အထက(တာခ်ီလိတ္)မွ ေက်ာင္းသား၊ ေက်ာင္းသူေဟာင္းမ်ား၏ စတုတၳအႀကိမ္ေျမာက္ ျမတ္ဆရာကန္ေတာ့ပြဲ ႏွင့္ ေတြ႔ဆံုပြဲသို႔ ကန္ေတာ့ခံ ဆရာ/မ (၆၀)ေက်ာ္ တက္ေရာက္

အထက(တာခ်ီလိတ္)မွ ေက်ာင္းသား၊ ေက်ာင္းသူေဟာင္းမ်ား၏ စတုတၳအႀကိမ္ေျမာက္ ျမတ္ဆရာကန္ေတာ့ပြဲ ႏွင့္ ေတြ႔ဆံုပြဲသို႔ ကန္ေတာ့ခံ ဆရာ/မ (၆၀)ေက်ာ္ တက္ေရာက္
ဒီဇင်ဘာ 11, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တာခ်ီလိတ္ၿမိဳ႕ရွိ အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)မွ ေက်ာင္းသား၊ ေက်ာင္းသူေဟာင္းမ်ား၏ စတုတၳအႀကိမ္ေျမာက္  ျမတ္ဆရာကန္ေတာ့ပြဲ ႏွင့္ ေတြ႔ဆံုပြဲအား အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)အတြင္း၌ ၂၀၁၇ခုႏွစ္ ဒီဇင္ဘာလ(၁၀)ရက္ေန႔ ညေန(၃)နာရီအခ်ိန္က စတင္၍ ည(၈)နာရီခြဲအခ်ိန္အထိ က်င္းပရာ ကန္ေတာ့ခံ ဆရာ/မ (၆၀)ေက်ာ္ တက္ေရာက္ေၾကာင္း သိရသည္။

အဆိုပါပြဲအား ညေန(၃)နာရီအခ်ိန္က စတင္ၿပီးျပဳလုပ္ၿပီး ညေန(၅)နာရီခြဲအခ်ိန္တြင္ ျမတ္ဆရာကန္ေတာ့ပြဲအစီအစဥ္အား စတင္ရာ အသက္(၇၅)ႏွစ္အထက္ လည္းေကာင္း၊ အသက္(၅၅)ႏွစ္အထက္ လည္းေကာင္း၊ အသက္(၅၀)အထက္ လည္းေကာင္း စသည့္ ဆရာ/မမ်ားအား (၃)မ်ဳိးခြဲ၍ ေက်ာင္းသား/သူေဟာင္းႀကီးမ်ား ႏွင့္ ေက်ာင္းသား/သူေဟာင္းငယ္မ်ားက ကန္ေတာ့ခဲ့ၾကသည္။

ကန္ေတာ့ပြဲတြင္ ကန္ေတာ့ခံဆရာ/မမ်ားကိုယ္စား အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)တြင္ ၁၉၆၃ခုႏွစ္မွ ၁၉၇၇ခုႏွစ္အထိ (၁၄)ႏွစ္တိတိ ေက်ာင္းအုပ္ဆရာႀကီးအျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့ဖူးသည့္ အၿငိမ္းစား ေက်ာင္းအုပ္ဆရာႀကီး ဦးဘိုးသိန္းရွင္က ဆံုးမၾသ၀ါဒစကားေျပာၾကားၿပီး လက္ရွိ ေက်ာင္းအုပ္ဆရာႀကီး ဦးေအးသိန္းက  ပြဲက်င္းပျခင္းအတြက္ ၀မ္းသာပီတိစကားဆိုကာ ပြဲက်င္းပေရးေကာ္မတီ ဥကၠဌ ဦးတင္၀င္းက ၀မ္းသာပီတိစကား ေျပာၾကားခဲ့ၾကသည္။

