ဥပေဒေရးရာႏွင့္ပတ္သက္၍ သိရိွနားလည္မႈမရိွသည့္ ကယားျပည္နယ္တြင္း႐ွိ ေဒသခံေတာင္သူမ်ားမွာ တရားရင္ဆုိင္ရမႈမ်ားေနသျဖင့္ ၎တို႔အတြက္ မွ်တသည့္တရားစီရင္မႈမ်ား လုပ္ေဆာင္ေပးမည္ဟု အသစ္ခန္႔အပ္လုိက္သည့္ တရားလႊတ္ေတာ္ တရားသူႀကီးအား ေမွ်ာ္လင့္ေၾကာင္း ဖ႐ူဆိုၿမိဳ႕နယ္မဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးသဲရယ္က ေျပာၾကားလုိုက္သည္။
ယခင္တာဝန္ထမ္းေဆာင္ေနေသာ ကယားျပည္နယ္ တရားလႊတ္ေတာ္ တရားသူႀကီး ဦးတင္ေဌးသည္ အသက္ (၆၅)ႏွစ္ျပည့္ တာဝန္ထမ္းေဆာင္ျခင္းမွ အနားယူသြားၿပီ ျဖစ္ေသာေၾကာင့္ အဆိုပါ လစ္လပ္သြားေသာ ေနရာအား ျပည္နယ္တရားလႊတ္ေတာ္ တရားသူႀကီးအျဖစ္ စဝ္ဥမၼာၾကည္အား ခန္႔အပ္တာဝန္ေပးရန္ ျပည္နယ္အစိုးရအဖြဲ႔မွ အမည္စာရင္းေပးပို႔ထားမႈအား ႏိုဝင္ဘာလ (၁၆) ရက္ေန႔ ဒုတိယအႀကိမ္ ကယားျပည္နယ္လႊတ္ေတာ္ အ႒မပုံမွန္အစည္းေဝးတြင္ အတည္ျပဳထားခဲ့ၿပီး ႏိုဝင္ဘာလ (၂၉) ရက္ေန႔တြင္ ႏိုင္ငံေတာ္သမၼတ႐ုံးက ထုတ္ျပန္လိုက္ျခင္းျဖစ္သည္။
သတင္း #ဆန္းၿဖိဳးထြန္း
ဓါတ္ပံု #Saoohmarkyi
**************
ကယားပြည်နယ် တရားလွှတ်တော် တရားသူကြီး ဦးတင်ဌေးအနားယူသွားသဖြင့် လစ်လပ်သွားသည့် ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးနေရာတွင် စဝ်ဥမ္မာကြည်အား ခန့်အပ်တာဝန်ပေးလိုက်ကြောင်း သိရသည်။
ဥပဒေရေးရာနှင့်ပတ်သက်၍ သိရှိနားလည်မှုမရှိသည့် ကယားပြည်နယ်တွင်းရှိ ဒေသခံတောင်သူများမှာ တရားရင်ဆိုင်ရမှုများနေသဖြင့် ၎င်းတို့အတွက် မျှတသည့်တရားစီရင်မှုများ လုပ်ဆောင်ပေးမည်ဟု အသစ်ခန့်အပ်လိုက်သည့် တရားလွှတ်တော် တရားသူကြီးအား မျှော်လင့်ကြောင်း ဖရူဆိုမြို့နယ်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ်က ပြောကြားလိုုက်သည်။
ယခင်တာဝန်ထမ်းဆောင်နေသော ကယားပြည်နယ် တရားလွှတ်တော် တရားသူကြီး ဦးတင်ဌေးသည် အသက် (၆၅)နှစ်ပြည့် တာဝန်ထမ်းဆောင်ခြင်းမှ အနားယူသွားပြီ ဖြစ်သောကြောင့် အဆိုပါ လစ်လပ်သွားသော နေရာအား ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် စဝ်ဥမ္မာကြည်အား ခန့်အပ်တာဝန်ပေးရန် ပြည်နယ်အစိုးရအဖွဲ့မှ အမည်စာရင်းပေးပို့ထားမှုအား နိုဝင်ဘာလ (၁၆) ရက်နေ့ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းဝေးတွင် အတည်ပြုထားခဲ့ပြီး နိုဝင်ဘာလ (၂၉) ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
သတင်း #ဆန်းဖြိုးထွန်း
ဓါတ်ပုံ #Saoohmarkyi
