တာခ်ီလိတ္ၿမိဳ႕ရွိ လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးစခန္းတြင္ မိုင္းဆတ္ဘက္မွာ ေမာင္းႏွင္လာေသာ ေမာ္ေတာ္ဆိုင္ကယ္အား စစ္ေဆးရန္အတြက္ တားျမစ္စဥ္ ဆိုင္ကယ္ေမာင္းလာသူမွ ဆိုင္ကယ္အား ထားခဲ့ၿပီး ထြက္ေျပးသြားေၾကာင္းႏွင့္ အဆိုပါ ဆိုင္ကယ္ေပၚမွ မူးယစ္ေဆး၀ါးမ်ား သိမ္းဆည္းရမိေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ၂၀၁၇ခုႏွစ္ ႏို၀င္ဘာလ(၁၆)ရက္ေန႔ ည(၁၀)နာရီ ၀န္းက်င္အခ်ိန္က မိုင္းဆတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ ေမာင္းႏွင္လာေသာ ေမာ္ေတာ္ ဆိုင္ကယ္အား မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္ႏွင့္ အဆိုပါ စစ္ေဆးေရးစခန္းတြင္ တာ၀န္က် သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔ျဖင့္ စစ္ေဆးရန္အတြက္ ေဆာင္ရြက္စဥ္ ဆိုင္ကယ္ေမာင္းလာသူ အမည္မသိ အမ်ဳိးသား တစ္ဦးမွာ ဆိုင္ကယ္အား လွဲခ်ခဲ့ၿပီး လမ္းေဘးရွိ ခ်ဳံေတာထဲသို႔ ထြက္ေျပးလြတ္ေျမာက္ သြားေၾကာင္း သိရသည္။
က်န္ရစ္ခဲ့သည့္ ဆိုင္ကယ္အား ပူးေပါင္းအဖြဲ႔မွ ရွာေဖြမႈမ်ား ျပဳလုပ္ရာတြင္ ဆိုင္ကယ္တူးေဘာက္အတြင္း၌ သားေရလြယ္အိတ္ျဖင့္ ထည့္ထားသည့္ Wy စာတမ္းပါ စိတ္ၾကြေဆးျပား စုစုေပါင္း (၉၉၀)ျပား ႏွင့္ Sponsor ဖန္ပုလင္းျဖင့္ ထည့္ထားၿပီး စုစုေပါင္း အေလးခ်ိန္ (၄၀)ဂရမ္ခန္႔ရွိသည့္ ဘိန္းျဖဴမႈန္႔တို႔အားရွာေဖြ ေတြ႕ရွိ သိမ္းဆည္းရမိေၾကာင္း သိရသည္။
ဆက္လက္၍ မူးယစ္ေဆး၀ါးမ်ားအား သယ္ေဆာင္လာၿပီး ဆိုင္ကယ္အား ထားရစ္ကာ ထြက္ေျပး တိမ္းေရွာင္သြားသူ အမည္မသိ အမ်ဳိးသားတစ္ဦးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၇၀/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၉(က)အရ အမႈဖြင့္ေဆာင္ရြက္ထားရွိေၾကာင္းႏွင့္ အျမန္ဆံုး ရွာေဖြဖမ္းဆီးရမိႏိုင္ေရးအတြက္ ေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရွိရသည္။
သတင္း - ဇြဲျမတ္
တာချီလိတ်မြို့ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၁၆)ရက်နေ့ ည(၁၀)နာရီ ဝန်းကျင်အချိန်က မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသော မော်တော် ဆိုင်ကယ်အား မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်နှင့် အဆိုပါ စစ်ဆေးရေးစခန်းတွင် တာဝန်ကျ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့ဖြင့် စစ်ဆေးရန်အတွက် ဆောင်ရွက်စဉ် ဆိုင်ကယ်မောင်းလာသူ အမည်မသိ အမျိုးသား တစ်ဦးမှာ ဆိုင်ကယ်အား လှဲချခဲ့ပြီး လမ်းဘေးရှိ ချုံတောထဲသို့ ထွက်ပြေးလွတ်မြောက် သွားကြောင်း သိရသည်။
ကျန်ရစ်ခဲ့သည့် ဆိုင်ကယ်အား ပူးပေါင်းအဖွဲ့မှ ရှာဖွေမှုများ ပြုလုပ်ရာတွင် ဆိုင်ကယ်တူးဘောက်အတွင်း၌ သားရေလွယ်အိတ်ဖြင့် ထည့်ထားသည့် Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၉၉၀)ပြား နှင့် Sponsor ဖန်ပုလင်းဖြင့် ထည့်ထားပြီး စုစုပေါင်း အလေးချိန် (၄၀)ဂရမ်ခန့်ရှိသည့် ဘိန်းဖြူမှုန့်တို့အားရှာဖွေ တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။
ဆက်လက်၍ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာပြီး ဆိုင်ကယ်အား ထားရစ်ကာ ထွက်ပြေး တိမ်းရှောင်သွားသူ အမည်မသိ အမျိုးသားတစ်ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၇၀/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၉(က)အရ အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်းနှင့် အမြန်ဆုံး ရှာဖွေဖမ်းဆီးရမိနိုင်ရေးအတွက် ဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။
သတင်း - ဇွဲမြတ်
