မိုင်းဆတ်ခရိုင် ပုံပါကျင်မြို့တွင် ကျောင်းအခြေပြု ဂျပန်ဦးနှောက်ရောဂါကာကွယ်ဆေးအစုလိုက်ထိုးနှံ

မိုင်းဆတ်ခရိုင် ပုံပါကျင်မြို့တွင် ကျောင်းအခြေပြု ဂျပန်ဦးနှောက်ရောဂါကာကွယ်ဆေးအစုလိုက်ထိုးနှံ
နိုဝငျဘာ 16, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင်  ကျောင်းအခြေပြု ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံပေးခြင်းအဖြစ် ကျောင်းသား၊ ကျောင်းသူ ကလေး(၄၀၄)ဦးအား ထိုးနှံပေးကြောင်း သိရသည်။


ကာကွယ်ဆေးထိုးပေးရာတွင် ဆေးမထိုးမီ ဖျားနာမှု ရှိ/မရှိ၊ အခြားသော ဆေးများ သောက်ထားမှု ရှိ/မရှိ မေးမြန်းကာ ထိုးပေးပြီး၊ ကာကွယ်ဆေးထိုးပြီးသည့် နောက်ပိုင်းတွင်လည်း ကလေးများကို မူးဝေမှုများ မဖြစ်ပေါ်စေရန် အတွက် နာရီဝက်ခန့်  တစ်နေရာတည်းတွင် ထိုင်၍ စောင့်ဆိုင်းစေကြောင်း သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်မည့် အသက်(၉)လမှ (၁၅)နှစ်အထိ ကလေးများကို ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်အား နိုဝင်ဘာလ (၁၅)ရက်မှ (၂၃)ရက်နေ့ အထိ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ်ဖြင့်လည်းကောင်း၊ဒီဇင်ဘာလ(၁၁)ရက်မှ (၂၀)ရက်နေ့အထိ ပြည်သူလူထု အခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်ဖြင့်လည်းကောင်း ၊ ဝေးလံခေါင်းပါး ဒေသများတွင် နိုဝင်ဘာလ(၁၅)ရက်နေ့ မှ ဒီဇင်ဘာလ (၂၁)ရက်နေ့ အထိ လည်းကောင်း ကာကွယ်ဆေးများထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအခြပြေု ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံပေးခြင်းအဖြစ် ကျောင်းသား၊ ကျောင်းသူ ကလေး(၄၀၄)ဦးအား ထိုးနှံပေးကြောင်း သိရသည်။

အဆိုပါ ဆေးထိုးနှံပေးမှုကို ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့ နံနက်(၉)နာရီအချိန်က စတင် ပြုလုပ်ပေးခြင်းဖြစ်ပြီး ကျေးလက်ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးမှူး ဦးမြင့်စိုးထွန်းနှင့် ကျန်းမာရေး ဝန်ထမ်းများက အသက်(၅)နှစ်မှ(၁၅)နှစ်ထိ ကျောင်းသား၊ကျောင်းသူ( ၄၀၄ )ဦးအား စာရင်းရေးသွင်းကာ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးပေးခဲ့ခြင်း ဖြစ်သည်။

ကာကွယ်ဆေးထိုးပေးရာတွင် ဆေးမထိုးမီ ဖျားနာမှု ရှိ/မရှိ၊ အခြားသော ဆေးများ သောက်ထားမှု ရှိ/မရှိ မေးမြန်းကာ ထိုးပေးပြီး၊ ကာကွယ်ဆေးထိုးပြီးသည့် နောက်ပိုင်းတွင်လည်း ကလေးများကို မူးေဝမှုများ မဖြစ်ပေါ်စေရန် အတွက် နာရီဝက်ခန့် တစ်နေရာတည်းတွင် ထိုင်၍ စောင့်ဆိုင်းစေကြောင်း သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်မည့် အသက်(၉)လမှ (၁၅)နှစ်အထိ ကလေးများကို ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်အား နိုဝင်ဘာလ (၁၅)ရက်မှ (၂၃)ရက်နေ့ အထိ ကျောင်းအခြပြေု ကာကွယ်ဆေးထိုးအစီအစဉ်ဖြင့်လည်းကောင်း၊ဒီဇင်ဘာလ(၁၁)ရက်မှ (၂၀)ရက်နေ့အထိ ပြည်သူလူထု အခြပြေု ကာကွယ်ဆေးထိုး အစီအစဉ်ဖြင့်လည်းကောင်း၊ေဝးလံခေါင်းပါး ဒေသများတွင် နို်ဝင်ဘာလ(၁၅)ရက်နေ့မှ ဒီဇင်ဘာလ (၂၁)ရက်နေ့အထိ လည်းကောင်း ကာကွယ်ဆေးများထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - စိုင်းလှိုင်းဝမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~