ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕ နယ္အတြင္း ဒီးေမာ့ဆို - ေတာင္ငူ ကားလမ္းေပၚတြင္ ၂၀၁၇ခုႏွစ္ ႏိုဝင္ဘာလ(၇)ရက္ေန႔ မနက္((၂)နာရီ၀န္းက်င္က တရားမဝင္ ကြၽန္းသစ္ အလုံး (၅၀)အား တင္ေဆာင္လာသည့္ ေထာ္လာဂ်ီတစ္စီးအား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဒီးေမာ့ဆို ၿမိဳ႕နယ္အတြင္း တရားမဝင္သစ္မ်ား ခိုးထုတ္ေနေၾကာင္း သတင္းအရ သက္ဆိုင္ရာဌာနမွ တာ၀န္ရွိသူမ်ား ပူးေပါင္း၍ သြားေရာက္ ေစာင့္ဆိုင္းေနစဥ္ မနက္ ၂ နာရီ၀န္းက်င္၌ ဒီးေမာ့ဆို - ေတာင္ငူ ကားလမ္းမေပၚ႐ွိ ေရႊစိုးစံ ဓာတ္ဆီဆိုင္အနီး လမ္းမေပၚတြင္ အဆိုပါ ေထာ္လာဂ်ီ ႏွင့္ သစ္မ်ားအား ဖမ္းဆီး ရမိခဲ့ျခင္း ျဖစ္သည္။
ဖ႐ူဆိုၿမိဳ႕ နယ္ဘက္မွ ယဥ္ေမာင္း က်ားရယ္ ေမာင္းႏွင္ၿပီး ေဌးရယ္ အတူလိုက္ပါလာေသာ ေထာ္လာဂ်ီယာဥ္အား ရပ္တန္႔ စစ္ေဆးရာ ေထာ္လာဂ်ီယာဥ္ေပၚတြင္ တင္ေဆာင္လာသည့္ ကြၽန္းသစ္မ်ားမွာ အေထာက္အထား တစ္စုံတစ္ရာမပါဘဲ တရားမဝင္ တင္ေဆာင္လာေၾကာင္း စစ္ေဆးေတြ႔႐ွိဖမ္းဆီးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ပူးေပါင္းအဖြဲ႔က သစ္မ်ားတင္ေဆာင္လာေသာ ေထာ္လာဂ်ီ ႏွင့္ ကြၽန္းသစ္ ဆိုဒ္စုံ အလုံး(၅၀) ၊ (၁၈၈၄.၄)ကုဗေပ ၊ (၃.၇၆၈)တန္ အား သိမ္းဆည္းထားရွိၿပီး တရားမဝင္ သစ္သယ္ေဆာင္လာသူ က်ားရယ္ ႏွင့္ ေဌးရယ္တို႔ ႏွစ္ဦး အပါအ၀င္ ကြၽန္းသစ္မ်ား၏ ပိုင္႐ွင္ျဖစ္သူ ပေရးရယ္တို႔ သုံးဦးအား ဥပေဒအရ အေရးယူေဆာင္ရြက္ ထားရွိေၾကာင္း သိရွိရသည္။
သတင္း - ဆန္းၿဖဳိးထြန္း
ဒီးမော့ဆို မြို့နယ်အတွင်း တရားမဝင်သစ်များ ခိုးထုတ်နေကြောင်း သတင်းအရ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ သွားရောက် စောင့်ဆိုင်းနေစဉ် မနက် ၂ နာရီဝန်းကျင်၌ ဒီးမော့ဆို - တောင်ငူ ကားလမ်းမပေါ်ရှိ ရွှေစိုးစံ ဓာတ်ဆီဆိုင်အနီး လမ်းမပေါ်တွင် အဆိုပါ ထော်လာဂျီ နှင့် သစ်များအား ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။
ဖရူဆိုမြို့ နယ်ဘက်မှ ယဉ်မောင်း ကျားရယ် မောင်းနှင်ပြီး ဌေးရယ် အတူလိုက်ပါလာသော ထော်လာဂျီယာဉ်အား ရပ်တန့် စစ်ဆေးရာ ထော်လာဂျီယာဉ်ပေါ်တွင် တင်ဆောင်လာသည့် ကျွန်းသစ်များမှာ အထောက်အထား တစ်စုံတစ်ရာမပါဘဲ တရားမဝင် တင်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့က သစ်များတင်ဆောင်လာသော ထော်လာဂျီ နှင့် ကျွန်းသစ် ဆိုဒ်စုံ အလုံး(၅၀)၊ (၁၈၈၄.၄)ကုဗပေ၊ (၃.၇၆၈)တန် အား သိမ်းဆည်းထားရှိပြီး တရားမဝင် သစ်သယ်ဆောင်လာသူ ကျားရယ် နှင့် ဌေးရယ်တို့ နှစ်ဦး အပါအဝင် ကျွန်းသစ်များ၏ ပိုင်ရှင်ဖြစ်သူ ပရေးရယ်တို့ သုံးဦးအား ဥပဒေအရ အရေးယူဆောင်ရွက် ထားရှိကြောင်း သိရှိရသည်။
သတင်း - ဆန်းဖြိုးထွန်း
