***********
ဘိန်းစိုက်ပျိုးရာသီအစဖြစ်သည့် ဆောင်းဦးရာသီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း ဘိန်းခင်းရှာဖွေဖျက်ဆီးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
နယ်မြေခံတပ်မတော် ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြေစာရင်းဦးစီးဌာန ၀န်ထမ်းများပါ၀င်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ(၂၄)ရက်နေ့က တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ် နမ့်ပန်ကျေးရွာအုပ်စု နာဘောတိကျေးရွာအနီး ရှာဖွေတွေ့ရှိထားသည့် ဘိန်းခင်း (၂.၇)ဧကအား ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဒေသတွင်း ဘိန်းစတင်စိုက်ပျိုးသည့် ရာသီဖြစ်သည့် ဆောင်းဦးရာသီတွင် ဘိန်းခင်းများရှာဖွေဖျက်ဆီးခြင်းအား နယ်မြေခံတပ်မတော်နှင့် သက်ဆိုင်ရာဌာနများက ပူးပေါင်း ရှာဖွေ ဖေါ်ထုတ်နေခြင်းဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ #အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(မိုင်းဖြတ်)
