ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မိုင္းေယာင္းၿမိဳ႕နယ္အတြင္း၌ (၆)ဘီးယာဥ္ႏွစ္စီးျဖင့္ သယ္ေဆာင္လာသည့္ ဆိုင္ရာႏိုက္(Cyanide) စုစုေပါင္း ကီလို(၁၀၀၀၀)အား မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္ႏွင့္ ပူးေပါင္းအဖြဲ႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။
ဆိုင္ရာႏိုက္(Cyanide) မ်ားအား တာခ်ီလိတ္ခရိုင္၊ မိုင္းေယာင္းၿမိဳ႕နယ္၊ မုန္းလိုက္အုပ္စု၊ မုန္းလိုက္ေရွ႕တန္း တပ္စခန္းအနီးရွိ တံတားတြင္ ၂၀၁၇ခုႏွစ္ ႏို၀င္ဘာလ(၁၅)ရက္ေန႔ ည(၈)နာရီ၀န္းက်င္အခ်ိန္က မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္ႏွင့္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔ျဖင့္ ဖမ္းဆီးရမိျခင္းျဖစ္သည္။
အဆိုပါ ပူးေပါင္းအဖြဲ႔တို႔သည္ မုန္းလိုက္ေရွ႕တန္း တပ္စခန္းအနီးရွိ တံတားတြင္ မိုင္းေယာင္းၿမိဳ႕ဘက္မွ မိုင္းျဖတ္ၿမိဳ႕ဘက္သို ့ စိုင္းဟုန္ခမ္းေမာင္းႏွင္ၿပီး ဇနီးျဖစ္သူ နန္းလွ်ိဳး လိုက္ပါလာသည့္ (၆)ဘီး ကြန္တိန္နာ အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ႏွင့္ စိုင္းေကာင္ခမ္း ေမာင္းနွင္ၿပီး ဇနီးျဖစ္သူ နန္းကိန္ခမ္း လိုက္ပါလာသည့္ (၆)ဘီး အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ တို႔အား ရပ္တန႔္စစ္ေဆးရွာေဖြခဲ့ရာ စိုင္းဟုန္ခမ္း ေမာင္းႏွင္လာေသာ ေမာ္ေတာ္ယာဥ္၏ အေနာက္ခန္းမွ စုစုေပါင္းအေလးခ်ိန္ (၄၉၅၀)ကီလိုခန္ ့ရိွသည့္ ဆိုင္ရာႏိုက္(Cyanide) (၉၉)အိတ္အား လည္းေကာင္း၊ စိုင္းေကာင္းခမ္း ေမာင္းႏွင္လာေသာ ေမာ္ေတာ္ယာဥ္၏ အေနာက္ခန္းမွ စုစုေပါင္းအေလးခ်ိန္ (၅၀၅၀)ကီလိုခန္ ့ရိွေသာ ဆိုင္ရာႏိုက္(Cyanide) (၁၈၁)အိတ္အား လည္းေကာင္း အသီးသီး သိမ္းဆည္းရရိွခဲ့ေၾကာင္း သိရသည္။
ဆိုင္ရာႏိုက္(Cyanide)မ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ စိုင္းဟုန္ခမ္းႏွင့္ နန္းလွ်ိဳးတို ့အား မိုင္းေယာင္းၿမိဳ႕မရဲစခန္းမွ (ပ)၅၀/၂၀၁၇၊ ဓာတုပစၥည္းနွင့္ ဆက္စပ္ပစၥည္းမ်ားအႏၱရာယ္မွ တားဆီးကာကြယ္ေရးဥပေဒ ပုဒ္မ (၃၇)နွင့္ (၃၈) တို ့အရ လည္းေကာင္း၊ စိုင္းေကာင္ခမ္းႏွင့္ နန္းကိန္းခမ္းတို ့အား မမစ(မိုင္းေယာင္း) (ပ)၅၁/၂၀၁၇၊ ဓာတုပစၥည္းနွင့္ ဆက္စပ္ပစၥည္းမ်ား အႏၱရာယ္ မွ တားဆီးကာကြယ္ေရးဥပေဒ ပုဒ္မ (၃၇)နွင့္ (၃၈) တို့အရ လည္းေကာင္း အသီးသီး အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။
သတင္း - ဇြဲျမတ္
ဆိုင်ရာနိုက်(Cyanide) များအား တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်အုပ်စု၊ မုန်းလိုက်ရှေ့တန်း တပ်စခန်းအနီးရှိ တံတားတွင် ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့ ည(၈)နာရီဝန်းကျင်အချိန်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးရမိခြင်းဖြစ်သည်။
အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် မုန်းလိုက်ရှေ့တန်း တပ်စခန်းအနီးရှိ တံတားတွင် မိုင်းယောင်းမြို့ဘက်မှ မိုင်းဖြတ်မြို့ဘက်သို့ စိုင်းဟုန်ခမ်းမောင်းနှင်ပြီး ဇနီးဖြစ်သူ နန်းလျှိုး လိုက်ပါလာသည့် (၆)ဘီး ကွန်တိန်နာ အမျိုးအစား မော်တော်ယာဉ်နှင့် စိုင်းကောင်ခမ်း မောင်းနှင်ပြီး ဇနီးဖြစ်သူ နန်းကိန်ခမ်း လိုက်ပါလာသည့် (၆)ဘီး အမျိုးအစား မော်တော်ယာဉ် တို့အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ စိုင်းဟုန်ခမ်း မောင်းနှင်လာသော မော်တော်ယာဉ်၏ အနောက်ခန်းမှ စုစုပေါင်းအလေးချိန် (၄၉၅၀)ကီလိုခန့်ရှိသည့် ဆိုင်ရာနိုက်(Cyanide) (၉၉)အိတ်အား လည်းကောင်း၊ စိုင်းကောင်းခမ်း မောင်းနှင်လာသော မော်တော်ယာဉ်၏ အနောက်ခန်းမှ စုစုပေါင်းအလေးချိန် (၅၀၅၀)ကီလိုခန့်ရှိသော ဆိုင်ရာနိုက်(Cyanide) (၁၈၁)အိတ်အား လည်းကောင်း အသီးသီး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ဆိုင်ရာနိုက်(Cyanide)များနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းဟုန်ခမ်းနှင့် နန်းလျှိုးတို့အား မိုင်းယောင်းမြို့မရဲစခန်းမှ (ပ)၅၀/၂၀၁၇၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ (၃၇)နှင့် (၃၈) တို့အရ လည်းကောင်း၊ စိုင်းကောင်ခမ်းနှင့် နန်းကိန်းခမ်းတို့အား မမစ(မိုင်းယောင်း) (ပ)၅၁/၂၀၁၇၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ် မှ တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ (၃၇)နှင့် (၃၈) တို့အရ လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
သတင်း - ဇွဲမြတ်
