ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ဥပဒေပြဌာန်းချက်များနှင့် ညီညွတ်မှုမရှိသော စားသောက်ကုန်များ ရက်(၉၀)အတွင်း ဖယ်ရှားရှင်းလင်းရေး စီမံချက်ပြီးဆုံးသည့် နိုဝင်ဘာလမှစ၍ စစ်ဆေးမှုများ လုပ်ဆောင်သွား မည်ဖြစ်ပြီး အသိပညာပေး လုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရက်(၉၀)စီမံချက်ကို သြဂုတ်လ (၁)ရက်နေ့မှ အောက်တိုဘာလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကျိုင်းတုံမြို့နှင့် အနီးဝန်းကျင်ကျေးရွာများတွင် ကုန်သွယ်ရေးဥပဒေ၊ ပြည်နယ်အစိုးရစည်ပင်ဥပဒေ၊ စက်မှုကြီးကြပ်ဥပဒေ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ FDA ဥပဒေ၊ ကျန်းမာရေး ဥပဒေများနှင့် မကိုက်ညီသည့် စားသောက်ကုန်များ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ရောင်းချခြင်းမရှိစေရန် အသိပညာပေးခြင်းကို လုပ်ဆောင်နေခြင်းဖြစ်သည်။
ကျိုင်းတုံမြို့တွင် စားသောက်ကုန်ထုတ် အသေးစား၊ အလတ်စားလုပ်ငန်းများ၏ ထုတ်ကုန်များ ထောက်ခံချက်ရရှိနိုင်ရန်အတွက် သက်ဆိုင်ရာ လုပ်ငန်းရှင်များက ရက်(၉၀)စီမံချက်ကာလအတွင်း လာရောက်လျှောက်ထားမှုများလည်းရှိရာ ထောက်ခံချက်များ ရရှိနိုင်ရေးအတွက် စီမံဆောင်ရွက် ပေးလျက်ရှိပြီး ယင်းကဲ့သို့လျှောက်ထားစဉ်ကာလအတွင်း မိမိတို့၏ထုတ်ကုန်များကို တာဝန်ယူ၍ ဆက်လက်ထုတ်လုပ်ခွင့်ပြုထားကြောင်း သိရသည်။
သတင်း #ဇွဲမြတ်
"ကျွန်တော်တို့အနေနဲ့ စီမံချက်ပြီးတဲ့ နောက်ပိုင်းမှာ ဥပဒေနဲ့မညီတဲ့ လုပ်ငန်းတွေကို အရေးယူတာတွေလည်း လုပ်လို့ရပါပြီ။ ဒါပေမဲ့ ခရိုင်အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အစည်းအေဝးလုပ်တဲ့အခါမှာ အသိပေးဆွေးနွေးပွဲတွေ မလုပ်ရသေးတဲ့နေရာတွေမှာလည်း အသိပညာပေးတာတွေ ဆက်လုပ်ဖို့နဲ့ အသိပညာပေးပြီးတဲ့နေရာတွေမှာတော့ ကွင်းဆင်းစစ်ဆေးတာတွေ လုပ်ဖို့ဆိုပြီးတော့ ဆုံးဖြတ်ခဲ့တဲ့အတွက် မလုပ်ရသေးတဲ့နေရာတွေမှာ ဆက်လုပ်ပေးသွားပါမယ်"ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရက်(၉၀)စီမံချက်ကို သြဂုတ်လ (၁)ရက်နေ့မှ အောက်တိုဘာလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကျိုင်းတုံမြို့နှင့် အနီးဝန်းကျင်ကျေးရွာများတွင် ကုန်သွယ်ရေးဥပဒေ၊ ပြည်နယ်အစိုးရစည်ပင်ဥပဒေ၊ စက်မှုကြီးကြပ်ဥပဒေ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ FDA ဥပဒေ၊ ကျန်းမာရေး ဥပဒေများနှင့် မကိုက်ညီသည့် စားသောက်ကုန်များ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ရောင်းချခြင်းမရှိစေရန် အသိပညာပေးခြင်းကို လုပ်ဆောင်နခြေင်းဖြစ်သည်။
ကျိုင်းတုံမြို့တွင် စားသောက်ကုန်ထုတ် အသေးစား၊ အလတ်စားလုပ်ငန်းများ၏ ထုတ်ကုန်များ ထောက်ခံချက်ရရှိနိုင်ရန်အတွက် သက်ဆိုင်ရာ လုပ်ငန်းရှင်များက ရက်(၉၀)စီမံချက်ကာလအတွင်း လာရောက်လျှောက်ထားမှုများလည်းရှိရာ ထောက်ခံချက်များ ရရှိနို်င်ရေးအတွက် စီမံဆောင်ရွက် ပေးလျက်ရှိပြီး ယင်းကဲ့သို့လျှောက်ထားစဉ်ကာလအတွင်း မိမိတို့၏ထုတ်ကုန်များကို တာဝန်ယူ၍ ဆက်လက်ထုတ်လုပ်ခွင့်ပြုထားကြောင်း သိရသည်။
သတင်း #ဇွဲမြတ်