ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း နေရပ်စွန့်ခွာသူများ၏ မိုးစပါးများ အချိန်မီ ရိတ်သိမ်းနိုင်ရေး အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထိန်းသိမ်းရေးကော်မတီဖွဲ့စည်း၍ အောက်တိုဘာလ (၂၈)ရက်နေ့မှ စတင်ရိတ်သိမ်း ပေးနေပြီး မူလပိုင်ရှင်များထံ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီက နိုဝင်ဘာလ (၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။
မောင်တောဒေသမှ မိုးစပါးဧက (၄၅၂၈၆)ဧကမှာ ရိတ်သိမ်းချိန်ဖြစ်နေသည့်အတွက် မိုးစပါးများ အလေအလွင့် မဖြစ်စေရန် ထိန်းသိမ်းရေးကော်မတီ ဖွဲ့စည်း/ရိတ်သိမ်းပေးနေပြီး အဆိုပါ မိုးစပါးများကို ရောင်းချ၍ ရရှိလာသည့်ငွေများကို ဘဏ်တွင် အကောင့်တစ်ခု ဖွင့်လှစ်၍ နိုင်ငံတော်မှ ထိန်းသိမ်းထားရှိမည်ဖြစ်ကာ နေရပ်စွန့်ခွာသူ လယ်ပိုင်ရှင်များ ပြန်လည်ရောက်ရှိလာချိန်တွင် ပြန်လည် ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။
ရိတ်သိန်းရန်ကျန်ရှိနေသည့် မိုးစပါးစိုက်ဧက (၂၈၇၅ ဒသမ ၆၉) ဧကကို အမြန်ဆုံး ရိတ်သိမ်း ခြွေလှေ့နိုင်ရန် လုပ်ဆောင်နေပြီး ရိတ်သိမ်းပြီး စပါးများကို သိုလှောင်ထိန်းသိမ်းရာတွင် အခက်အခဲရှိသဖြင့် ဒေသန္တရဈေးကွက် ပေါက်ဈေးဖြင့် ရောင်းချကာ စပါးရောင်းရငွေများကို ထိန်းသိမ်းထားရှိရန် စီစဉ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်း - အင်မိုင်ခ
မောင်တောဒေသမှ မိုးစပါးဧက (၄၅၂၈၆)ဧကမှာ ရိတ်သိမ်းချိန်ဖြစ်နေသည့်အတွက် မိုးစပါးများ အလေအလွင့် မဖြစ်စေရန် ထိန်းသိမ်းရေးကော်မတီ ဖွဲ့စည်း/ရိတ်သိမ်းပေးနပြေီး အဆိုပါ မိုးစပါးများကို ရောင်းချ၍ ရရှိလာသည့်ငွေများကို ဘဏ်တွင် အကောင့်တစ်ခု ဖွင့်လှစ်၍ နိုင်ငံတော်မှ ထိန်းသိမ်းထားရှိမည်ဖြစ်ကာ နေရပ်စွန့်ခွာသူ လယ်ပိုင်ရှင်များ ပြန်လည်ရောက်ရှိလာချိန်တွင် ပြန်လည် ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဒေသတွင် နိုဝင်ဘာလ (၁၃) ရက်နေ့အထိ ( ၁၇၁၄ ဒသမ ၂၄ )ဧကကို ရိတ်သိမ်းပေးနိုင်ခဲ့ရာ မြို့သူကြီးကျေးရွာအုပ်စု၊ ကံကျတောင်ကျေးရွာမှ (၄၈ ဒသမ ၆) ဧက၊ ရာဇာဘီ ကျေးရွာမှ (၂၆) ဧက၊ သောင်ပိုင်ညာကျေးရွာမှ (၂၄ ဒသမ ၅) ဧက၊ ကံပူးကျေးရွာအုပ်စု၊ ကံပူးကျေးရွာမှ (၃၂၇ ဒသမ ၅) ဧက၊ ကျောင်းတောင် ကျေးရွာအုပ်စု၊ ကျောင်းတောင် ကျေးရွာမှ (၄၇၆ ဒသမ ၂) ဧက၊ ဝါးချကျေးရွာအုပ်စု၊ အုန်းတော ကျေးရွာမှ (၁၂၈ ဒသမ ၉) ဧက၊ နွားရုံတောင် ကျေးရွာအုပ်စု၊ နွားရုံတောင်ကျေးရွာမှ (၂၀၃ ဒသမ ၃၂) ဧက၊ အလယ်သံကျော် ကျေးရွာအုပ်စု၊ အလယ်သံကျော် ကျေးရွာမှ (၂၂၅ ဒသမ ၇) ဧက၊ သံဒါ ကျေးရွာအုပ်စု၊ သံဒါကျေးရွာမှ (၁၉၈ ဒသမ ၈၂) ဧက၊ ကျီးကန်းပြင်ကျေးရွာအုပ်စု၊ ကျီးကန်းပြင်ကျေးရွာ မှ (၉ ဒသမ ၇) ဧက၊ မြင်းလွှတ်ကျေးရွာအုပ်စု၊ မြင်းလွှတ်ကျေးရွာမှ (၄၅) ဧကတို့အား ရိတ်သိမ်းနိုင်ခဲ့ပြီး စပါးတင်းပေါင်း (၆၅၆၂၈) တင်း ထွက်ရှိခဲ့ကြောင်းသိရသည်။
ရိတ်သိန်းရန်ကျန်ရှိနေသည့် မိုးစပါးစိုက်ဧက (၂၈၇၅ ဒသမ ၆၉) ဧကကို အမြန်ဆုံး ရိတ်သိမ်း ခြွေလှေ့နိုင်ရန် လုပ်ဆောင်နပြေီး ရိတ်သိမ်းပြီး စပါးများကို သိုလှောင်ထိန်းသိမ်းရာတွင် အခက်အခဲရှိသဖြင့် ဒေသန္တရဈေးကွက် ပေါက်ဈေးဖြင့် ရောင်းချကာ စပါးရောင်းရငွေများကို ထိန်းသိမ်းထားရှိရန် စီစဉ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်း - အင်မိုင်ခ
ဓာတ်ပုံ - သတင်းထုတ်ပြန်ရေး ကော်မတီ
