ရှမ်းပြည်နယ် (အရှေ့ ပိုင်း) ကျိုင်းတုံမြို့ အမှတ်(၃)ရပ်ကွက်ရှိ နောင်ခမ်းကန်တွင် အမျိုးသားတစ်ဦး၏ အလောင်းကို နိုဝင်ဘာလ (၁၂)ရက်နေ့ ညနေ (၆)နာရီခန့်က တွေ့ရှိရကြောင်း သိရသည်။
သတင်း #ဇွဲမြတ်
"သေသွားတဲ့လူက ရေနစ်သေသွားတာ (၃)ရက်လောက်ရှိပြီလို့ အားလုံးက ကောက်ချက်ချကြတယ်။ အလောင်းကတော့ ဒီနေ့ညနေမှ ပေါ်တာပေါ့။ ပြီးတော့ သူက ဒီကန်နားမှာပဲအိပ်တဲ့ အိမ်ခြေမဲ့ တစ်ယောက်ပါ။ ကျွန်တော်ထင်တာကတော့ မူးပြီးပြုတ်ကျသွားတယ် ထင်တယ်။ သူ့ရဲ့ စောင်တွေ ကလည်း အဲဒီနားမှာပဲ တွေ့ရတယ်။ အိပ်ရင်းနဲ့ ကျသွားတယ်ထင်ပါတယ်"ဟု အဆိုပါ အလောင်းအား ဆယ်ယူ၍ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့် ကျိုင်းတုံမြို့ နှလုံးလှပိုင်ရှင်များ အခမဲ့ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးကျော်သူအောင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို နှလုံးလှပိုင်ရှင်များအသင်းက ဆယ်ယူ၍ ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
သတင်း #ဇွဲမြတ်
ဓာတ်ပုံ # နှလုံးလှပိုင်ရှင်များ အခမဲ့ လူမှုကူညီရေးအသင်း
