ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက်ရှိ မင်္ဂလာဈေး (ကျောက်ဈေး) ပြန်လည် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ သိရသည်။
အဆိုပါ မင်္ဂလာဈေးမှာ ယခင်က ကျောက်ဈေးအဖြစ်ဖွင့်လှစ်ခဲ့ပြီးနောက် အသုံးမပြုတော့ဘဲ ထားသဖြင့် ဈေးအသစ်ပြန်လည် ဖော်ဆောင်နိုင်ရန်အတွက် လမ်းနှင့် ရေနုတ်မြောင်းများ ပြန်လည် ဖော်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း #နိုနို
“မင်္ဂလာဦးမှာရှိတဲ့ မင်္ဂလာဈေးကို ပြန်လည်ဖော်ဆောင်ဖို့အတွက် လမ်းတွပြေန်လုပ်မယ်။ အဲဒီမှာက ရေစီး ရေလာလည်း မကောင်းဘူး။ လမ်းလည်း ပြန်လည်ပြုပြင်ရမှာပါ။ လမ်းမှာလည်း အမြဲရေလျှံနေတော့ ဈေးပြန်လည်ဖော်ဆောင်ဖို့အတွက် လမ်းရေမြောင်းတွေအရင် ပြန်လုပ်တယ်။ ပုံမှန်လုပ်နေကျ အုတ်စီနေတာ မဟုတ်ဘဲနဲ့ ကြိုတင်သွင်း လောင်းထားတဲ့ကွန်ကရစ် နည်းလမ်းအသစ် တီထွင်ပြီး လုပ်နေပါတယ်” ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအေးကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ မင်္ဂလာဈေးမှာ ယခင်က ကျောက်ဈေးအဖြစ်ဖွင့်လှစ်ခဲ့ပြီးနောက် အသုံးမပြုတော့ဘဲ ထားသဖြင့် ဈေးအသစ်ပြန်လည် ဖော်ဆောင်နိုင်ရန်အတွက် လမ်းနှင့် ရေနုတ်မြောင်းများ ပြန်လည် ဖော်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း #နိုနို