KNPP အေနျဖင့္ တစ္ႏုိင္ငံလံုး အပစ္ရပ္စာခ်ဳပ္ NCA တြင္ လက္မွတ္ေရးထုိးျခင္းမရိွေသးေသာ္လည္း ျပည္နယ္တြင္း တုိက္ပြဲမရိွသေလာက္တည္ၿငိမ္ေနေၾကာင္း KNPP ဒုတိယဥကၠဌ ခူးဦးရယ္က ေျပာၾကားလုိက္သည္။
"ကြၽန္ေတာ္တို႔ ကယားျပည္နယ္မွာ တုိက္ပြဲမရွိသေလာက္ တည္ၿငိမ္ေနပါတယ္။ ကၽြန္ေတာ္တုိ႔ (KNPP) တပ္နဲ႕ အစိုးရတပ္္ေတြၾကားမွာ ထိပ္တုိက္ေတြ႕မႈေတြ ေန႔တုိင္းရွိပါတယ္။ ဒါေပမဲ႔ ေပးထားတဲ႔ကတိ ကဝတ္ေတြ ရွိေနေတာ့ အၿမဲတမ္း ေစာင့္ထိန္းရပါတယ္။ ကရင္နီျပည္က CSO ေတြ၊ ျပည္သူေတြ၊ သတင္းမီဒီယာေတြကို ေျပာခ်င္တာကေတာ့ ကြၽန္ေတာ္တို႔ အႀကိမ္ႀကိမ္ႀကိဳးစားေနပါတယ္။ (NCA လက္မွတ္ေရးထိုးျခင္း) မထိုးခ်င္လိုု႔ မဟုတ္ပါဘူး။ အဲဒါေၾကာင့္ သေဘာတူညီမႈရၿပီလား။ လက္မွတ္ မထိုးေသးတာ ဘာေၾကာင့္ပါလဲဆိုတာ မေမးပါနဲ႔ဦးလို႔ေျပာခ်င္ပါတယ္ ။ေျဖစရာအေျဖ႐ွာေနဆဲပါ " ဟု ႏိုဝင္ဘာလ ၂၃ ရက္ေန႕လိြဳင္ေကာ္ၿမိဳ႕တြင္ျပဳလုပ္ေနသည့္ (၁၁)ႀကိမ္ေျမာက္ တုိင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ား၏ ဆက္ဆံေရးရုံးမ်ား လုပ္ငန္းညိႇႏိႈင္း အစည္းအေဝး အဖြင့္အမွာ စကားတြင္ KNPP ဒုတိယဥကၠဌ ခူးဦးရယ္က ေျပာၾကားခဲ့သည္။
လက္႐ွိ ၿငိမ္းခ်မ္းေရးႏွင့္ ႏိုင္ငံေရး ဆိုင္ရာ ေဆြးေႏြးမႈမ်ားတြင္ အဆင့္ဆင့္ေက်ာ္ျဖတ္ ေဆြးေႏြးႏုိင္သည္ လည္းရိွၿပီး ေဆြးေႏြးၿပီး မေက်လည္မႈမ်ားေၾကာင့္ ျပန္လည္ေဆြးေႏြးရသည့္ အခက္အခဲမ်ားလည္း ရိွေနေၾကာင္း ခူးဦးရယ္က ေျပာသည္။
(၁၁) ႀကိမ္ေျမာက္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား၏ ဆက္ဆံေရးရံုးမ်ား လုပ္ငန္းညိႇႏိႈင္း အစည္းအေဝးက ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမတြင္ ႏိုဝင္ဘာ (၂၃) ရက္ေန႔မွ (၂၅) ရက္ေန႔အထိ က်င္းပေနျခင္းျဖစ္သည္။
ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ (KNPP)သည္ ၁၉၅၇ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ၿပီး ၂၀၁၂ ခုႏွစ္မွစ၍ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲရန္ အစိုးရႏွင့္ လက္မွတ္ေရးထုိုးထားေသာ္လည္း တစ္ႏိုင္ငံလံုး ပစ္ခတ္တုိက္ခုိက္မႈ ရပ္စဲေရး သေဘာတူညီခ်က္ (NCA)ကို လက္မွတ္မထုိးေသးသည့္ အဖြဲ႔မ်ားမွ တစ္ဖြဲ႔ျဖစ္သည္။
သတင္း၊ဓာတ္ပံု #ဆန္းၿဖိဳးထြန္း
"ကျွန်တော်တို့ ကယားပြည်နယ်မှာ တိုက်ပွဲမရှိသလောက် တည်ငြိမ်နေပါတယ်။ ကျွန်တော်တို့ (KNPP) တပ်နဲ့ အစိုးရတပ်တွကြေားမှာ ထိပ်တိုက်တွေ့မှုတွေ နေ့တိုင်းရှိပါတယ်။ ဒါပေမဲ့ ပေးထားတဲ့ကတိ ကဝတ်တွေ ရှိနေတော့ အမြဲတမ်း စောင့်ထိန်းရပါတယ်။ ကရင်နီပြည်က CSO တွေ၊ ပြည်သူတွေ၊ သတင်းမီဒီယာတွေကို ပြောချင်တာကတော့ ကျွန်တော်တို့ အကြိမ်ကြိမ်ကြိုးစားနေပါတယ်။ (NCA လက်မှတ်ရေးထိုးခြင်း) မထိုးချင်လို့ မဟုတ်ပါဘူး။ အဲဒါကြောင့် သဘောတူညီမှုရပြီလား။ လက်မှတ် မထိုးသေးတာ ဘာကြောင့်ပါလဲဆိုတာ မမေးပါနဲ့ဦးလို့ပြောချင်ပါတယ်။ဖြေစရာအဖြေရှာနေဆဲပါ " ဟု နိုဝင်ဘာလ ၂၃ ရက်နေ့လွိုင်ကော်မြို့တွင်ပြုလုပ်နေသည့် (၁၁)ကြိမ်မြောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဆက်ဆံရေးရုံးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အဖွင့်အမှာ စကားတွင် KNPP ဒုတိယဥက္ကဌ ခူးဦးရယ်က ပြောကြားခဲ့သည်။
လက်ရှိ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ဆိုင်ရာ ဆွေးနွေးမှုများတွင် အဆင့်ဆင့်ကျော်ဖြတ် ဆွေးနွေးနိုင်သည် လည်းရှိပြီး ဆွေးနွေးပြီး မကျေလည်မှုများကြောင့် ပြန်လည်ဆွေးနွေးရသည့် အခက်အခဲများလည်း ရှိနေကြောင်း ခူးဦးရယ်က ပြောသည်။
(၁၁) ကြိမ်မြောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ဆက်ဆံရေးရုံးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးက ကယားပြည်နယ် လွိုင်ကော်မြို့ မြို့တော်ခန်းမတွင် နိုဝင်ဘာ (၂၃) ရက်နေ့မှ (၂၅) ရက်နေ့အထိ ကျင်းပနခြေင်းဖြစ်သည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)သည် ၁၉၅၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှစ၍ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရန် အစိုးရနှင့် လက်မှတ်ရေးထိုးထားသော်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (NCA)ကို လက်မှတ်မထိုးသေးသည့် အဖွဲ့များမှ တစ်ဖွဲ့ဖြစ်သည်။
သတင်း၊ဓာတ်ပုံ #ဆန်းဖြိုးထွန်း
