ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ကိုယ်ကာယပြန်လည် သန်စွမ်းရေးဌာန စတင်ဖွင့်လှစ်သည့် ဧပြီလမှစ၍ အောက်တိုဘာလကုန်အထိ ကိုယ်ကာယပြန်လည်သန်စွမ်းရေး ကူညီပေးခဲ့ရသူများ၏ (၆၀) ရာခိုင်နှုန်းမှာ မြေမြုပ်မိုင်းဒဏ်ခံစားရသူများဖြစ်ပြီး အမျိုးသမီး (၁၇)ဦးပါဝင်ကြောင်း သိရသည်။
အဆိုပါ ဌာနတွင် မြေမြုပ်မိုင်းဒဏ် သို့မဟုတ် စစ်လက်နက် ပစ္စည်းများကြောင့် ကိုယ်အင်္ဂါ ဖြတ်တောက် လိုက်ရသူများ အပါအဝင် ယာဉ်မတော်တဆမှုနှင့် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်အင်္ဂါ ပြန်လည် သန်စွမ်းရေး ကုသမှုခံယူလိုသူများကိုပါ လက်ခံကုသပေးနေခြင်းဖြစ်ပြီး ကျိုင်းတုံ ကိုယ်ကာယပြန်လည် သန်စွမ်းရေးဌာနမှ ပြန်လည်သန်စွမ်းရေးအကူအညီရယူလိုပါက ဖုန်း - ၀၈၄ ၂၂၈၇၄ သို့ ကြိုတင်ဆက်သွယ်နိုင်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း ပထမဆုံးသော ကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာနကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ၂၀၁၇ ခုနှစ် မတ်လ (၈)ရက်နေ့တွင် ဖွင့်လှစ်လိုက်ပြီး ဧပြီလမှစတင်၍ ခြေတုတပ်ပေးခြင်းများ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ICRCသည် မြန်မာနိုင်ငံတွင် ၁၉၈၆ ခုနှစ်မှစတင်၍ ကိုယ်ကာယပြန်လည်သန်စွမ်းရေးအစီအစဉ်ကို ဆောင်ရွက်နေပြီး ကရင်ပြည်နယ် ဘားအံမြို့ရှိ ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဌာနကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ပူးတွဲဆောင်ရွက်ကာ မန္တလေးမြို့အနီးရှိ ရေနံ့သာဆေးရုံမှ ခြေတုဌာန၊ ကချင်ပြည်နယ် မြစ်ကြီးနားဆေးရုံရှိ ကိုယ်ကာယ ပြန်လည် သန်စွမ်းရေးဌာနနှင့် ယခုဖွင့်လှစ်လိုက်သည့် ကျိုင်းတုံဆေးရုံမှ ကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာနများမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အရှေ့ပိုင်းနှင့် မြောက်ဘက်ပိုင်းတို့တွင် ဆက်လက် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် မြန်မာနိုင်ငံသည် ကမ္ဘောဒီးယားနှင့် အာဖဂန်နစ္စတန် နိုင်ငံများနည်းတူ မြေမြုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် စစ်လက်နက်အကြွင်းအကျန်များကြောင့် ထိခိုက်မှုအများဆုံး နိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်ကြောင်း ICRC ကဆိုသည်။
သတင်း #ချယ်ရီထိုက်
ရှမ်းပြည်နယ်အတွင်း ပထမဆုံးဌာနဖြစ်သည့် အဆိုပါဌာန၏ ကိုယ်ကာယပြန်လည်သန်စွမ်းရေး အခမဲ့ကူညီမှု အစီအစဉ် စတင်သည့် ဧပြီလမှစ၍ အောက်တိုဘာလကုန်အထိ ပြန်လည် သန်စွမ်းရေး အကူအညီရယူသူ စုစုပေါင်း (၇၅)ဦး ရှိသည့်အနက် အမျိုးသား (၅၈) ဦးနှင့် အမျိုးသမီး (၁၇) ဦးတို့ဖြစ်ကြောင်း သိရသည်။
“ ဒီမှာ ဝန်ဆောင်မှုရယူပြီး စင်တာကနေ ဆင်းသွားသူ (၂၉)ဦးရှိပါပြီ။ ခြေတုဝန်ဆောင်မှု ယူတော့မယ် ဆိုရင် မတပ်ခင်မှာ အထူးကုတွေက စမ်းသပ်ပါတယ်။ သူတို့ တပ်ရမယ့် အပိုင်းအခြေအနေ စစ်ဆေးတယ်။ တပ်ရမယ့် အရွယ်အစား အတိုင်းယူရတယ်။ တပ်ပြီးရင်လည်း သူတို့ကို လမ်းလျှောက်ခိုင်းရတယ်။ ခြေတုနဲ့ အံဝင်ခွင်ကျဖြစ်ပြီ၊အသုံးပြုမှုလည်း အဆင်ပြေသွားပြီ အကြောအဆစ်ကုထုံးလည်းရပြီဆိုရင် စင်တာကနေ ဆင်းရတယ်ပေါ့”ဟု ICRC၏ Communication Field Officer ဒေါ်နန်းရွှဖြေူက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
