုင်ရွာ - ဝှေလေလန်ရွာသွားလမ်းအတိုင်း ဝမ်ပုံကျေးရွာ အ.ထ.က(ခွဲ)တွင် ပန်းဝင်ကြမည်ဖြစ်သည်။

ပြိုင်ပွဲသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ တာချီလိတ်ခရိုင်အတွင်းဖြစ်သည့် တာချီလိတ်၊ တာလေ နှင့် မိုင်းဖြတ် တို့မှ ပါဝင်ကြပြီး ကျိုင်းတုံ၊ မန္တလေး၊ မိထီ္ထလာ အပါအဝင် အခြားမြို့များမှလည်း လာရောက် ယှဉ်ပြိုင်ကြသည့်အပြင် ထိုင်းနိုင်ငံ၊ ချင်းရိုင်း နှင့် မယ်ဆို်င်မြို့တို့မှ စက်ဘီးစီး အားကစားသမားများလည်း ပါဝင်ကြောင်း သိရသည်။

ပြိုင်ပွဲ၏ ဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ တက်ရောက် အားပေးခဲ့ပြီး တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် ဌာနဆိုင်ရာများမှလည်း ပါဝင်စီးနင်းကြကြောင်း သိရသည်။

ဆုပေးပွဲအခမ်းအနားကို ဝမ်ပုံကျေးရွာအထက်တန်းကျောင်းတွင် ကျင်းပမည်ဖြစ်ပြီး ပြိုင်ဘီး(၅)စီးကိုလည်း မဲဖောက်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ဘီးစီးပြိုင်ပွဲအား အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူး၍ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံစက်ဘီးစီးအဖွဲ့ချုပ်၊ ရှမ်းပြည်နယ် စက်ဘီးဆပ်ကော်မတီ၊ Tachileik Mountain Bike Group တို့မှ ပူးပေါင်း ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်အခြေစိုက် Tachileik Mountain Bike Group သည် အဖွဲ့ဝင်ပေါင်း (၇၀) နီးပါးရှိသည့် တာချီလိတ်မြို့ အခြေစိုက် စက်ဘီးစီးအဖွဲ့ဖြစ်ပြီး ယခုပြိုင်ပွဲသည်၎င်းတို့အဖွဲ့အနဖြေင့် ပထမဆုံး ကျင်းပသည့်ပွဲဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~