ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အခြေစိုက်သည့် တိုင်းရင်းသားလူငယ်အဖွဲ့ ( Ethnic Youth Tachileik )မှ ပညာဒါနအဖြစ် ဒုတိယအကြိမ် သက်မွေးဝမ်းကျောင်းသင်တန်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ဖွင့်လှစ်မည်ဖြစ်ရာ အသက် (၁၇)နှစ်မှ (၂၂)နှစ်ကြား ဆယ်တန်းမအောင်သည့် လူငယ်များ လျှောက်ထားနိုင်ကြောင်း သိရသည်။
သင်တန်းတက်ရောက်လိုသူများအနေဖြင့် နိုဝင်ဘာလ (၂၅)ရက်နေ့မှ ဒီဇင်ဘာလ (၂)ရက်နေ့အထိ စာရင်းပေးသွင်းနိုင်ကြောင်း သိရပြီး အသေးစိတ်သိရှိလိုသူများအနေဖြင့် နံနက်(၉) နာရီမှ ညနေ (၃) နာရီအတွင်း မြန်မာဖုန်း ၀၉ ၄၅၀၄၈၀၀၇၇ နှင့် ထိုင်းဖုန်း (+၆၆) ၈၀၈၄၃၂၈၅၅ တို့သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။
တိုင်းရင်းသားလူငယ်အဖွဲ့က အတန်းပညာဆက်လက်သင်ယူခြင်း မရှိသည့် လူငယ်များအား သက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ပေးနေရာ သင်တန်းဆင်းလူငယ်များအနေဖြင့် ဟိုတယ်လုပ်ငန်းခွင်နှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ စတင်နေနိုင်ကြပြီဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ - EYT
သင်တန်းတက်ရောက်လိုသူများအနဖြေင့် နိုဝင်ဘာလ (၂၅)ရက်နေ့မှ ဒီဇင်ဘာလ (၂)ရက်နေ့အထိ စာရင်းပေးသွင်းနိုင်ကြောင်း သိရပြီး အသေးစိတ်သိရှိလိုသူများအနဖြေင့် နံနက်(၉) နာရီမှ ညနေ (၃) နာရီအတွင်း မြန်မာဖုန်း ဝ၉ ၄၅၀၄၈၀၀၇၇ နှင့် ထိုင်းဖုန်း (+၆၆) ၈၀၈၄၃၂၈၅၅ တို့သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။
တာချီလိတ်မြို့ တွင် တိုင်းရင်းသားလူငယ်အဖွဲ့၏ ပညာဒါနအဖြစ် ပထမဆုံးအကြိမ်ဖွင့်လှစ်သည့် အချိန်ပြည့် အသက်မွေးဝမ်းကျောင်းသင်တန်းမှ လူငယ် (၂၀)ဦးမှာ နိုဝင်ဘာလ (၁၇)ရက်နေ့တွင် သင်တန်းဆင်းသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းဆင်းလူငယ်များအား ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ International Vocational College မှ ပေးအပ်သည့် Food & Beverage Knowledge Skills သင်တန်းဆင်းလက်မှတ်နှင့် တိုင်းရင်းသားလူငယ် အဖွဲ့မှပေးအပ်သည့် Certificate of Vocational Training တို့ကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသားလူငယ်အဖွဲ့က အတန်းပညာဆက်လက်သင်ယူခြင်း မရှိသည့် လူငယ်များအား သက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ပေးနေရာ သင်တန်းဆင်းလူငယ်များအနဖြေင့် ဟိုတယ်လုပ်ငန်းခွင်နှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ စတင်နေနိုင်ကြပြီဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - EYT
