မူးယစ္တပ္ဖြဲ႕စု (၂၅)ေတာင္ႀကီးမွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ဒီဇင္ဘာလ (၁၀)ရက္ေန႔ နံနက္ (၁၀)နာရီခန္႔က ကေလာ - သာစည္ကားလမ္း မိုင္တိုင္အမွတ္ (၅၉/၁)တြင္ ရွာေဖြစစ္ေဆးမႈမ်ား ျပဳလုပ္ေနစဥ္ ကေလာၿမိဳ႕ဘက္မွ သာစည္ၿမိဳ႕ဘက္သို႔ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီးသည္ ေနာက္ျပန္လွည့္ ေမာင္းႏွင္ထြက္ေျပးသြား၍ လိုက္လံဖမ္းဆီးခဲ့ရာ ကေလာၿမိဳ႕နယ္၊ ေရေယာင္းမေက်းရြာ၊ မိုင္တိုင္အမွတ္ (၆၄/၁)အနီးတြင္ ေမာ္ေတာ္ယာဥ္ေပၚမွ ဆာလာအိတ္ တစ္အိတ္ကို ကားလမ္းေဘး ခ်ဳံထဲပစ္ခ်ၿပီး ဆက္လက္ေမာင္းႏွင္ သြားသျဖင့္ ပိတ္ဆို႔ ဖမ္းဆီးခဲ့ရေၾကာင္း သိရသည္။
ထြက္ေျပးသြားသည့္ ေမာ္ေတာ္ယာဥ္ကို ကေလာၿမိဳ႕နယ္၊ ေရယားေက်းရြာအနီး၌ ယာဥ္ေမာင္း ေက်ာ္ေဇယ်လင္း(ခ) ဘာစစ္ႏွင့္ ေဇာ္မင္းနိုင္(ခ) ကမားတို႔ႏွင့္အတူ ဖမ္းဆီးရမိၿပီး စိုးနိုင္(ခ)ယူႏြတ္မွာ ထြက္ေျပးတိမ္းေရွာင္သြားေၾကာင္း သိရသည္။
ပူးေပါင္းအဖြဲ႕သည္ ကားလမ္းေဘးခ်ဳံထဲမွ ဆာလာအိတ္ႏွင့္ ေမာ္ေတာ္ယာဥ္ကိုရွာေဖြစစ္ေဆးရာ စိတ္ႂကြ ႐ူးသြပ္ေဆးျပား (၈၀၀၀၀)အား ဖမ္းဆီးရမိျခင္းျဖစ္ၿပီး ကြင္းဆက္အရ ေတာင္ကုတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္း အဖြဲ႕သည္ ေတာင္ကုတ္ ၿမိဳ႕နယ္၊ ဝက္က်ိတ္ေက်းရြာအုပ္စု၊ မွိုဟင္းေတာေက်းရြာအနီး သေဘၤာဆိပ္ရွိ ငလုံးေတာင္၏ ကုန္ဂိုေဒါင္ကို ဒီဇင္ဘာလ (၁၀)ရက္ေန႔ ညေန (၉)နာရီ (၄၅)မိနစ္ခန္႔တြင္ ဝင္ေရာက္ရွာေဖြရာ ေဇာ္မင္းနိုင္(ခ)ကမားေပးပို႔သည့္ ပီနံအိတ္ (၉) အိတ္အတြင္းရွိ ေကာ္ဘူးမ်ားႏွင့္ စတီးေပါင္းအိုးမ်ားအတြင္း လၽွိုဳ႕ဝွက္ ထည့္သြင္းထားသည့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ႏွစ္သိန္းကို ထပ္မံသိမ္းဆည္းရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိမႈႏွင့္ပတ္သက္၍ ကုန္စည္ပို႔ေဆာင္ေရးတာဝန္ခံျဖစ္သည့္ ငလုံးေတာင္(ခ) ခင္ေမာင္ဆင့္၊ စံသိန္းႏွင့္ မူးယစ္ေဆးဝါး ျပစ္မႈက်ဴးလြန္သူ ေက်ာ္ေဇယ်လင္း(ခ)ဘာစစ္၊ ေဇာ္မင္းနိုင္(ခ)ကမားႏွင့္ ထြက္ေျပးလြတ္ေျမာက္ေနသည့္ စိုးနိုင္ (ခ)ယူႏြတ္တို႔အား သက္ဆုိင္ရာနယ္ေျမရဲစခန္းမ်ားတြင္ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။
သတင္း #နန္းဟြမ္ခမ္း
