ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္အတြင္းရွိ သာသနာ့ေဝပုလႅ လႊမ္းမြန္ေတာရေက်ာင္းမွ ဆရာေတာ္ ဘဒၵႏၲအာစာရ၏ စ်ာပနအား ၂၀၁၇ခုႏွစ္ ဒီဇင္ဘာလ (၃)ရက္ေန႔တြင္ က်င္းပရန္ စ်ာပနအႀကိဳညိႇႏိႈင္းအစည္းအေဝးတြင္ ဆံုးျဖတ္လုိက္ေၾကာင္း သိရသည္။
ဆရာေတာ္သည္ သက္ေတာ္ (၅၇) သိကၡာေတာ္(၃၇)ဝါအရ ႏိုဝင္ဘာလ (၁၂)ရက္ေန႔ ညေန(၃)နာရီ(၁၀)မိနစ္အခ်ိန္တြင္ ဘဝနတ္ထံ ပ်ံလြန္ေတာ္မူသြားသျဖင့္ စ်ာပနပြဲက်င္းပႏုိင္ေရး ၿမိဳ႕နယ္မွ တာဝန္ရိွသူမ်ား ႏိုဝင္ဘာလ (၁၃)ရက္ေန႔က အဆိုပါေက်ာင္းတုိက္တြင္ အစည္းအေဝးက်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။
အစည္းအေဝးသို႔ ျပည္နယ္လႊြတ္ေတာ္ကုိယ္စားလွယ္ ဦးခင္ေမာင္တင့္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းဝင္းေအာင္၊ ၿမိဳ႕နယ္သာသနာေရးမွဴး ဦး၀င္းကိုကို၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးသန္းႏု၊ ရန္ေအာင္ေျမရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးအားေစာ္ ႏွင့္ ရပ္မိရပ္ဖမ်ား တက္ေရာက္ၾကၿပီး စ်ာပနပြဲ ျဖစ္ေျမာက္ေရး ဆပ္ေကာ္မတီကို ႏိုဝင္ဘာလ (၁၃)ရက္ေန႔ ေန႔လယ္ (၁)နာရီတြင္ ဖြဲ႔စည္းတာဝန္ေပးရန္ အစည္းအေဝးက ဆံုးျဖတ္ခဲ့ေၾကာင္း သိရသည္။
ဓါတ္ပံု - Waillu Ashin
ဆရာတော်သည် သက်တော် (၅၇) သိက္ခါတော်(၃၇)ဝါအရ နိုဝင်ဘာလ (၁၂)ရက်နေ့ ညနေ(၃)နာရီ(၁၀)မိနစ်အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားသဖြင့် ဈာပနပွဲကျင်းပနိုင်ရေး မြို့နယ်မှ တာဝန်ရှိသူများ နိုဝင်ဘာလ (၁၃)ရက်နေ့က အဆိုပါကျောင်းတိုက်တွင် အစည်းအဝေးကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ မြို့နယ်သာသနာရေးမှူး ဦးဝင်းကိုကို၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု၊ ရန်အောင်မြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအားစော် နှင့် ရပ်မိရပ်ဖများ တက်ရောက်ကြပြီး ဈာပနပွဲ ဖြစ်မြောက်ရေး ဆပ်ကော်မတီကို နိုဝင်ဘာလ (၁၃)ရက်နေ့ နေ့လယ် (၁)နာရီတွင် ဖွဲ့စည်းတာဝန်ပေးရန် အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - Waillu Ashin
