ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕ ကတ္ထိုက္အုပ္စု တင္ထပ္ေက်းရြာမွ (၂)မိုင္ခန္႔အကြာရိွ ေခ်ာင္းအတြင္းမွ ဘုန္းႀကီးတစ္ပါး၏ အေလာင္းကို ႏို၀င္ဘာလ (၁၆)ရက္ေန႔ညပိုင္းက ေတြ႔ရိွရေၾကာင္း သိရသည္။
"အေလာင္းကို ေတြ ့တာကေတာ့ မေန ့က ညေနပိုင္းေလာက္က ေတြ ့တာပါ။ ဦးဇင္းရဲ ့ အေလာင္းကို လာသယ္ေပးဖို ့ ည(၈)နာရီေက်ာ္ေလာက္မွာ အေၾကာင္းၾကားလာလို ့ သြားသယ္ၿပီးေတာ့ ရင္ခြဲရုံကို ပို ့ ေပးခဲ့ပါတယ္။ ဘယ္ေက်ာင္းက ဦးဇင္းလဲဆိုတာေတာ့ မသိရပါဘူး။ ေရနစ္ၿပီးဆုံးသြားတာက သိပ္မၾကာေသးဘူးလို႔ သုံးသပ္လို႔ ရပါတယ္။ ဘာလို႔လဲဆိုေတာ့ အေလာင္းက ပုံအရမ္းမပ်က္ေသးဘူး"ဟု က်ဳိင္းတံုၿမိဳ႕ ႏွလုံးလွပိုင္ရွင္မ်ား အခမဲ့ လူမႈကူညီေရးအသင္း ဥကၠဌ ဦးေက်ာ္သူေအာင္ က တာခ်ီလိတ္သတင္းေအဂ်င္စီသို ့ ေျပာသည္။
အဆိုပါ အေလာင္းအားဓမၼတာအတိုင္းေသဆံုးျခင္း ဟုတ္ မဟုတ္ စစ္ေဆးႏုိင္ရန္ က်ိဳင္းတုံၿမိဳ႕ျပည္သူ႔ေဆးရုံသို႔ ပို႔ထားၿပီး ရဲတပ္ဖြဲ႔က စံုစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။
သတင္း #ဇြဲျမတ္
ဓါတ္ပံု - ႏွလံုးလွ ပိုင္ရွင္ မ်ား
"အလောင်းကို တွေ့တာကတော့ မနေ့က ညနေပိုင်းလောက်က တွေ့တာပါ။ ဦးဇင်းရဲ့ အလောင်းကို လာသယ်ပေးဖို့ ည(၈)နာရီကျော်လောက်မှာ အကြောင်းကြားလာလို့ သွားသယ်ပြီးတော့ ရင်ခွဲရုံကို ပို့ ပေးခဲ့ပါတယ်။ ဘယ်ကျောင်းက ဦးဇင်းလဲဆိုတာတော့ မသိရပါဘူး။ ရေနစ်ပြီးဆုံးသွားတာက သိပ်မကြာသေးဘူးလို့ သုံးသပ်လို့ ရပါတယ်။ ဘာလို့လဲဆိုတော့ အလောင်းက ပုံအရမ်းမပျက်သေးဘူး"ဟု ကျိုင်းတုံမြို့ နှလုံးလှပိုင်ရှင်များ အခမဲ့ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးကျော်သူအောင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ အလောင်းအားဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးနိုင်ရန် ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံသို့ ပို့ထားပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
သတင်း #ဇွဲမြတ်
ဓာတ်ပုံ - နှလုံးလှ ပိုင်ရှင် များ
