ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္တြင္ ႏိုဝင္ဘာလ (၁၀)ရက္ေန႔ ညေန (၆)နာရီ (၂၀)မိနစ္ခန္႔က ဆိုင္ကယ္ခိုးလာသည္ဟု ယူဆရၿပီး ဗီဇာသက္တမ္းေက်ာ္လြန္ေနထုိင္သည့္ မေလးရွားႏုိင္ငံသား တစ္ဦးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းႏွင့္အဖြဲ႕က ဖမ္းဆီးရမိေၾကာင္း သိရသည္။
ဆန္ဆုိင္း(က)ရပ္ကြက္အနီး ပံုလို႔လမ္းေပၚတြင္ ဗိုလ္ခ်ဳပ္လမ္းမႀကီးဘက္မွ လြယ္စတံုဘက္သို႔ ဆုိင္ကယ္ေမာင္းနွင္ လာသည့္ အမ်ိဳးသားတစ္ဦးအား စစ္ေဆးရာ ဆိုင္ကယ္အား ပိုင္ဆုိင္ေၾကာင္း အေထာက္အထားျပသ ေျပာဆုိႏုိင္ျခင္း မရိွသျဖင့္ ဆက္လက္စစ္ေဆးရာ မေလးရွားႏုိင္ငံသား တရုတ္လူမ်ိဳး Tam Weng Kit ဆိုသူျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရိွရသည္ဟု သိရသည္။
၎သည္ အမွတ္(၁)ခ်စ္ၾကည္ေရးတံတားမွတစ္ဆင့္ ၂၀၁၆ ခုႏွစ္ ဧၿပီလ (၁၀)ရက္ေန႔က တရားဝင္ ျဖတ္သန္းခြင့္ျဖင့္ ဝင္ေရာက္ခဲ့ၿပီး တာခ်ီလိတ္ၿမိဳ႕၊ မိုင္းကိုးအုပ္စု၊ ပန္ဟတ္ရြာမွ ေနအိမ္တစ္လံုးတြင္ တည္းခိုေနထုိင္ျခင္းျဖစ္ေၾကာင္း ထပ္မံစစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။
ျမန္မာႏုိင္ငံအတြင္း သက္တမ္းေက်ာ္လြန္ေနထုိင္ျခင္း၊ ဗီဇာစည္းကမ္းခ်ိဳးေဖါက္ျခင္းမ်ားေၾကာင့္ Tam Weng Kit အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၂၃၀/၂၀၁၇၊ ၁၉၄၇ ခုနွစ္ လဝကအက္ ဥပေဒပုဒ္မ ၁၃(၁)ျဖင့္လည္းေကာင္း ဆိုင္ကယ္ခိုးယူလာသည္ဟု ယူဆရသျဖင့္ (ပ) ၂၂၉/၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၉/က်င့္ ၅၄ ျဖင့္ လည္းေကာင္း အမႈဖြင့္ ေဆာင္ရြက္ထားေၾကာင္း သိရသည္။
သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု #ရဲတပ္ဖြဲ႕
ဆန်ဆိုင်း(က)ရပ်ကွက်အနီး ပုံလို့လမ်းပေါ်တွင် ဗိုလ်ချုပ်လမ်းမကြီးဘက်မှ လွယ်စတုံဘက်သို့ ဆိုင်ကယ်မောင်းနှင် လာသည့် အမျိုးသားတစ်ဦးအား စစ်ဆေးရာ ဆိုင်ကယ်အား ပိုင်ဆိုင်ကြောင်း အထောက်အထားပြသ ပြောဆိုနိုင်ခြင်း မရှိသဖြင့် ဆက်လက်စစ်ဆေးရာ မလေးရှားနိုင်ငံသား တရုတ်လူမျိုး Tam Weng Kit ဆိုသူဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရသည်။
၎င်းသည် အမှတ်(၁)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၂၀၁၆ ခုနှစ် ဧပြီလ (၁၀)ရက်နေ့က တရားဝင် ဖြတ်သန်းခွင့်ဖြင့် ဝင်ရောက်ခဲ့ပြီး တာချီလိတ်မြို့၊ မိုင်းကိုးအုပ်စု၊ ပန်ဟတ်ရွာမှ နေအိမ်တစ်လုံးတွင် တည်းခိုနေထိုင်ခြင်းဖြစ်ကြောင်း ထပ်မံစစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်ခြင်း၊ ဗီဇာစည်းကမ်းချိုးဖောက်ခြင်းများကြောင့် Tam Weng Kit အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၂၃၀/၂၀၁၇၊ ၁၉၄၇ ခုနှစ် လဝကအက် ဥပဒေပုဒ်မ ၁၃(၁)ဖြင့်လည်းကောင်း ဆိုင်ကယ်ခိုးယူလာသည်ဟု ယူဆရသဖြင့် (ပ) ၂၂၉/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့် ၅၄ ဖြင့် လည်းကောင်း အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။
သတင်း #စိုင်းဇေယျာ
ဓာတ်ပုံ #ရဲတပ်ဖွဲ့
