ဒီဇင္ဘာလ(၁၈)ရက္ေန႔တြင္ တာခ်ီလိတ္၌ က်င္းပမည့္ ကရင္ႏွစ္သစ္ကူးပြဲအတြက္ ျပင္ဆင္ေန
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၇ ခုႏွစ္ (ကရင္သကၠရာဇ္ (၂၇၅၇)ခုႏွစ္ ) ကရင္အမ်ိဳးသား စုေပါင္းႏွစ္သစ္ကူး ပြဲေတာ္အား ႏွစ္စဥ္က်င္းပေနက် ဆန္ဆိုင္း(ခ)ရပ္ကြက္ ၿမိဳ႕နယ္မီးသတ္ရံုး အေနာက္ဘက္ရွိ ငွက္ေပ်ာၿခံတြင္ ဒီဇင္ဘာလ (၁၈)ရက္ေန႔၌ က်င္းပရန္အတြက္ ဒီဇင္ဘာလ(၁၆)ရက္ေန႔ကစ၍ ျပင္ဆင္ေနလ်က္ရွိေၾကာင္း သိရသည္။
အဆိုပါ ပြဲေတာ္၏ ပထမပိုင္း အစီအစဥ္တြင္ အလံတင္ အခမ္းအနားအား ဒီဇင္ဘာလ(၁၈)ရက္ေန႔ နံနက္(၇)နာရီ၌ စတင္မည္ျဖစ္ၿပီး ဧည့္ခံေကြ်းေမြးမည့္ အစီအစဥ္အား နံနက္(၉)နာရီမွ ေန႔လယ္(၁၂)နာရီအခ်ိန္အထိ သတ္မွတ္ထားေၾကာင္း သိရသည္။
ပြဲေတာ္အခ်ိန္အတြင္း သီဆိုေဖ်ာ္ေျဖမႈေရးမ်ား ပါ၀င္မည္ျဖစ္ၿပီး ညေန(၅း၂၀)နာရီအခ်ိန္တြင္ ကရင္အလံခ်ျခင္း အခမ္းအနားျဖင့္ ပြဲပိတ္သိမ္းသြားမည္ျဖစ္ေၾကာင္း သိရသည္။
ဓါတ္ပံု - TKLL ၊ RK
ဒီဇင်ဘာလ(၁၈)ရက်နေ့တွင် တာချီလိတ်၌ ကျင်းပမည့် ကရင်နှစ်သစ်ကူးပွဲအတွက် ပြင်ဆင်နေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၇ ခုနှစ် (ကရင်သက္ကရာဇ် (၂၇၅၇)ခုနှစ် ) ကရင်အမျိုးသား စုပေါင်းနှစ်သစ်ကူး ပွဲတော်အား နှစ်စဉ်ကျင်းပနေကျ ဆန်ဆိုင်း(ခ)ရပ်ကွက် မြို့နယ်မီးသတ်ရုံး အနောက်ဘက်ရှိ ငှက်ပျောခြံတွင် ဒီဇင်ဘာလ (၁၈)ရက်နေ့၌ ကျင်းပရန်အတွက် ဒီဇင်ဘာလ(၁၆)ရက်နေ့ကစ၍ ပြင်ဆင်နေလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပွဲတော်၏ ပထမပိုင်း အစီအစဉ်တွင် အလံတင် အခမ်းအနားအား ဒီဇင်ဘာလ(၁၈)ရက်နေ့ နံနက်(၇)နာရီ၌ စတင်မည်ဖြစ်ပြီး ဧည့်ခံကျွေးမွေးမည့် အစီအစဉ်အား နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီအချိန်အထိ သတ်မှတ်ထားကြောင်း သိရသည်။
ပွဲတော်အချိန်အတွင်း သီဆိုဖျော်ဖြေမှုရေးများ ပါဝင်မည်ဖြစ်ပြီး ညနေ(၅း၂၀)နာရီအချိန်တွင် ကရင်အလံချခြင်း အခမ်းအနားဖြင့် ပွဲပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
