ကယားျပည္နယ္တြင္းမွ တည္ေဆာက္ေရးလုပ္ငန္းမ်ား စံခ်ိန္မီရန္ႏွင့္ အခ်ိန္မီၿပီးစီးေရး ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးစီးအဖြဲ႔ လွည့္လည္စစ္ေဆး

ကယားျပည္နယ္တြင္းမွ တည္ေဆာက္ေရးလုပ္ငန္းမ်ား စံခ်ိန္မီရန္ႏွင့္ အခ်ိန္မီၿပီးစီးေရး ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးစီးအဖြဲ႔ လွည့္လည္စစ္ေဆး
ဒီဇင်ဘာ 12, 2017
By 🌸
ကယားျပည္နယ္တြင္း ယခုဘ႑ာႏွစ္အတြင္း တည္ေဆာက္ေနသည့္လုပ္ငန္းမ်ားအား စံခ်ိန္မီရန္ႏွင့္ အခ်ိန္မီ ၿပီးစီးေရး ျပည္နယ္ဝန္ႀကီးခ်ဳပ္ဦးေဆာင္သည့္အဖြဲ႔က လုိက္လံစစ္ေဆးမႈမ်ား ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္အစုိးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ား၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္စာရင္းစစ္ခ်ဳပ္၊ ျပည္နယ္အစုိးရအဖြဲ႕အတြင္းေရးမွဴးတုိ႔ပါဝင္သည့္ ျပည္နယ္အစိုးရအဖြဲ႔က ဒီဇင္ဘာလ (၁၁)ရက္ေန႔တြင္ လိြဳင္ေကာ္ၿမိဳ႕၊ ေဒါဥခူရပ္ကြက္တြင္ နန္းေအးရိပ္ကုမၸဏီက တာဝန္ယူေဆာက္လုပ္ေနသည့္ ျပည္နယ္ဧည့္ရိပ္သာ RC (၅)ထပ္ တည္ေဆာက္ေနမႈအားစစ္ေဆးခဲ့ေၾကာင္း သိရသည္။

အဆိုပါ တည္ေဆာက္ေရးလုပ္ငန္းအား ဦးရဲေခါင္ညႊန္႕ဦးစီးေသာ Development Professional Consultant အရည္အေသြးစစ္ေဆးေရးအဖြဲ႕က စံခ်ိန္စံညႊန္းစစ္ေဆးမႈေဆာင္ရြက္ေနေၾကာင္း သိရသည္။

ျပည္နယ္ဝန္ႀကီးခ်ဳပ္ဦးေဆာင္ေသာအဖြဲ႔သည္ ဒီဇင္ဘာလ (၉)ရက္ေန႔ကလည္း ေဘာလခဲၿမိဳ႕နယ္အတြင္း အေကာင္အထည္ေဖာ္ေနသည့္ တည္ေဆာက္ေရးလုပ္ငန္း (၅)ခုအား စစ္ေဆးခဲ့ေၾကာင္း သိရသည္။

