ျမန္မာႏိုင္ငံတြင္ ပထမဆံုးအႀကိမ္ ျပဳလုပ္သည့္ အဆိုပါလႈပ္ရွားမႈတြင္ World Toilet Day ႏွင့္ ပတ္သက္သည့္ အသိပညာေပး လက္ကမ္းစာေစာင္ေတြ မွ်ေဝျခင္း၊ ဘုရားပရဝုဏ္အတြင္းရိွ သန္႔စင္ခန္း (၁၆၄)ခန္းႏွင့္ ၿမိဳ႕တြင္းရိွ အမ်ားသံုးသန္႔စင္ခန္း (၁၂)ခန္းတြင္ အနံ႔ဆိုးမ်ား ကင္းစင္ေစေရး လုပ္ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
ကမၻာလူဦးေရ၏ ၆၀ ရာခိုင္ႏႈန္းျဖစ္သည့္ လူဦးေရ(၄.၅)သန္းခန္႔သည္ အိမ္သာမရိွသည့္ (သို႔မဟုတ္) သန္႔ရွင္းသည့္ အိမ္သာမ်ားမသံုးစြဲႏိုင္သည့္ဝန္းက်င္တြင္ ေနထိုင္ေနရဆဲျဖစ္ေၾကာင္း WHO ႏွင့္ UNICEF တို႔၏ အစီရင္ခံစာမ်ားအရ သိရၿပီး အဆိုပါ ျပႆနာမ်ားအား ေျဖရွင္းႏုိင္ေရးအတြက္ ကမၻာ့ကုလသမဂၢ(UN) က ၂၀၁၃ ခုႏွစ္မွစတင္ကာ World Toilet Day အျဖစ္ ႏိုဝင္ဘာလ (၁၉)ရက္ေန႔အားသတ္မွတ္ၿပီး ႏွစ္စဥ္က်င္းပကာ အသိေပးလံႈ႔ေဆာ္ေနျခင္းျဖစ္သည္။
၂၀၁၇ ခုႏွစ္ World Toilet Day ၏ ေဆာင္ပုဒ္အျဖစ္ “Wastewater” ဟု သတ္မွတ္ထားၿပီး မိလႅာစနစ္မွ ေရဆိုးေရညစ္မ်ား ေလွ်ာ့ခ်ျခင္းႏွင့္ ေကာင္းမြန္သည့္ မိလႅာစနစ္မ်ား ေဆာင္ရြက္ျခင္းျဖင့္ အဆိုပါဆိုးက်ိဳးမ်ားေၾကာင့္ ႏွစ္စဥ္ လူဦးေရ (၈၄၂၀၀၀)ခန္႔ ေသဆံုးေနရျခင္းအား ကာကြယ္ႏုိင္ရန္ လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။
မိလႅာစနစ္မေကာင္းျခင္းေၾကာင့္ ေရာဂါပိုးပ်ံ႕ႏွံ႔ကာ အထူးသျဖင့္ ကေလးငယ္မ်ားတြင္ ဝမ္းႏွင့္ပတ္သက္သည့္ ေရာဂါျဖစ္ပြားမႈ ေလ်ာ့က်ေစေရး လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရၿပီး ၂၀၁၆ ခုႏွစ္ ေဆာင္ပုဒ္အျဖစ္ “Toilets and Jobs” ဟု သတ္မွတ္ခဲ့ကာ အမ်ိဳးသမီးမ်ားႏွင့္ ကေလးငယ္မ်ား ဂုဏ္သိကၡာႏွင့္ က်န္းမာေရး ရႈေထာင့္အရ အိမ္သာလိုအပ္ခ်က္မ်ားကို အသိပညာေပးခဲ့ျခင္း ျဖစ္သည္။
ေရႊျပည္အင္အား ကုမၸဏီလီမိတက္သည္ ေရႊေတာင္ႀကီး အန႔႔ံဆိုးေပ်ာက္ ေရဆိုးေရညစ္သန္႔ သဘာဝသန္႔စင္ရည္ႏွင့္ သဘာဝအတိုင္းထုတ္လုပ္ထားသည့္ GT ဆပ္ျပာမ်ားကို ျဖန္႔ျဖဴးထုတ္လုပ္ေနျခင္း ျဖစ္သည္။
ဓါတ္ပံု #STG
