တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း အာခါတိုင်းရင်းသားများ၏ (၁၀)ကြိမ်မြောက် အာခါရိုးရာ ခါးထောင်းဖားပွဲတော်အား ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၁၇)ရက်နေ့က စ၍ (၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
(၃)ရက်တိုင်တိုင် အာခါရိုးရာခါးထောင်းဖားပွဲတော်အတွင်း ဖျော်ဖြေရေးကဏ္ဍတွင် အဆိုတော် လီဂါ နှင့် အာခါတိုင်းရင်းသား အဆိုတော်များလည်း ပါဝင်သီဆိုဖျော်ဖြေကြမည် ဖြစ်ကြောင်း သိရသည်။
အာခါတိုင်းရင်းသားများ၏ (၁၀)ကြိမ်မြောက် အာခါရိုးရာ ခါးထောင်းဖားပွဲတော်အား တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် ကျင်းပပြုလုပ်နိုင်ရန်အတွက် အကြိုညှိနှိုင်းအစည်းအဝေးအား တာချီလိတ်မြို့ရှိ သွယ်ဟော့ပေါ့ စားသောက်ဆိုင်တွင် နိုဝင်ဘာလ(၁၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ရာ အာခါတိုင်းရင်းသား (၆၄)ဦး တက်ရောက်ပြီး ပွဲတော်အား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ဓါတ်ပုံ - DD
အဆိုပါ ပွဲတော်အား ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၁၇)ရက်နေ့မှ စ၍ ဒီဇင်ဘာလ(၁၉)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ပွဲတော်အား ဒီဇင်ဘာလ(၁၇)ရက်နေ့ ညနေ(၆)နာရီက စတင်ကာ ကျင်းပပြီး ပွဲတော်၏ ဖွင့်ပွဲအား ဒီဇင်ဘာလ(၁၈)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားရှိကြောင်း သိရသည်။
ပွဲတော်သို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းဖြစ်သည့် တာချီလိတ်ခရိုင်၊ ကျိုင်းတုံခရိုင် နှင့် မိုင်းဆတ်ခရိုင်တို့မှ အာခါတိုင်းရင်းသားများ အပါအဝင် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့မှ အာခါတိုင်းရင်းသားများလည်း လာရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
(၃)ရက်တိုင်တိုင် အာခါရိုးရာခါးထောင်းဖားပွဲတော်အတွင်း ဖျော်ဖြေရေးကဏ္ဍတွင် အဆိုတော် လီဂါ နှင့် အာခါတိုင်းရင်းသား အဆိုတော်များလည်း ပါဝင်သီဆိုဖျော်ဖြကြေမည် ဖြစ်ကြောင်း သိရသည်။
အာခါတိုင်းရင်းသားများ၏ (၁၀)ကြိမ်မြောက် အာခါရိုးရာ ခါးထောင်းဖားပွဲတော်အား တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် ကျင်းပပြုလုပ်နိုင်ရန်အတွက် အကြိုညှိနှိုင်းအစည်းအေဝးအား တာချီလိတ်မြို့ရှိ သွယ်ဟော့ပေါ့ စားသောက်ဆိုင်တွင် နိုဝင်ဘာလ(၁၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ရာ အာခါတိုင်းရင်းသား (၆၄)ဦး တက်ရောက်ပြီး ပွဲတော်အား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ဓါတ္ပံု - DD