************
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်၊ မကွေ့ကျေးရွာအနီး ကလော-သာစည်ကားလမ်းမှ ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားများ သယ်လာသည့်ကားနှင့် ကွင်းဆက်အမှုဖြစ်သည့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ ဂိုဒေါင်တို့မှ ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် စိတ်ကြွရူးသွပ်ဆေးပြား သုံးသိန်းနီးပါးကို ဖမ်းဆီးရမိကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့စု (၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ (၁၀)ရက်နေ့ နံနက် (၁၀)နာရီခန့်က ကလော - သာစည်ကားလမ်း မိုင်တိုင်အမှတ် (၅၉/၁)တွင် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ် ကလောမြို့ဘက်မှ သာစည်မြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးသည် နောက်ပြန်လှည့် မောင်းနှင်ထွက်ပြေးသွား၍ လိုက်လံဖမ်းဆီးခဲ့ရာ ကလောမြို့နယ်၊ ရေယောင်းမကျေးရွာ၊ မိုင်တိုင်အမှတ် (၆၄/၁)အနီးတွင် မော်တော်ယာဉ်ပေါ်မှ ဆာလာအိတ် တစ်အိတ်ကို ကားလမ်းဘေး ချုံထဲပစ်ချပြီး ဆက်လက်မောင်းနှင် သွားသဖြင့် ပိတ်ဆို့ ဖမ်းဆီးခဲ့ရကြောင်း သိရသည်။
ထွက်ပြေးသွားသည့် မော်တော်ယာဉ်ကို ကလောမြို့နယ်၊ ရေယားကျေးရွာအနီး၌ ယာဉ်မောင်း ကျော်ဇေယျလင်း(ခ) ဘာစစ်နှင့် ဇော်မင်းနိုင်(ခ) ကမားတို့နှင့်အတူ ဖမ်းဆီးရမိပြီး စိုးနိုင်(ခ)ယူနွတ်မှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။
ပူးပေါင်းအဖွဲ့သည် ကားလမ်းဘေးချုံထဲမှ ဆာလာအိတ်နှင့် မော်တော်ယာဉ်ကိုရှာဖွေစစ်ဆေးရာ စိတ်ကြွ ရူးသွပ်ဆေးပြား (၈၀၀၀၀)အား ဖမ်းဆီးရမိခြင်းဖြစ်ပြီး ကွင်းဆက်အရ တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် တောင်ကုတ် မြို့နယ်၊ ဝက်ကျိတ်ကျေးရွာအုပ်စု၊ မှိုဟင်းတောကျေးရွာအနီး သင်္ဘောဆိပ်ရှိ ငလုံးတောင်၏ ကုန်ဂိုဒေါင်ကို ဒီဇင်ဘာလ (၁၀)ရက်နေ့ ညနေ (၉)နာရီ (၄၅)မိနစ်ခန့်တွင် ဝင်ရောက်ရှာဖွေရာ ဇော်မင်းနိုင်(ခ)ကမားပေးပို့သည့် ပီနံအိတ် (၉) အိတ်အတွင်းရှိ ကော်ဘူးများနှင့် စတီးပေါင်းအိုးများအတွင်း လျှိုု့ဝှက် ထည့်သွင်းထားသည့် စိတ်ကြွရူးသွပ်ဆေးပြား နှစ်သိန်းကို ထပ်မံသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ကုန်စည်ပို့ဆောင်ရေးတာဝန်ခံဖြစ်သည့် ငလုံးတောင်(ခ) ခင်မောင်ဆင့်၊ စံသိန်းနှင့် မူးယစ်ဆေးဝါး ပြစ်မှုကျူးလွန်သူ ကျော်ဇေယျလင်း(ခ)ဘာစစ်၊ ဇော်မင်းနိုင်(ခ)ကမားနှင့် ထွက်ပြေးလွတ်မြောက်နေသည့် စိုးနိုင် (ခ)ယူနွတ်တို့အား သက်ဆိုင်ရာနယ်မြေရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်း #နန်းဟွမ်ခမ်း