ကန္ေတာ့ပြဲအခမ္းအနားတြင္ ၾကားျဖတ္အစီအစဥ္ျဖင့္ အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)မွ ေက်ာင္းသား၊ ေက်ာင္းသူေဟာင္းမ်ား ျဖစ္သည့္ ဦးဖစ္လစ္ရီ+ေဒၚျဖဴျဖဴဝင္းမိသားစု ရန္ကုန္ၿမိဳ႕မွ  ဖုန္း(၃)လံုး၊ ဦးဘိုေလး(TBC)+ေဒၚေမရီမိသားစုမွ ဖုန္း(၂)လံုး၊ ဦးရစ္ခ်က္ + ေဒၚနန္းပီယာရီ မိသားစု မန္ရတနာပုံေလေၾကာင္းမ ဖုန္း(၂)လံုး၊  ဦးစုိင္းရွဲန္+ေဒၚနန္းက်င္ေထြး မိသားစု ေရႊငါးအိမ္ေဆာက္ပစၥည္းဆုိင္မွ ဖုန္း(၁)လံုး ႏွင့္ ဦးစုိင္းလုံးတစ္+ေဒၚနန္းဝုိးဟြမ္ မိသားစု ထက္ထက္လင္းပရိေဘာဂဆုိင္မွ ဖုန္း(၁)လံုး စုစုေပါင္း OPPO ႏွင့္ Vivo အမ်ဳိးအစား ဖုန္း(၉)လံုးအား ပြဲက်င္းပေရးအဖြဲ႔မွ (၉)ဦးအား ေမတၱလက္ေဆာင္အျဖစ္ ေပးအပ္ခ်ီးျမႇင့္သည္။

ကန္ေတာ့သည့္ အစီအစဥ္ၿပီးသည့္ ေနာက္တြင္ ကန္ေတာ့ခံတက္ေရာက္သူ ဆရာ/မမ်ား ႏွင့္ အသက္(၅၀)ေအာက္ ဧည့္ခံပြဲအတြက္ ဖိတ္ၾကားထားသည့္ ဆရာ/မမ်ားအား ေဟာ့ေပ့ါျဖင့္ တည္ခင္းဧည့္ခံေကြ်းေမြးခဲ့ေၾကာင္း ႏွင့္ ပြဲအတြင္း၌ ေက်ာင္းသား/သူေဟာင္းႀကီးမ်ား အတြက္ ေဟာ့ေပါ့ျဖင့္ လည္းေကာင္း ေက်ာင္းသား/သူေဟာင္းငယ္မ်ားအတြက္ ဘူေဖလ္းစနစ္ျဖင့္ လည္းေကာင္း ေကြ်းေမြးခဲ့ၾကၿပီး တက္ေရာက္လာသူမ်ားထဲမွ အဆို၀ါသနာရွင္မ်ားက သီခ်င္းသီဆိုကာ ေဖ်ာ္ေျဖခဲ့ၾကသည္။

စတုတၳအႀကိမ္ေျမာက္  ျမတ္ဆရာကန္ေတာ့ပြဲ ႏွင့္ ေတြ႔ဆံုပြဲ ျဖစ္ေျမာက္ရန္အတြက္ အထက(တာခ်ီလိတ္)၏ ေက်ာင္းသား/သူေဟာင္းမ်ားက ရန္ပံုေငြမ်ား ထည့္၀င္ၾကသည့္အတြက္ ပြဲအား ေအာင္ျမင္စြာ က်င္းပႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းႏွင့္ ပြဲေတာ္ႏွင့္ပတ္သက္၍ ေငြေၾကး စာရင္းရွင္းတမ္းအား "အထက - တာခ်ီလိတ္ ေက်ာင္းသူ ေက်ာင္းသားေဟာင္းမ်ား" Facebook Page တြင္ ေဖာ္ျပသြားမည္ျဖစ္ေၾကာင္း ပြဲက်င္းပေရးအဖြဲ႔ထံက သိရသည္။

ပြဲေတာ္က်င္းပရန္ လိုအပ္သည့္ ျပင္ဆင္မႈမ်ားအတြက္ အလင္းေရာင္ပရဟိတအသင္းမွ ပါ၀င္ကူညီေပးသည့္အျပင္ ႏွစ္အကန္႔အသတ္မရွိ ေက်ာင္းသား/သူေဟာင္းမ်ားက စုေပါင္း ပါ၀င္ကာ က႑အသီးသီးတို႔တြင္ ပါ၀င္ကူညီေဆာင္ရြက္ေၾကာင္း ႏွင့္ ပြဲက်င္းပေရးအဖြဲ႔မွ အလင္းေရာင္ပရဟိတအသင္းသို႔ အလွဴေငြ ဘတ္(၁၀၀၀၀)အား လွဴဒါန္းလိုက္ေၾကာင္း သိရသည္။

အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)အား (၁၉၅၅)ခုႏွစ္၀န္းက်င္က စတင္ဖြင့္ခဲ့ျခင္းျဖစ္ၿပီး ၁၉၅၅ခုႏွစ္မွ စ၍ ၂၀၁၇ခုႏွစ္အထိ ေက်ာင္းအုပ္ဆရာႀကီး (၁၇)ဦး တာ၀န္ထမ္းေဆာင္ခဲ့ၾကရာ ပထမဦးဆံုး ေက်ာင္းအုပ္ဆရာႀကီးအေနျဖင့္ ၁၉၅၅ ခုႏွစ္မွ ၁၉၅၈ခုႏွစ္အထိ ဆရာႀကီး ဦးစိုင္းပီးမွ တာ၀န္ထမ္းေဆာင္ခဲ့ၿပီး လက္ရွိ ၂၀၁၇ခုႏွစ္တြင္ ဆရာႀကီး ဦးေအးသိန္းမွ တာ၀န္ထမ္းေဆာင္ေနလ်က္ရွိသည္။

ဓါတ္ပံု - ေဇာင္းညီ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)မှ ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ စတုတ္ထအကြိမ်မြောက် မြတ်ဆရာကန်တော့ပွဲ နှင့် တွေ့ဆုံပွဲအား အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)အတွင်း၌ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့ ညနေ(၃)နာရီအချိန်က စတင်၍ ည(၈)နာရီခွဲအချိန်အထိ ကျင်းပရာ ကန်တော့ခံ ဆရာ/မ (၆၀)ကျော် တက်ရောက်ကြောင်း သိရသည်။

အဆိုပါပွဲအား ညနေ(၃)နာရီအချိန်က စတင်ပြီးပြုလုပ်ပြီး ညနေ(၅)နာရီခွဲအချိန်တွင် မြတ်ဆရာကန်တော့ပွဲအစီအစဉ်အား စတင်ရာ အသက်(၇၅)နှစ်အထက် လည်းကောင်း၊ အသက်(၅၅)နှစ်အထက် လည်းကောင်း၊ အသက်(၅၀)အထက် လည်းကောင်း စသည့် ဆရာ/မများအား (၃)မျိုးခွဲ၍ ကျောင်းသား/သူဟောင်းကြီးများ နှင့် ကျောင်းသား/သူဟောင်းငယ်များက ကန်တော့ခဲ့ကြသည်။

ကန်တော့ပွဲတွင် ကန်တော့ခံဆရာ/မများကိုယ်စား အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် ၁၉၆၃ခုနှစ်မှ ၁၉၇၇ခုနှစ်အထိ (၁၄)နှစ်တိတိ ကျောင်းအုပ်ဆရာကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးဘိုးသိန်းရှင်က ဆုံးမသြဝါဒစကားပြောကြားပြီး လက်ရှိ ကျောင်းအုပ်ဆရာကြီး ဦးအေးသိန်းက ပွဲကျင်းပခြင်းအတွက် ဝမ်းသာပီတိစကားဆိုကာ ပွဲကျင်းပရေးကော်မတီ ဥက္ကဌ ဦးတင်ဝင်းက ဝမ်းသာပီတိစကား ပြောကြားခဲ့ကြသည်။