***********
နိုဝင်ဘာလ (၁၉)ရက်နေ့တွင် ကျရောက်သည့် World Toilet Day အထိမ်းအမှတ်အဖြစ် ရွှေပြည်အင်အား ကုမ္ပဏီလီမိတက်က ရန်ကုန်မြို့တွင်း အများသုံးအိမ်သာများနှင့် ရွှေတိဂုံဘုရားမှ အိမ်သာများ သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ မျှဝေသည့် ကမ်ပိန်းတစ်ခုကို လုပ်ဆောင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်သည့် အဆိုပါလှုပ်ရှားမှုတွင် World Toilet Day နှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်တွေ မျှဝေခြင်း၊ ဘုရားပရဝုဏ်အတွင်းရှိ သန့်စင်ခန်း (၁၆၄)ခန်းနှင့် မြို့တွင်းရှိ အများသုံးသန့်စင်ခန်း (၁၂)ခန်းတွင် အနံ့ဆိုးများ ကင်းစင်စေရေး လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
ကမ္ဘာလူဦးရေ၏ ၆၀ ရာခိုင်နှုန်းဖြစ်သည့် လူဦးရေ(၄.၅)သန်းခန့်သည် အိမ်သာမရှိသည့် (သို့မဟုတ်) သန့်ရှင်းသည့် အိမ်သာများမသုံးစွဲနိုင်သည့်ဝန်းကျင်တွင် နေထိုင်နေရဆဲဖြစ်ကြောင်း WHO နှင့် UNICEF တို့၏ အစီရင်ခံစာများအရ သိရပြီး အဆိုပါ ပြဿနာများအား ဖြေရှင်းနိုင်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ(UN) က ၂၀၁၃ ခုနှစ်မှစတင်ကာ World Toilet Day အဖြစ် နိုဝင်ဘာလ (၁၉)ရက်နေ့အားသတ်မှတ်ပြီး နှစ်စဉ်ကျင်းပကာ အသိပေးလှုံ့ဆော်နေခြင်းဖြစ်သည်။
၂၀၁၇ ခုနှစ် World Toilet Day ၏ ဆောင်ပုဒ်အဖြစ် “Wastewater” ဟု သတ်မှတ်ထားပြီး မိလ္လာစနစ်မှ ရေဆိုးရေညစ်များ လျှော့ချခြင်းနှင့် ကောင်းမွန်သည့် မိလ္လာစနစ်များ ဆောင်ရွက်ခြင်းဖြင့် အဆိုပါဆိုးကျိုးများကြောင့် နှစ်စဉ် လူဦးရေ (၈၄၂၀၀၀)ခန့် သေဆုံးနေရခြင်းအား ကာကွယ်နိုင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
မိလ္လာစနစ်မကောင်းခြင်းကြောင့် ရောဂါပိုးပျံ့နှံ့ကာ အထူးသဖြင့် ကလေးငယ်များတွင် ဝမ်းနှင့်ပတ်သက်သည့် ရောဂါဖြစ်ပွားမှု လျော့ကျစေရေး လုပ်ဆောင်မည်ဖြစ်ကြောင်း သိရပြီး ၂၀၁၆ ခုနှစ် ဆောင်ပုဒ်အဖြစ် “Toilets and Jobs” ဟု သတ်မှတ်ခဲ့ကာ အမျိုးသမီးများနှင့် ကလေးငယ်များ ဂုဏ်သိက္ခာနှင့် ကျန်းမာရေး ရှုထောင့်အရ အိမ်သာလိုအပ်ချက်များကို အသိပညာပေးခဲ့ခြင်း ဖြစ်သည်။
ရွှေပြည်အင်အား ကုမ္ပဏီလီမိတက်သည် ရွှေတောင်ကြီး အန့့ံဆိုးပျောက် ရေဆိုးရေညစ်သန့် သဘာဝသန့်စင်ရည်နှင့် သဘာဝအတိုင်းထုတ်လုပ်ထားသည့် GT ဆပ်ပြာများကို ဖြန့်ဖြူးထုတ်လုပ်နေခြင်း ဖြစ်သည်။
ဓါတ်ပုံ #STG
