မြန်မာ - ထိုင်း နှစ်နိုင်ငံ နယ်နိမိတ် မယ်ဆိုင် - မယ်ဟောက်ချောင်းအတွင်း ထိုင်းနိုင်ငံ ကော်ချန့်ဒေသမှ လယ်သမားများအနေဖြင့် ဇန်နဝါရီလမှ ဇွန်လအထိ ဝါးဖြင့်ရေတားဆည်ပြုလုပ်၍ စိုက်ပျိုးရေ ရယူခွင့်ကို တာချီလိတ်မြို့တွင် နိုဝင်ဘာလ (၈)ရက်နေ့က ကျင်းပသည့် အစည်းအဝေး၌ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးလိုက်ကြောင်း ထိုင်းနိုင်ငံ မယ်ဆိုင်အွန်လိုင်းသတင်းဌာန ၏ သတင်းဖော်ပြချက်အရ သိရသည်။
မယ်ဆိုင် - မယ်ဟောက် ချောင်းရေခွဲဝေအသုံးချရေး၊ မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို တာချီလိတ်မြို့ ဇန်မွန်းအာခါဟိုတယ်တွင် နိုဝင်ဘာလ (၈)ရက်နေ့က ကျင်းပခြင်းဖြစ်ကြောင်းသိရပြီး နှစ်နိုင်ငံဒေသခံများအကြား နှစ်စဉ်ပဋိပက္ခဖြစ်နေသည့် နယ်စပ်ချောင်းရေတားသည့် ကိစ္စကို ဆွေးနွေးခြင်းဖြစ်ကြောင်း အဆိုပါထိုင်းသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါ ဒုတိယအကြိမ်ဆွေးနွေးပွဲသို့ မြန်မာဘက်မှ မယ်ဆိုင် - မယ်ဟောက်ချောင်း ရေခွဲဝေ အသုံးချရေးနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်၊ ယင်းကော်မတီ အတွင်းရေးမှူး တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြကြောင်းသိရပြီး ပထမအကြိမ် အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဇွန်လ (၂၇)ရက်နေ့က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ Meakhong Data Hotel တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံ နယ်စပ်ချောင်းတွင် ထိုင်းနိုင်ငံ ကော်ချန့်ဒေသမှ လယ်သမားများက မြန်မာနိုင်ငံဘက်မှ ခွင့်ပြုချက်ရယူခြင်း မရှိဘဲ ရေတားဆည်များ ပြုလုပ်ခဲ့သဖြင့် တာချီလိတ်မြို့တွင် မိုးရာသီအတွင်း မယ်ဆိုင် ချောင်းရေကြီးမှုကို နှစ်စဉ်ခံစားခဲ့ရပြီးနောက် ရေတားများအား မြန်မာဘက်မှ တာဝန်ရှိသူများနှင့် ဒေသခံများ ပူးပေါင်း ဖယ်ရှားခဲ့ရပြီး ထိုင်းလယ်သမားများက ဝါးများဖြင့် ရေတားများကို ခွင့်ပြုချက်မယူဘဲ လုပ်ဆောင်နေသဖြင့် နှစ်စဉ်ဖြေရှင်းနေရခြင်းဖြစ်သည်။
သတင်း #ချယ်ရီထိုက်
မယ်ဆိုင် - မယ်ဟောက် ချောင်းရေခွဲဝေအသုံးချရေး၊ မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို တာချီလိတ်မြို့ ဇန်မွန်းအာခါဟိုတယ်တွင် နိုဝင်ဘာလ (၈)ရက်နေ့က ကျင်းပခြင်းဖြစ်ကြောင်းသိရပြီး အဆိုပါ အစည်းအဝေးတွင် နှစ်နိုင်ငံဒေသခံများ အကြား နှစ်စဉ်ပဋိပက္ခဖြစ်နေသည့် နယ်စပ်ချောင်းရေတားသည့် ကိစ္စကို ဆွေးနွေးခြင်းဖြစ်ကြောင်း အဆိုပါထိုင်းသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
မယ်ဆိုင်ချောင်းအတွင်း ဆက်လက်၍ နောက်နှစ်များတွင်လည်း ထိုင်းဘက်က ရေရယူသုံးစွဲမည်ဆိုပါက မြန်မာဘက်၏ ခွင့်ပြုချက်ရရှိမှသာ ခွင့်ပြုမှာဖြစ်ကြောင်းနှင့် ခွင့်ပြုသည့် ပုံစံအတိုင်းသာ လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ကြောင်းသိရပြီး သတ်မှတ်ကာလလွန်မြောက်သွားပါက ပြန်လည်ဖျက်သိမ်းပေးရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ်ဆွေးနွေးပွဲသို့ မြန်မာဘက်မှ မယ်ဆိုင် - မယ်ဟောက်ချောင်း ရေခွေဲဝ အသုံးချရေးနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်၊ ယင်းကော်မတီ အတွင်းရေးမှူး တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြကြောင်းသိရပြီး ပထမအကြိမ် အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဇွန်လ (၂၇)ရက်နေ့က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ Meakhong Data Hotel တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံ နယ်စပ်ချောင်းတွင် ထိုင်းနိုင်ငံ ကော်ချန့်ဒေသမှ လယ်သမားများက မြန်မာနိုင်ငံဘက်မှ ခွင့်ပြုချက်ရယူခြင်း မရှိဘဲ ရေတားဆည်များ ပြုလုပ်ခဲ့သဖြင့် တာချီလိတ်မြို့တွင် မိုးရာသီအတွင်း မယ်ဆိုင် ချောင်းရကြေီးမှုကို နှစ်စဉ်ခံစားခဲ့ရပြီးနောက် ရေတားများအား မြန်မာဘက်မှ တာဝန်ရှိသူများနှင့် ဒေသခံများ ပူးပေါင်း ဖယ်ရှားခဲ့ရပြီး ထိုင်းလယ်သမားများက ဝါးများဖြင့် ရေတားများကို ခွင့်ပြုချက်မယူဘဲ လုပ်ဆောင်နေသဖြင့် နှစ်စဉ်ဖြေရှင်းနေရခြင်းဖြစ်သည်။
သတင်း #ချယ်ရီထိုက်
