မေလးရွားႏုိင္ငံမွ ေနရပ္ျပန္ျမန္မာႏိုင္ငံသားမ်ားအတြက္ အေထာက္အထားကို ျမန္မာသံရံုးမွ ေန႔ခ်င္းၿပီး ထုတ္ေပးေတာ့မည္မဟုတ္

မေလးရွားႏုိင္ငံမွ ေနရပ္ျပန္ျမန္မာႏိုင္ငံသားမ်ားအတြက္ အေထာက္အထားကို ျမန္မာသံရံုးမွ ေန႔ခ်င္းၿပီး ထုတ္ေပးေတာ့မည္မဟုတ္
ဒီဇင်ဘာ 13, 2017
By 🌸
မေလးရွားႏုိင္ငံ ကြာလာလမ္ပူၿမိဳ႕ရိွ ျမန္မာသံရံုးမွ ေန႔ခ်င္းၿပီးထုတ္ေပးေနသည့္ ေနရပ္ျပန္ ျမန္မာႏုိင္ငံသားမ်ား အတြက္ (C of I )ကို အခ်က္အလက္မ်ား စိစစ္ရန္ညႊန္ၾကားခ်က္ေၾကာင့္ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ (၁၃)ရက္ေန႔မွစ၍ ေန႔ခ်င္းၿပီး ထုတ္ေပးေတာ့မည္ မဟုတ္ေၾကာင္း အသိေပးေၾကညာခ်က္ ထုတ္ျပန္လုိက္သည္။

ျပည္ေထာင္စုသမၼတ ျမန္မာနိုင္ငံေတာ္အစိုးရ၊ အလုပ္သမား၊ လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီး ဌာန၏ ညႊန္ၾကားခ်က္အရ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ (၁၃) ရက္ေန႔မွစ၍ ျမန္မာနိုင္ငံသို႔ ျပန္နိုင္ေရးအတြက္ (C of I ) လာေရာက္ေလၽွာက္ထားသူမ်ား၏ အခ်က္အလက္မ်ားကို ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္အစိုးရ၊ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနသို႔ ျပန္လည္ေပးပို႔၍ ျမန္မာနိုင္ငံသား မွန္ကန္မႈ ရွိ/မရွိ စစ္ေဆးၿပီး၊ ျမန္မာနိုင္ငံသားမွန္ကန္ေၾကာင္း ျပန္ၾကားလာသူမ်ားကိုသာ မည္သူမည္ဝါ ျဖစ္ေၾကာင္း သက္ေသခံလက္မွတ္ (C  of I) ကို ထုတ္ေပးသြားေတာ့မည္ ျဖစ္ေၾကာင္း ေၾကညာထားသည္။

မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံလက္မွတ္( C of I) ျဖင့္ မေလးရွားနိုင္ငံမွ ျမန္မာနိုင္ငံသို႔ ျပန္လာၾကသူမ်ားကို ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္၌ အခ်က္အလက္မ်ား တိုက္ဆိုင္စစ္ေဆး၍ ျပည္ဝင္ခြင့္ျပဳလ်က္ရွိရာ  (C of I ) တြင္ေဖာ္ျပထားသည့္ ေနရပ္လိပ္စာမ်ားတြင္ ေနထိုင္ျခင္းမရွိသူမ်ား၊  ကိုယ္ေရးအခ်က္အလက္ မွန္ကန္စြာေျဖဆိုနိုင္ျခင္း မရွိသူမ်ားကို စိစစ္ေတြ႕ရိွေနရသျဖင့္ အလုပ္သမား၊ လူဝင္မွုႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနမွ ႏိုင္ငံသားစိစစ္ၿပီး အေၾကာင္းျပန္ၾကားသူမ်ားကိုသာ (C of I) ထုတ္ေပးရန္ ညႊန္ၾကားလာျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #အင္မိုင္္ခ

~~~~~~~~⊰❂ unicode ~~~~~~~~
မလေးရှားနိုင်ငံမှ နေရပ်ပြန်မြန်မာနိုင်ငံသားများအတွက် အထောက်အထားကို မြန်မာသံရုံးမှ နေ့ချင်းပြီး ထုတ်ပေးတော့မည်မဟုတ်
*************
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ နေ့ချင်းပြီးထုတ်ပေးနေသည့် နေရပ်ပြန် မြန်မာနိုင်ငံသားများ အတွက် (C of I )ကို အချက်အလက်များ စိစစ်ရန်ညွှန်ကြားချက်ကြောင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၁၃)ရက်နေ့မှစ၍ နေ့ချင်းပြီး ထုတ်ပေးတော့မည် မဟုတ်ကြောင်း အသိပေးကြေညာချက် ထုတ်ပြန်လိုက်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၏ ညွှန်ကြားချက်အရ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၁၃) ရက်နေ့မှစ၍ မြန်မာနိုင်ငံသို့ ပြန်နိုင်ရေးအတွက် (C of I ) လာရောက်လျှောက်ထားသူများ၏ အချက်အလက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့၍ မြန်မာနိုင်ငံသား မှန်ကန်မှု ရှိ/မရှိ စစ်ဆေးပြီး၊ မြန်မာနိုင်ငံသားမှန်ကန်ကြောင်း ပြန်ကြားလာသူများကိုသာ မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (C  of I) ကို ထုတ်ပေးသွားတော့မည် ဖြစ်ကြောင်း ကြေညာထားသည်။

မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်( C of I) ဖြင့် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာကြသူများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အချက်အလက်များ တိုက်ဆိုင်စစ်ဆေး၍ ပြည်ဝင်ခွင့်ပြုလျက်ရှိရာ  (C of I ) တွင်ဖော်ပြထားသည့် နေရပ်လိပ်စာများတွင် နေထိုင်ခြင်းမရှိသူများ၊  ကိုယ်ရေးအချက်အလက် မှန်ကန်စွာဖြေဆိုနိုင်ခြင်း မရှိသူများကို စိစစ်တွေ့ရှိနေရသဖြင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ပြီး အကြောင်းပြန်ကြားသူများကိုသာ (C of I) ထုတ်ပေးရန် ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #အင်မိုင််ခ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~