မကွေးတိုင်းဒေသကြီးဆေးရုံတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကြီးမှူး၍ မြန်မာဘရူဝါရီ လီမိတက် ကရုဏာရှေးရှုမြန်မာမှုအစီအစဉ်မှ အဓိက ကူညီပံ့ပိုးမှုဖြင့် Japan Heart International Medical Volunteers Organization တို့ ပူးပေါင်းကာ နိုဝင်ဘာ(၆)ရက်နေ့မှစ၍ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ်များအား အခမဲ့ ခွဲစိတ်ကုသပေးနေပြီး ဆက်လက်၍ နိုဝင်ဘာလ(၉)ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ကုမ္ပဏီက ကျန်းမာရေး၊ ပညာရေး၊ အားကစား၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဒေသအလိုက် တတ်စွမ်းသရွေ့ ပူးပေါင်းကူညီပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို ကျန်းမာရေးကဏ္ဍဖြစ်တဲ့ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးသူငယ်တွေကို အခမဲ့ကု သပေးပြီး အိမ်ခြေ(၁၄၈)အိမ်ရှိတဲ့ လေးအိမ်စုကျေးရွာမှာ ကျန်းမာရေးအထောက်အကူပြု သောက်သုံးရေသန့် ရရှိနိုင်ဖို့ စက်အဝီစိတွင်းတစ်တွင်းအတွက် သိန်း (၁၅၀)လှူဒါန်းမှာဖြစ်ပါတယ်" ဟု ကရုဏာရှေးရှု မြန်မာမှုအစီအစဉ် ဦးဆောင်သူ ဦးမိုးဇော် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကရုဏာရှေးရှုမြန်မာမှုအစီအစဉ် အနေဖြင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များအား အခမဲ့ ခွဲစိတ်ကုသပေးခြင်းကို ၂၀၁၀ခုနှစ်မှစတင်၍ ဆောင်ရွက်လာခဲ့ခြင်းဖြစ်ရာ ၂၀၁၀၊ ၂၀၁၃၊ ၂၀၁၅ ခုနှစ်တို့ တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌လည်းကောင်း၊ ၂၀၁၂ခုနှစ်၊ ၂၀၁၆ခုနှစ် တို့တွင် မန္တလေးပြည်သူ့ ဆေးရုံကြီး ၌လည်းကောင်း အသီးသီး ပြုလုပ်ပေးခဲ့ပြီး၊ စစ်ကိုင်းဝါးချက် ဆေးရုံကြီးတွင်လည်း လစဉ်ခွဲစိတ်ကုသမှုများပြုလုပ်ပေးလျက်ရှိရာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင် ကလေးငယ်စုစုပေါင်း (၆၀၂)ယောက်ကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်းသိရသည်။
သတင်း/ဓာတ်ပုံ- ဖီးနစ်
"ကျွန်တော်တို့ကုမ္ပဏီက ကျန်းမာရေး၊ ပညာရေး၊ အားကစား၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဒေသအလိုက် တတ်စွမ်းသရွေ့ ပူးပေါင်းကူညီပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို ကျန်းမာရေးကဏ္ဍဖြစ်တဲ့ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးသူငယ်တွေကို အခမဲ့ကု သပေးပြီး အိမ်ခြေ(၁၄၈)အိမ်ရှိတဲ့ လေးအိမ်စုကျေးရွာမှာ ကျန်းမာရေးအထောက်အကူပြု သောက်သုံးရေသန့် ရရှိနို်င်ဖို့ စက်အဝီစိတွင်းတစ်တွင်းအတွက် သိန်း (၁၅၀)လှူဒါန်းမှာဖြစ်ပါတယ်" ဟု ကရုဏာရှေးရှု မြန်မာမှုအစီအစဉ် ဦးဆောင်သူ ဦးမိုးဇော် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကရုဏာရှေးရှုမြန်မာမှုအစီအစဉ် အနဖြေင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များအား အခမဲ့ ခွဲစိတ်ကုသပေးခြင်းကို ၂၀၁၀ခုနှစ်မှစတင်၍ ဆောင်ရွက်လာခဲ့ခြင်းဖြစ်ရာ ၂၀၁၀၊ ၂၀၁၃၊ ၂၀၁၅ ခုနှစ်တို့ တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌လည်းကောင်း၊ ၂၀၁၂ခုနှစ်၊ ၂၀၁၆ခုနှစ် တို့တွင် မန္တလေးပြည်သူ့ ဆေးရုံကြီး၌လည်းကောင်း အသီးသီး ပြုလုပ်ပေးခဲ့ပြီး၊ စစ်ကိုင်းဝါးချက် ဆေးရုံကြီးတွင်လည်း လစဉ်ခွဲစိတ်ကုသမှုများပြုလုပ်ပေးလျက်ရှိရာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင် ကလေးငယ်စုစုပေါင်း (၆၀၂)ယောက်ကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်းသိရသည်။
သတင်း/ဓာတ်ပုံ- ဖီးနစ်
