ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၏(၄၇)ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲကို အောင်ဇေယျ အားကစားကွင်းတွင် နိုဝင်ဘာလ (၂) ရက်နေ့မှစ၍ နှစ်ရက်တာကျင်းပနေပြီး ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ မီးပုံးပျံအဖွဲ့(၉)ဖွဲ့ ပါဝင်ယှဉ်ပြိုင်ကြောင်း သိရသည်။
မီးပုံးပျံပြိုင်ပွဲတွင် နိုဝင်ဘာလ (၃) ရက်နေ့ ည (၇) နာရီတွင် တိုင်းလွိုင်လူငယ်မီး၊ ငွေကြယ်မီး၊ ကြယ်ဖြူလူငယ်မီးနှင့် ချယ်ရီမီးအဖွဲ့များ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး နိုဝင်ဘာလ (၂)ရက်နေ့က ရှမ်းရိုးမမီး၊ ကြယ်ပြောင်မီး၊ လွိုင်ခမ်းမီး၊ စူပါဆင့်ပွားမီးနှင့် ခေတ်သစ်လူငယ် မီးအဖွဲ့များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မီးပုံးပျံပြိုင်ပွဲတွင် နိုဝင်ဘာလ (၃) ရက်နေ့ ည (၇) နာရီတွင် တိုင်းလွိုင်လူငယ်မီး၊ ငွကြေယ်မီး၊ ကြယ်ဖြူလူငယ်မီးနှင့် ချယ်ရီမီးအဖွဲ့များ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး နိုဝင်ဘာလ (၂)ရက်နေ့က ရှမ်းရိုးမမီး၊ ကြယ်ပြောင်မီး၊ လွိုင်ခမ်းမီး၊ စူပါဆင့်ပွားမီးနှင့် ခေတ်သစ်လူငယ် မီးအဖွဲ့များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မီးပုံးပျံပြိုင်ပွဲဖွင့်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခတ္တိယ၊ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး လှိုင်လင်းကျော်နှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်တို့ တက်ရောက်ကြပြီး မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ကိန္နရီ၊ကိန္နရာအကဖြင့် ကပြဖျော်ဖြေကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - သန်းဇော်ဦး