အဆိုပါ ဌာနတွင် မြမြေုပ်မိုင်းဒဏ် သို့မဟုတ် စစ်လက်နက် ပစ္စည်းများကြောင့် ကိုယ်အင်္ဂါ ဖြတ်တောက် လိုက်ရသူများ အပါအဝင် ယာဉ်မတော်တဆမှုနှင့် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်အင်္ဂါ ပြန်လည် သန်စွမ်းရေး ကုသမှုခံယူလိုသူများကိုပါ လက်ခံကုသပေးနခြေင်းဖြစ်ပြီး ကျိုင်းတုံ ကိုယ်ကာယပြန်လည် သန်စွမ်းရေးဌာနမှ ပြန်လည်သန်စွမ်းရေးအကူအညီရယူလိုပါက ဖုန်း - ဝ၈၄ ၂၂၈၇၄ သို့ ကြိုတင်ဆက်သွယ်နိုင်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း ပထမဆုံးသော ကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာနကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ၂၀၁၇ ခုနှစ် မတ်လ (၈)ရက်နေ့တွင် ဖွင့်လှစ်လိုက်ပြီး ဧပြီလမှစတင်၍ ခြေတုတပ်ပေးခြင်းများ ဆောင်ရွက်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။
ICRC က မြန်မာကျပ်ငွေ ၁ ဒသမ ၈၆ ဘီလျံ (အမေရိကန် ဒေါ်လာ ၁ ဒသမ ၃သန်း) ကုန်ကျခံ တည်ဆောက်ထားသည့် အဆိုပါဌာနတွင် ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းများခန့်ထားပေးပြီး တစ်နှစ်လျှင် လူနာဦးရေ (၉၁၀)အထိ လက်ခံကာ ခြေတုများ၊ အားပြုကိရိယာများ၊ အကြောအဆစ် ကုထုံးများဖြင့် အခမဲ့ကုသပေးသွားရန် ရည်ရွယ်ထားကြောင်း သိရသည်။
ICRCသည် မြန်မာနိုင်ငံတွင် ၁၉၈၆ ခုနှစ်မှစတင်၍ ကိုယ်ကာယပြန်လည်သန်စွမ်းရေးအစီအစဉ်ကို ဆောင်ရွက်နပြေီး ကရင်ပြည်နယ် ဘားအံမြို့ရှိ ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဌာနကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ပူးတွဲဆောင်ရွက်ကာ မန္တလေးမြို့အနီးရှိ ရေနံ့သာဆေးရုံမှ ခြေတုဌာန၊ ကချင်ပြည်နယ် မြစ်ကြီးနားဆေးရုံရှိ ကိုယ်ကာယ ပြန်လည် သန်စွမ်းရေးဌာနနှင့် ယခုဖွင့်လှစ်လိုက်သည့် ကျိုင်းတုံဆေးရုံမှ ကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာနများမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အရှေ့ပိုင်းနှင့် မြောက်ဘက်ပိုင်းတို့တွင် ဆက်လက် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် မြန်မာနိုင်ငံသည် ကမ္ဘောဒီးယားနှင့် အာဖဂန်နစ္စတန် နိုင်ငံများနည်းတူ မြမြေုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် စစ်လက်နက်အကြွင်းအကျန်များကြောင့် ထိခိုက်မှုအများဆုံး နိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်ကြောင်း ICRC ကဆိုသည်။
ပဋိပက္ခဖြစ်ပွားနေသည့် နိုင်ငံများရှိ မသန်စွမ်းသူများကို ကူညီထောက်ပံ့ပေးနေသည့် ICRC၏ ကိုယ်ကာယ ပြန်လည်သန်စွမ်းရေး အစီအစဉ်အား ၁၉၇၉ ခုနှစ်မှစတင်ခဲ့ရာ ယခုအခါ နိုင်ငံပေါင်း (၄၈)နိုင်ငံတွင် ဌာနပေါင်း (၁၆၅)ခုဖြင့် ကူညီပေးလျက်ရှိကြောင်း သိရသည်။
သတင်း #ချယ်ရီထိုက်
ဓာတ်ပုံ #KT Physical Rehabilitation Center