ကန်တော့ပွဲအခမ်းအနားတွင် ကြားဖြတ်အစီအစဉ်ဖြင့် အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)မှ ကျောင်းသား၊ ကျောင်းသူဟောင်းများ ဖြစ်သည့် ဦးဖစ်လစ်ရီ+ဒေါ်ဖြူဖြူဝင်းမိသားစု ရန်ကုန်မြို့မှ ဖုန်း(၃)လုံး၊ ဦးဘိုလေး(TBC)+ဒေါ်မေရီမိသားစုမှ ဖုန်း(၂)လုံး၊ ဦးရစ်ချက် + ဒေါ်နန်းပီယာရီ မိသားစု မန်ရတနာပုံလေကြောင်းမ ဖုန်း(၂)လုံး၊ ဦးစိုင်းရှဲန်+ဒေါ်နန်းကျင်ထွေး မိသားစု ရွှေငါးအိမ်ဆောက်ပစ္စည်းဆိုင်မှ ဖုန်း(၁)လုံး နှင့် ဦးစိုင်းလုံးတစ်+ဒေါ်နန်းဝိုးဟွမ် မိသားစု ထက်ထက်လင်းပရိဘောဂဆိုင်မှ ဖုန်း(၁)လုံး စုစုပေါင်း OPPO နှင့် Vivo အမျိုးအစား ဖုန်း(၉)လုံးအား ပွဲကျင်းပရေးအဖွဲ့မှ (၉)ဦးအား မေတ္တလက်ဆောင်အဖြစ် ပေးအပ်ချီးမြှင့်သည်။

ကန်တော့သည့် အစီအစဉ်ပြီးသည့် နောက်တွင် ကန်တော့ခံတက်ရောက်သူ ဆရာ/မများ နှင့် အသက်(၅၀)အောက် ဧည့်ခံပွဲအတွက် ဖိတ်ကြားထားသည့် ဆရာ/မများအား ဟော့ပေါ့ဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း နှင့် ပွဲအတွင်း၌ ကျောင်းသား/သူဟောင်းကြီးများ အတွက် ဟော့ပေါ့ဖြင့် လည်းကောင်း ကျောင်းသား/သူဟောင်းငယ်များအတွက် ဘူဖေလ်းစနစ်ဖြင့် လည်းကောင်း ကျွေးမွေးခဲ့ကြပြီး တက်ရောက်လာသူများထဲမှ အဆိုဝါသနာရှင်များက သီချင်းသီဆိုကာ ဖျော်ဖြေခဲ့ကြသည်။

စတုတ္ထအကြိမ်မြောက် မြတ်ဆရာကန်တော့ပွဲ နှင့် တွေ့ဆုံပွဲ ဖြစ်မြောက်ရန်အတွက် အထက(တာချီလိတ်)၏ ကျောင်းသား/သူဟောင်းများက ရန်ပုံငွေများ ထည့်ဝင်ကြသည့်အတွက် ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ပွဲတော်နှင့်ပတ်သက်၍ ငွေကြေး စာရင်းရှင်းတမ်းအား "အထက - တာချီလိတ် ကျောင်းသူ ကျောင်းသားဟောင်းများ" Facebook Page တွင် ဖော်ပြသွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေးအဖွဲ့ထံက သိရသည်။

ပွဲတော်ကျင်းပရန် လိုအပ်သည့် ပြင်ဆင်မှုများအတွက် အလင်းရောင်ပရဟိတအသင်းမှ ပါဝင်ကူညီပေးသည့်အပြင် နှစ်အကန့်အသတ်မရှိ ကျောင်းသား/သူဟောင်းများက စုပေါင်း ပါဝင်ကာ ကဏ္ဍအသီးသီးတို့တွင် ပါဝင်ကူညီဆောင်ရွက်ကြောင်း နှင့် ပွဲကျင်းပရေးအဖွဲ့မှ အလင်းရောင်ပရဟိတအသင်းသို့ အလှူငွေ ဘတ်(၁၀၀၀၀)အား လှူဒါန်းလိုက်ကြောင်း သိရသည်။

အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)အား (၁၉၅၅)ခုနှစ်ဝန်းကျင်က စတင်ဖွင့်ခဲ့ခြင်းဖြစ်ပြီး ၁၉၅၅ခုနှစ်မှ စ၍ ၂၀၁၇ခုနှစ်အထိ ကျောင်းအုပ်ဆရာကြီး (၁၇)ဦး တာဝန်ထမ်းဆောင်ခဲ့ကြရာ ပထမဦးဆုံး ကျောင်းအုပ်ဆရာကြီးအနဖြေင့် ၁၉၅၅ ခုနှစ်မှ ၁၉၅၈ခုနှစ်အထိ ဆရာကြီး ဦးစိုင်းပီးမှ တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိ ၂၀၁၇ခုနှစ်တွင် ဆရာကြီး ဦးအေးသိန်းမှ တာဝန်ထမ်းဆောင်နေလျက်ရှိသည်။

ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~