“ကၽြန္ေတာ္တို႔ သတင္းသမားေတြအေနနဲ႔က မျမင္သင့္တာ၊ မၾကားအပ္တာ၊ မျမင္သင့္တာ မရိွဘူးေပါ့ေလ။ ဒါကို ျပန္ေရးတဲ့အခါ၊ ထုတ္ေဖၚတဲ့အခါမွာေတာ့ သတင္းစာက်င့္ဝတ္နဲ႔အညီ၊ ကိုယ့္ရဲ႕ လူ႔အဖြဲ႔အစည္း အက်ိဳးစီးပြားနဲ႔အညီ ထုတ္ျပန္သင့္တာ၊ မထုတ္ျပန္သင့္တာကို ဆံုးျဖတ္ရပါတယ္။ ကၽြန္ေတာ္တုိ႔လက္ထဲမွာ ဘယ္အခ်က္အလက္မရိွရဘူးဆိုတဲ့ အကန္႔အသတ္မရိွပါဘူး။ အခု စြဲထားတဲ့ဥပေဒကလည္း ကိုလိုနီ ၿဗိတိသွ်အစိုးရက ျမန္မာျပည္သူေတြကို ႏွိပ္ကြပ္ဖို႔ ျပဌာန္းခဲ့တဲ့ ကိုလိုနီဥပေဒကို လက္ရိွအစိုးရက ျပန္သံုးေနတာေတာ့ သိပ္ၿပီးရုပ္ပ်က္ဆင္းပ်က္ႏိုင္လြန္းတယ္”ဟု ျမန္မာဂ်ာနယ္လစ္ကြန္ယက္ အေထြေထြ အတြင္းေရးမွဴး ဦးေဇယ်ာလိႈင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ရိုက္တာသတင္းဌာန၏ သတင္းေထာက္ႏွစ္ဦးျဖစ္သည့္ ကိုဝလံုး (ခ) သက္ဦးေမာင္ေမာင္ႏွင့္ ကိုေက်ာ္စိုးဦး (ခ) မိုးေအာင္တို႔အား ရခိုင္ျပည္နယ္၊ ေမာင္ေတာခ႐ိုင္တြင္ျဖစ္ပြားခဲ့သည့္ တုိက္ပြဲျဖစ္စဥ္ အစီရင္ခံစာမ်ား လက္ဝယ္ေတြ႕ရွိမႈျဖင့္ ဒီဇင္ဘာလ (၁၂) ရက္ေန႔ညက ရန္ကုန္ၿမိဳ႕၊ ေထာက္ၾကန္႔နယ္ေျမရဲစခန္းတြင္ (ပ) ၁၂၉၈/၂၀၁၇၊ ၁၉၂၃ ခုႏွစ္၊ ျမန္မာႏိုင္ငံအစိုးရ လွ်ိဳ႕ဝွက္ခ်က္အက္ဥပေဒပုဒ္မ-၃ ျဖင့္ အမႈဖြင့္လိုက္ျခင္းျဖစ္ၿပီး ဒုတိယရဲမွဴး မိုးရန္ႏိုင္ႏွင့္ ရဲတပ္ၾကပ္ႀကီး ခင္ေမာင္လင္းတို႔ကိုလည္း လွ်ိဳ႕ဝွက္အက္ဥပေဒႏွင့္ ရဲစည္းကမ္း ထိန္းသိမ္းေရးဥပေဒမ်ားျဖင့္ အေရးယူသြားမည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနက ဒီဇင္ဘာလ (၁၃)ရက္ေန႔တြင္ သတင္းေဖၚျပထားျခင္းျဖစ္သည္။
ျပန္ၾကားေရးဝန္ႀကီးဌာန၏ သတင္းေဖၚျပခ်က္တြင္ ရန္ကုန္အေျခစိုက္ ရိုက္တာသတင္းဌာန၏ သတင္းေထာက္မ်ားျဖစ္သည္ကို သိေသာ္လည္း ျပည္ပသတင္းဌာနမ်ားအား သတင္းေရာင္းစားမည့္ပံုစံေရးသားထားျခင္းသည္ ျပန္ၾကားေရးဝန္ႀကီးဌာနအေနျဖင့္ သတင္းစာက်င့္ဝတ္ ေဖါက္ဖ်က္သည့္လုပ္ရပ္ဟုလည္း ျမန္မာဂ်ာနယ္လစ္ကြန္ယက္ အေထြေထြ အတြင္းေရးမွဴး ဦးေဇယ်ာလိႈင္က ေထာက္ျပ ေဝဖန္လုိက္သည္။
အဆိိုပါ သတင္းသမားႏွစ္ဦးအား အေရးယူလုိက္ျခင္းႏွင့္ပတ္သက္၍ သတင္းသမားမ်ားအေနျဖင့္ သတင္းျဖစ္ပြားရာေနရာသုိ႔ သြားေရာက္သတင္းယူခြင့္ရွိသကဲ့သုိ႔ သတင္းျပည့္စံု မွန္ကန္စြာတင္ျပႏုိင္ရန္ သတင္းႏွင့္ဆက္စပ္သည့္ အခ်က္အလက္မ်ားကို ေမးျမန္းစုေဆာင္းခြင့္ရွိၿပီး သတင္းႏွင့္ပတ္သက္သည့္ အခ်က္အလက္မ်ား လက္ဝယ္ေတြ႕ရွိ႐ံုမွ်ျဖင့္ ျမန္မာႏိုင္ငံအစုိးရလွ်ိဳ႕၀ွက္ခ်က္မ်ား အက္ဥပေဒကို ခ်ိဳးေဖာက္သည္ဟု စြပ္စြဲျခင္းသည္ သတင္းလြတ္လပ္ခြင့္ကို ၿခိမ္းေျခာက္ရာက်ပါသည္ဟု သတင္းသမားအဖြဲ႕အစည္းမ်ား၏ ထုတ္ျပန္ခ်က္တြင္ ေဖၚျပလိုက္သည္။
