ကယားပြည်နယ် ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျ ကြီးကြပ်ရေး ကော်မတီ၏ လက်အောက်တွင် ပြေးဆွဲနေသော အဝေးပြေး မော်တော်ယာဉ်လိုင်းပေါင်းစုံ၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း လက်ကျန်ငွေ ကျပ်သိန်း (၈၀)ကျော် ရှိကြောင်း သိရသည်။
" ကျန်တဲ့ လက်ကျန်ငွေတွေကို စနစ်တကျ သိမ်းဆည်းဖို့ ကမ္ဘောဇဘဏ် (၂ )မှာ ကော်မတီဝင်သုံးဦးရဲ့ အမည်နဲ့ joint အကောင့် ဖွင့်လှစ်ထားပြီး ပွင့်လင်းမြင်သာမှုရှိစွာ အပ်နှံထားရှိပါတယ်။ ကော်မတီအနေနဲ့ ကြီးကြပ်ကွပ်ကဲမှုများဆောင်ရွက်ရန် အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်ရေး ငွေကြေးတွေ သုံးစွဲဖို့လိုအပ်လာရင် ကော်မတီဝင်များရဲ့ သဘောတူညီချက်နဲ့ joint အကောင့်ဖွင့်ထားတဲ့ ကော်မတီဝင်သုံးဦးထဲက နှစ်ဦး လက်မှတ် ရေးထိုးထုတ်ယူသုံးစွဲပြီး ပွင့်လင်းမြင်သာစွာ စီမံကွပ်ကဲ နေပါတယ် " ဟု ကယားပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူက လွှတ်တော်တွင် ဖြေကြားသည်။
အဆိုပါ အဝေးပြေးကားဂိတ်ရှိ မော်တော်ယာဉ် လိုင်းပေါင်းစုံ၏ တစ်နှစ်တာရငွေများကို စနစ်တကျ စီမံကွပ်ကဲရန် လိုအပ်နေပြီး မလိုအပ်သည့်နေရာများတွင် ဘဏ္ဍာငွေသုံးစွဲမှုများ တွေ့နေရသဖြင့် နောင်တွင် ဘဏ္ဍာငွေ အလေအလွင့်မရှိစေရန်၊ အလွဲသုံးစားမှုများ မရှိစေရန် စီမံခန့်ခွဲရန် လိုအပ်နေကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်က ဒုတိယအကြိမ်ကယား ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းဝေးတွင် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
သတင်း #ဆန်းဖြိုးထွန်း
" ကျန်တဲ့ လက်ကျန်ငွေတွေကို စနစ်တကျ သိမ်းဆည်းဖို့ ကမော္ဘဇဘဏ် (၂ )မှာ ကော်မတီဝင်သုံးဦးရဲ့ အမည်နဲ့ joint အကောင့် ဖွင့်လှစ်ထားပြီး ပွင့်လင်းမြင်သာမှုရှိစွာ အပ်နှံထားရှိပါတယ်။ ကော်မတီအနေနဲ့ ကြီးကြပ်ကွပ်ကဲမှုများဆောင်ရွက်ရန် အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်ရေး ငွေကြေးတွေ သုံးစွဲဖို့လိုအပ်လာရင် ကော်မတီဝင်များရဲ့ သဘောတူညီချက်နဲ့ joint အကောင့်ဖွင့်ထားတဲ့ ကော်မတီဝင်သုံးဦးထဲက နှစ်ဦး လက်မှတ် ရေးထိုးထုတ်ယူသုံးစွဲပြီး ပွင့်လင်းမြင်သာစွာ စီမံကွပ်ကဲ နေပါတယ် " ဟု ကယားပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူက လွှတ်တော်တွင် ဖြကြေားသည်။
အဝေးပြေးကားဂိတ်ရှိ မော်တော်ယဉ်လိုင်းပေါင်းစုံထံမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကောက်ခံရရှိသောငွေစုစုပေါင်းမှာ ကျပ်(၂၁၅)သိန်းဖြစ်ပြီး သုံးငွေစုစုပေါင်းမှာ ကျပ် (၁၂၆)သိန်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရငွေ သုံးငွေထဲမှ ကျန်ရှိသည့် လက်ကျန်ငွေမှာ သိန်း(၈၈၇၂၅၀)ကျပ် ကျန်ရှိခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အဝေးပြေးကားဂိတ်ရှိ မော်တော်ယာဉ် လိုင်းပေါင်းစုံ၏ တစ်နှစ်တာရငွေများကို စနစ်တကျ စီမံကွပ်ကဲရန် လိုအပ်နပြေီး မလိုအပ်သည့်နေရာများတွင် ဘဏ္ဍာငွေသုံးစွဲမှုများ တွေ့နေရသဖြင့် နောင်တွင် ဘဏ္ဍာငွေ အလေအလွင့်မရှိစေရန်၊ အလွဲသုံးစားမှုများ မရှိစေရန် စီမံခန့်ခွဲရန် လိုအပ်နေကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်က ဒုတိယအကြိ်မ်ကယား ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းဝေးတွင် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
သတင်း #ဆန်းဖြိုးထွန်း
