ရှမ်းပြည်နယ် (အရှေ့ ပိုင်း) ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ်၏ ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်တွင် တက်ရောက်ခွင့်ရရှိသူ (၁၀၀)ဦးရှိသဖြင့် ယခင်ပညာသင်နှစ်ထက် တက်ရောက်ခွင့်ရသူ တိုးလာကြောင်း သိရသည်။
သတင်း #ဇွဲမြတ်
"ဒီနှစ် ကျိုင်းတုံကွန်ပျူတာတက္ကသိုလ်ကို တက်ရောက်ခွင့်ရတဲ့သူက အယောက်(၁၀၀)ရှိပါတယ်။ အောက်တိုဘာလ တတိယပတ်တုန်းကတော့ ကျောင်းဝင်ခွင့်ရသူ ဦးရေကိုပဲ ထုတ်ပြန်ပေးခဲ့ပါတယ်။ အဲဒီတုန်းကတော့ (၈၁)ယောက်ဝင်ခွင့်ရတယ်ဆိုပြီး ကြေညာပေးခဲ့ပါတယ်။ နောက်ဆုံးထွက်ရှိလာတဲ့ စာရင်းမှာတော့ အရင်က ဝင်ခွင့်ရတဲ့(၈၁)ယောက်နဲ့ ထပ်တိုးစာရင်းများအရ အယောက်(၁၀၀)ဝင်ခွင့်ရပါတယ်"ဟု ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ်ဝင်ခွင့်အမှတ်အား အနိမ့်ဆုံး (၃၃၃)မှတ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံကွန်ပျူတာတက္ကသိုလ်တွင် ၂၀၁၆- ၂၀၁၇ ပညာသင်နှစ်က တက်ရောက်ခွင့်ရသူ(၇၂)ဦးသာ ရှိပြီး ယခုပညာသင်နှစ်သည် တက်ရောက်ခွင့်ရသူအများဆုံးဖြစ်ကြောင်း သိရသည်။
သတင်း #ဇွဲမြတ်
ဓာတ်ပုံ - University of Computer Studies, Kyaing Tone
