ေက်ာက္မဲၿမိဳ႕ ေနအိမ္ေရႏုတ္ေျမာင္းအတြင္းမွ ဗံုးသီးတစ္လံုးေတြ႔

ေက်ာက္မဲၿမိဳ႕ ေနအိမ္ေရႏုတ္ေျမာင္းအတြင္းမွ ဗံုးသီးတစ္လံုးေတြ႔
ဒီဇင်ဘာ 16, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕၊ (၉)ရပ္ကြက္၊ ဇီဇဝါလမ္းမွ ေနအိမ္တစ္လံုးတြင္ ေရႏုတ္ေျမာင္း သန္႔ရွင္းေရးေဆာင္ရြက္စဥ္ ဒီဇင္ဘာလ (၁၅)ရက္ေန႔က ဗံုးသီးတစ္လံုးေတြ႔ရသျဖင့္ တပ္မေတာ္ႏွင့္ ရဲတပ္ဖြဲ႔ ပူးေပါင္းအဖြဲ႔ျဖင့္ ရွင္းလင္းေပးထားေၾကာင္း သိရသည္။

ေဒၚထြန္းေမသည္ ေနအိမ္ေရွ႕ ေရႏုတ္ေျမာင္းအား သန္႔ရွင္းေရးေဆာင္ရြက္စဥ္ ဗုံးသီးေဟာင္းအား ေတြ႕ရွိရသျဖင့္ သက္ဆုိင္ရာသို႔ အေၾကာင္းၾကားရာ တပ္မေတာ္သားမ်ားႏွင့္ ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္တို႔ပါဝင္သည့္ ပူးေပါင္းအဖြဲ႔က သြားေရာက္စစ္ေဆးခဲ့ရာ ပစ္ခတ္ၿပီး သံေခ်းတက္ေနေသာ အရွည္ ၁ေပ၊ လုံးပတ္ ၄ လက္မရွိ 82 mm ဗုံးသီးေဟာင္း ျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရိွရသျဖင့္ ခမရ(၅၀၁) စက္ပစ္ကြင္းအတြင္း၌ ေျမက်င္းတူးျမႇုဳပ္ႏွံခဲ့ေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း




~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၊ (၉)ရပ်ကွက်၊ ဇီဇဝါလမ်းမှ နေအိမ်တစ်လုံးတွင် ရေနုတ်မြောင်း သန့်ရှင်းရေးဆောင်ရွက်စဉ် ဒီဇင်ဘာလ (၁၅)ရက်နေ့က ဗုံးသီးတစ်လုံးတွေ့ရသဖြင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့ဖြင့် ရှင်းလင်းပေးထားကြောင်း သိရသည်။

ဒေါ်ထွန်းမေသည် နေအိမ်ရှေ့ ရေနုတ်မြောင်းအား သန့်ရှင်းရေးဆောင်ရွက်စဉ် ဗုံးသီးဟောင်းအား တွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားရာ တပ်မတော်သားများနှင့် ကျောက်မဲမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ပစ်ခတ်ပြီး သံချေးတက်နေသော အရှည် ၁ပေ၊ လုံးပတ် ၄ လက်မရှိ 82 mm ဗုံးသီးဟောင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ခမရ(၅၀၁) စက်ပစ်ကွင်းအတွင်း၌ မြေကျင်းတူးမြှုပ်နှံခဲ့ကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~