ျမန္မာ - ထိုင္း နယ္စပ္ေဒသ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ တရားမဝင္ ဝင္ေရာက္လာၿပီး မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိမႈေၾကာင့္ လဝကအက္ဥပေဒႏွင့္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကို ေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ ျပစ္ဒဏ္က်ခံေနရသည့္ ထုိင္းႏိုင္ငံသားမွာ ျပစ္ဒဏ္ေစ့သြားသျဖင့္ ႏုိဝင္ဘာလ (၁)ရက္ေန႔တြင္ တာခ်ီလိတ္မွ တဆင့္ ထိုင္းႏုိင္ငံ မယ္ဆိုင္ဘက္သို႔ ျပန္လည္ လႊဲေျပာင္းေပးလုိက္ေၾကာင္း သိရသည္။
အဆုိပါ ထုိင္းႏုိင္ငံသား Yuttana Naruechit သည္ တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္ဘက္တြင္ ေရေၾကာင္းလမ္္းမွ တရားမဝင္ ဝင္ေရာက္လာသည္ကို ၂၀၁၅ ခုႏွစ္ ေမလ (၁၅)ရက္ေန႔က ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ၿပီး လဝကအက္ဥပေဒအရ အလုပ္ႏွင့္ ေထာင္ဒဏ္ (၆)လႏွင့္ မူး/စိတ္ဥပေဒပုဒ္မ ၁၅ အရ အလုပ္ႏွင့္ ေထာင္ဒဏ္ (၃) စုစုေပါင္း အလုပ္ႏွင့္ ေထာင္ဒဏ္ ၃ ႏွစ္ ၆ လ ျပစ္ဒဏ္ က်ခဲ့ျခင္းျဖစ္သည္။
အဆိုပါ ထိုင္းႏုိင္ငံသားအား ျမန္မာႏိုင္ငံဘက္တြင္ အမည္ပ်က္စာရင္း ေရးသြင္းထားၿပီး ျမန္မာႏိုင္ငံဘက္မွ လဝက တာဝန္ရိွသူမ်ား၊ ရဲတပ္ဖြဲ႔တို႔ ပါဝင္သည့္ ပူးေပါင္းျပည္ႏွင္အဖြဲ႔က ထုိင္းႏုိင္ငံမွ တာဝန္ရိွသူမ်ားထံ တာခ်ီလိတ္ၿမိဳ႕ရိွ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးတံတားအမွတ္(၁) အလယ္တြင္တြင္ လႊဲေျပာင္းေပးလုိက္ေၾကာင္း သိရသည္။
အဆိုပါ ထိုင်းနိုင်ငံသား Yuttana Naruechit သည် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ဘက်တွင် ရေကြောင်းလမ်းမှ တရားမဝင် ဝင်ရောက်လာသည်ကို ၂၀၁၅ ခုနှစ် မေလ (၁၅)ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး လဝကအက်ဥပဒေအရ အလုပ်နှင့် ထောင်ဒဏ် (၆)လနှင့် မူး/စိတ်ဥပဒေပုဒ်မ ၁၅ အရ အလုပ်နှင့် ထောင်ဒဏ် (၃) စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ၆ လ ပြစ်ဒဏ် ကျခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထိုင်းနိုင်ငံသားအား မြန်မာနိုင်ငံဘက်တွင် အမည်ပျက်စာရင်း ရေးသွင်းထားပြီး မြန်မာနိုင်ငံဘက်မှ လဝက တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းပြည်နှင်အဖွဲ့က ထိုင်းနိုင်ငံမှ တာဝန်ရှိသူများထံ တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၁) အလယ်တွင်တွင် လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။
