ခရီးသည္တင္ယာဥ္ျဖင့္ မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္လာသူမ်ားအား ကေလာၿမိဳ႕ စစ္ေဆးေရးဂိတ္တြင္ ဖမ္းဆီးရမိ

ခရီးသည္တင္ယာဥ္ျဖင့္ မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္လာသူမ်ားအား ကေလာၿမိဳ႕ စစ္ေဆးေရးဂိတ္တြင္ ဖမ္းဆီးရမိ
ဒီဇင်ဘာ 9, 2017
By 🌸
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ကေလာၿမိဳ႕အထြက္ သာစည္ပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ဒီဇင္ဘာလ (၈)ရက္ေန႔က ခရီးသည္တင္မွန္လုံေမာ္ေတာ္ယာဥ္ႏွစ္စီးတြင္ လုိက္ပါလာသည့္ ခရီးသည္မ်ားထံမွ  ေဆးေျခာက္ဘေလာက္တံုးမ်ားႏွင့္ ဘိန္းစိမ္းမ်ား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၅)ေတာင္ႀကီးမွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ဒီဇင္ဘာလ (၈) ရက္ေန႔က အဆိုပါဂိတ္တြင္ ခရီးသည္တင္မွန္လံုယာဥ္တစ္စီးအား စစ္ေဆးရာ ခရီးသည္မ်ားျဖစ္သည့္ သက္နိုင္ထြန္း (ခ) ရဲေလး၏ ခရီးေဆာင္အိတ္အတြင္းမွ ေဆးေျခာက္ဘေလာက္တုံး (၁၀.၅) ကီလို၊ နိုင္ဦး(ခ)ေအာင္ထြန္း၏ ေက်ာပိုးအိတ္အတြင္းမွ ေဆးေျခာက္ဘေလာက္တုံး (၄.၅) ကီလိုႏွင့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၁၈၀၀)တို႔အား ဖမ္းဆီးရမိၿပီး အဆိုပါ ဂိတ္တြင္ခရီးသည္တင္မွန္လုံေမာ္ေတာ္ယာဥ္ကိုရွာေဖြရာ ခရီးသည္ သန္႔ေဇာ္လင္း၏ ေက်ာပိုးအိတ္အတြင္းမွ ဘိန္းစိမ္း (၉) ကီလို ႏွင့္ ရွိန္းထက္ေအာင္၏ေက်ာပိုးအိတ္အတြင္းမွ ဘိန္းစိမ္း (၁၂) ကီလိုတို႔အား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

သက္နိုင္ထြန္း(ခ)ရဲေလး၊ နိုင္ဦး(ခ)ေအာင္ထြန္း၊ သန္႔ေဇာ္လင္း(ခ)ေဇာ္လင္းႏွင့္ ရွိန္းထက္ေအာင္တို႔အား မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း

~~~~~~~~⊰❂ unicode ~~~~~~~~
ခရီးသည်တင်ယာဉ်ဖြင့် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများအား ကလောမြို့ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိ
********************
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့အထွက် သာစည်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ဒီဇင်ဘာလ (၈)ရက်နေ့က ခရီးသည်တင်မှန်လုံမော်တော်ယာဉ်နှစ်စီးတွင် လိုက်ပါလာသည့် ခရီးသည်များထံမှ  ဆေးခြောက်ဘလောက်တုံးများနှင့် ဘိန်းစိမ်းများ ဖမ်းဆီးရမိကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ (၈) ရက်နေ့က အဆိုပါဂိတ်တွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီးအား စစ်ဆေးရာ ခရီးသည်များဖြစ်သည့် သက်နိုင်ထွန်း (ခ) ရဲလေး၏ ခရီးဆောင်အိတ်အတွင်းမှ ဆေးခြောက်ဘလောက်တုံး (၁၀.၅) ကီလို၊ နိုင်ဦး(ခ)အောင်ထွန်း၏ ကျောပိုးအိတ်အတွင်းမှ ဆေးခြောက်ဘလောက်တုံး (၄.၅) ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား (၁၁၈၀၀)တို့အား ဖမ်းဆီးရမိပြီး အဆိုပါ ဂိတ်တွင်ခရီးသည်တင်မှန်လုံမော်တော်ယာဉ်ကိုရှာဖွေရာ ခရီးသည် သန့်ဇော်လင်း၏ ကျောပိုးအိတ်အတွင်းမှ ဘိန်းစိမ်း (၉) ကီလို နှင့် ရှိန်းထက်အောင်၏ကျောပိုးအိတ်အတွင်းမှ ဘိန်းစိမ်း (၁၂) ကီလိုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သက်နိုင်ထွန်း(ခ)ရဲလေး၊ နိုင်ဦး(ခ)အောင်ထွန်း၊ သန့်ဇော်လင်း(ခ)ဇော်လင်းနှင့် ရှိန်းထက်အောင်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်း #နန်းဟွမ်ခမ်း
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~