ေဘာ္လခဲၿမိဳ႕နယ္တြင္ အားကစားႏွင့္ ကာယပညာဦးစီးဌာနမွ ခြင့္ျပဳေငြ က်ပ္(၂၉၁.၀၆)သန္းျဖင့္ နန္းေအးရိပ္ကုမၸဏီက တာ၀န္ယူ ေဆာက္လုပ္ေနသည့္ (၁၂၀ x ၉၀) ေပရွိ Steel Structure (၁) ထပ္ မုိးလုံေလလုံအားကစားရုံႏွင့္ ျခံစည္းရုိးကာရံျခင္းလုပ္ငန္း၊ ေဆာက္လုပ္ေရးဦးစီးဌာန ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရး ဦးစီးဌာန၏ ခြင့္ျပဳေငြ က်ပ္(၂၁၅.၆)သန္းျဖင့္ ဖူးအုိင္ဟုန္းေဆာက္လုပ္ေရးကုမၸဏီက တာ၀န္ယူ ေဆာက္လုပ္ေနသည့္ (၆၀-၆ x ၅၁-၁) ေပ(၄)ခန္းတြဲ (၃)ထပ္ ၀န္ထမ္းအိမ္ရာ၊ ေဘာလခဲၿမိဳ႕နယ္ စည္ပင္သာယာေရးအဖြဲ႕၏ ရန္ပုံေငြက်ပ္ (၁၂.၆၃)သန္းျဖင့္ ကယားေတာင္တန္းကုမၸဏီမွ တာ၀န္ယူေဆာင္ရြက္သည့္ (၅၉၀ x ၁၂)ေပရွိ ရွမ္းပိုင္းအမွတ္(၄၀)လမ္းေျမမွ ကတၱရာခင္းျခင္းလုပ္ငန္းႏွင့္ ရန္ပုံေငြ က်ပ္ (၅၇.၁၅)သန္းျဖင့္ေဆာင္ရြက္ေနသည့္ ေက်ာက္စီေရႏႈတ္ေျမာင္း၊ ပလက္ေဖာင္းျပဳလုပ္ျခင္းတို႔အား စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ်တွင်းမှ တည်ဆောက်ရေးလုပ်ငန်းများ စံချိန်မီရန်နှင့် အချိန်မီပြီးစီးရေး ပြည်နယ်ဝန်ကြီးချုပ် ဦးစီးအဖွဲ့ လှည့်လည်စစ်ဆေး
**************
ကယားပြည်နယ်တွင်း ယခုဘဏ္ဍာနှစ်အတွင်း တည်ဆောက်နေသည့်လုပ်ငန်းများအား စံချိန်မီရန်နှင့် အချိန်မီ ပြီးစီးရေး ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သည့်အဖွဲ့က လိုက်လံစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့ပါဝင်သည့် ပြည်နယ်အစိုးရအဖွဲ့က ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်တွင် နန်းအေးရိပ်ကုမ္ပဏီက တာဝန်ယူဆောက်လုပ်နေသည့် ပြည်နယ်ဧည့်ရိပ်သာ RC (၅)ထပ် တည်ဆောက်နေမှုအားစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ တည်ဆောက်ရေးလုပ်ငန်းအား ဦးရဲခေါင်ညွှန့်ဦးစီးသော Development Professional Consultant အရည်အသွေးစစ်ဆေးရေးအဖွဲ့က စံချိန်စံညွှန်းစစ်ဆေးမှုဆောင်ရွက်နေကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သောအဖွဲ့သည် ဒီဇင်ဘာလ (၉)ရက်နေ့ကလည်း ဘောလခဲမြို့နယ်အတွင်း အကောင်အထည်ဖော်နေသည့် တည်ဆောက်ရေးလုပ်ငန်း (၅)ခုအား စစ်ဆေးခဲ့ကြောင်း သိရသည်။

ဘော်လခဲမြို့နယ်တွင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခွင့်ပြုငွေ ကျပ်(၂၉၁.၀၆)သန်းဖြင့် နန်းအေးရိပ်ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်နေသည့် (၁၂၀ x ၉၀) ပေရှိ Steel Structure (၁) ထပ် မိုးလုံလေလုံအားကစားရုံနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း၊ ဆောက်လုပ်ရေးဦးစီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ ခွင့်ပြုငွေ ကျပ်(၂၁၅.၆)သန်းဖြင့် ဖူးအိုင်ဟုန်းဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်နေသည့် (၆၀-၆ x ၅၁-၁) ပေ(၄)ခန်းတွဲ (၃)ထပ် ၀န်ထမ်းအိမ်ရာ၊ ဘောလခဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ရန်ပုံငွေကျပ် (၁၂.၆၃)သန်းဖြင့် ကယားတောင်တန်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် (၅၉၀ x ၁၂)ပေရှိ ရှမ်းပိုင်းအမှတ်(၄၀)လမ်းမြေမှ ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ရန်ပုံငွေ ကျပ် (၅၇.၁၅)သန်းဖြင့်ဆောင်ရွက်နေသည့် ကျောက်စီရေနှုတ်မြောင်း၊ ပလက်ဖောင်းပြုလုပ်ခြင်းတို့အား စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~