ၿဗိတိသွ်ကိုလိုနီအစိုးရက အုပ္ခ်ဳပ္ခံျမန္မာျပည္သူမ်ားကို ႏွိပ္ကြပ္ရန္ရည္ရြယ္ခ်က္ျဖင့္ ၁၉၂၃ ခုႏွစ္ကတည္းက ေရးဆြဲျပဌာန္းခဲ့သည့္ ဥပေဒျဖင့္ ဖမ္းဆီးျခင္းသည္ ဒီမုိကေရစီအစိုးရအတြြက္ ဂုဏ္သိကၡာက်ဆင္းေစသည့္ လုပ္ရပ္အျဖစ္ ရႈျမင္ၿပီး ရခုိင္အေရးႏွင့္ပတ္သက္၍ ႏုိင္ငံတကာမီဒီယာအသိုင္းအဝိုင္းတြင္ ျမန္မာအစိုးရအေပၚ သံသယႀကီးထြားေနခ်ိန္၌ ယခုကဲ့သုိ႔ ဖမ္းဆီးထိန္းသိမ္းလိုက္ျခင္းမွာ အစုိးရ၏ဂုဏ္သိကၡာကို ပုိ၍ညစ္ႏြမ္းေစႏုိင္ပါသည္ဟု ထုတ္ျပန္ခ်က္တြင္ ေဝဖန္ေထာက္ျပထားသည္။
အဆိိုပါ သတင္းသမားႏွစ္ဦးအား ဖမ္းဆီးထိန္းသိမ္းၿပီးေနာက္ မိသားစု၀င္မ်ားအား ဆက္သြယ္အသိေပးျခင္း မျပဳျခင္းမွာလည္း ႏုိင္ငံသားအခြင့္အေရးခ်ိဳးေဖာက္ခံရမည့္အေရး စိုးရိမ္ဖြယ္ျဖစ္သည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္။
သတင္း #အင္မိုင္ခ
*************
ရန်ကုန်အခြေစိုက် ရိုက်တာ(Reuters)သတင်းဌာနမှ သတင်းထောက်နှစ်ဦးကို အရေးယူလိုက်ခြင်းနှင့် ပတ်သက်၍ ဖြစ်စဉ်အား ပွင့်လင်းမြင်သာစွာ ရှင်းပြရန်နှင့် သတင်းစာဆရာများအား အမြန်ဆုံး ပြန်လွှတ်ပေးရန် မြန်မာနိုင်ငံ သတင်းသမား အဖွဲ့အစည်း(၁၂)ခုက ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် တောင်းဆိုချက်တစ်စောင် ထုတ်ပြန် တိုက်တွန်းလိုက်သည်။
“ကျွန်တော်တို့ သတင်းသမားတွေအနေနဲ့က မမြင်သင့်တာ၊ မကြားအပ်တာ၊ မမြင်သင့်တာ မရှိဘူးပေါ့လေ။ ဒါကို ပြန်ရေးတဲ့အခါ၊ ထုတ်ဖေါ်တဲ့အခါမှာတော့ သတင်းစာကျင့်ဝတ်နဲ့အညီ၊ ကိုယ့်ရဲ့ လူ့အဖွဲ့အစည်း အကျိုးစီးပွားနဲ့အညီ ထုတ်ပြန်သင့်တာ၊ မထုတ်ပြန်သင့်တာကို ဆုံးဖြတ်ရပါတယ်။ ကျွန်တော်တို့လက်ထဲမှာ ဘယ်အချက်အလက်မရှိရဘူးဆိုတဲ့ အကန့်အသတ်မရှိပါဘူး။ အခု စွဲထားတဲ့ဥပဒေကလည်း ကိုလိုနီ ဗြိတိသျှအစိုးရက မြန်မာပြည်သူတွေကို နှိပ်ကွပ်ဖို့ ပြဌာန်းခဲ့တဲ့ ကိုလိုနီဥပဒေကို လက်ရှိအစိုးရက ပြန်သုံးနေတာတော့ သိပ်ပြီးရုပ်ပျက်ဆင်းပျက်နိုင်လွန်းတယ်”ဟု မြန်မာဂျာနယ်လစ်ကွန်ယက် အထွေထွေ အတွင်းရေးမှူး ဦးဇေယျာလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရိုက်တာသတင်းဌာန၏ သတင်းထောက်နှစ်ဦးဖြစ်သည့် ကိုဝလုံး (ခ) သက်ဦးမောင်မောင်နှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့အား ရခိုင်ပြည်နယ်၊ မောင်တောခရိုင်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဉ် အစီရင်ခံစာများ လက်ဝယ်တွေ့ရှိမှုဖြင့် ဒီဇင်ဘာလ (၁၂) ရက်နေ့ညက ရန်ကုန်မြို့၊ ထောက်ကြန့်နယ်မြေရဲစခန်းတွင် (ပ) ၁၂၉၈/၂၀၁၇၊ ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ-၃ ဖြင့် အမှုဖွင့်လိုက်ခြင်းဖြစ်ပြီး ဒုတိယရဲမှူး မိုးရန်နိုင်နှင့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ကိုလည်း လျှို့ဝှက်အက်ဥပဒေနှင့် ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် သတင်းဖေါ်ပြထားခြင်းဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖေါ်ပြချက်တွင် ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာန၏ သတင်းထောက်များဖြစ်သည်ကို သိသော်လည်း ပြည်ပသတင်းဌာနများအား သတင်းရောင်းစားမည့်ပုံစံရေးသားထားခြင်းသည် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် သတင်းစာကျင့်ဝတ် ဖေါက်ဖျက်သည့်လုပ်ရပ်ဟုလည်း မြန်မာဂျာနယ်လစ်ကွန်ယက် အထွေထွေ အတွင်းရေးမှူး ဦးဇေယျာလှိုင်က ထောက်ပြ ဝေဖန်လိုက်သည်။
အဆိိုပါ သတင်းသမားနှစ်ဦးအား အရေးယူလိုက်ခြင်းနှင့်ပတ်သက်၍ သတင်းသမားများအနေဖြင့် သတင်းဖြစ်ပွားရာနေရာသို့ သွားရောက်သတင်းယူခွင့်ရှိသကဲ့သို့ သတင်းပြည့်စုံ မှန်ကန်စွာတင်ပြနိုင်ရန် သတင်းနှင့်ဆက်စပ်သည့် အချက်အလက်များကို မေးမြန်းစုဆောင်းခွင့်ရှိပြီး သတင်းနှင့်ပတ်သက်သည့် အချက်အလက်များ လက်ဝယ်တွေ့ရှိရုံမျှဖြင့် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေကို ချိုးဖောက်သည်ဟု စွပ်စွဲခြင်းသည် သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်ရာကျပါသည်ဟု သတင်းသမားအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြလိုက်သည်။
ဗြိတိသျှကိုလိုနီအစိုးရက အုပ်ချုပ်ခံမြန်မာပြည်သူများကို နှိပ်ကွပ်ရန်ရည်ရွယ်ချက်ဖြင့် ၁၉၂၃ ခုနှစ်ကတည်းက ရေးဆွဲပြဌာန်းခဲ့သည့် ဥပဒေဖြင့် ဖမ်းဆီးခြင်းသည် ဒီမိုကရေစီအစိုးရအတွွက် ဂုဏ်သိက္ခာကျဆင်းစေသည့် လုပ်ရပ်အဖြစ် ရှုမြင်ပြီး ရခိုင်အရေးနှင့်ပတ်သက်၍ နိုင်ငံတကာမီဒီယာအသိုင်းအဝိုင်းတွင် မြန်မာအစိုးရအပေါ် သံသယကြီးထွားနေချိန်၌ ယခုကဲ့သို့ ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းမှာ အစိုးရ၏ဂုဏ်သိက္ခာကို ပို၍ညစ်နွမ်းစေနိုင်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဝေဖန်ထောက်ပြထားသည်။
အဆိိုပါ သတင်းသမားနှစ်ဦးအား ဖမ်းဆီးထိန်းသိမ်းပြီးနောက် မိသားစုဝင်များအား ဆက်သွယ်အသိပေးခြင်း မပြုခြင်းမှာလည်း နိုင်ငံသားအခွင့်အရေးချိုးဖောက်ခံရမည့်အရေး စိုးရိမ်ဖွယ်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
သတင်း #အင်မိုင်ခ
