ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းတွင် နိုဝင်ဘာလ (၂)ရက်နေ့ ညနေပိုင်းက မဟာဘုံကထိန်ပဒေသာပင် ပြသပွဲ နှင့် နိဗ္ဗာန်ဈေးပွဲတော် ကျင်းပရာ အစားအသောက်မျိုးစုံ ပါဝင်လှူဒါန်းသည့် အလှူရှင် (၃၆)ဦးရှိကြောင်း သိရသည်။
ဓာတ်ပုံ - #ဇွဲမြတ်
တာချီလိတ်မြို့တွင် မဟာဘုံကထိန်မှ ပဒေသာပင်များအား နှစ်စဉ် အောင်မြတ်ခန်းမ၌ ထားရှိရာမှ ယခုနှစ်တွင် ရှမ်းရိုးမကွင်းအတွင်း ပဒေသာပင်များအား ထားရှိပြီး နိဗ္ဗာန်ဈေးပွဲတော်ကိုပါ ထည့်သွင်းကျင်းပခြင်းသည်။
တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် ပြုလုပ်သည့် ပထမအကြိမ် မဟာဘုံကထိန်ပဒေသာပင် ပြသပွဲတွင် ထည့်သွင်းလိုက်သည့် နိဗ္ဗာန်ဈေးပွဲတော်သို့ ဒေသခံအလှူရှင်များက ပါဝင်လှူဒါန်းမှုများဖြင့် ညနေ (၄း၃၀)နာရီ ဝန်းကျင်ကစ၍ စည်ကားစွာကျင်းပနိုင်ခဲ့ကြောင်း နှင့် အစားအစာများမှာ ခဏလေးနှင့် ကုန်သွားခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - #ဇွဲမြတ်
