ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕နယ္အတြင္း ရပ္ကြက္မ်ားမွ ကုန္စံုဆိုင္မ်ားအား စားသံုးသူေရးရာ ဦးစီးဌာနက လုိက္လံစစ္ေဆးေနရာ ႏိုဝင္ဘာလ (၁၉)ရက္ေန႔အထိ ကုန္စံုဆိုင္(၇)ဆုိင္မွ စားသံုးရန္မသင့္ သက္တမ္းလြန္ ကုန္ပစၥည္း အမ်ဳိးအမည္ေပါင္း (၄၂) မ်ဳိးကို သိမ္းဆည္းရမိထားေၾကာင္း သိရသည္။
“ေတာင္ႀကီးၿမိဳ႕နယ္ အတြင္း ရပ္ကြက္ေတြမွာရွိတဲ့ ကုန္စံုဆိုင္ေတြမွာေရာင္းခ်ေနတဲ့ ကုန္ပစၥည္းေတြပါ။ အခ်ဳိရည္ေတြ၊ ႏို႔ဆီ တျခားသက္တမ္းလြန္ကုန္ပစၥည္းေတြ အမ်ားႀကီးေတြ႕ရပါတယ္။ ဆိုင္ရွင္ေတြကိုလည္း သက္တမ္းလြန္ကုန္ပစၥည္းေတြကို ထပ္မေရာင္းခ်ဖို႔ သတိေပးထားပါတယ္။ ဒီလအတြင္း တတိယပတ္အထိ ဆိုင္ခန္း (၇) ခန္းေလာက္ စစ္ေဆးတဲ့အခါမွာေတြ႕ရွိရတဲ့ ကုန္စည္ေတြပါ။ အမ်ဳိးအမည္ေပါင္းလည္း အစံုပါတယ္။ အထူးသျဖင့္ေတာ့ မီးဖိုေခ်ာင္သံုးတဲ့ပစၥည္းေတြ ႏို႔ဆီအပါအ၀င္ ၾကက္သားဘူးေတြလည္း အမ်ားႀကီး ပါပါတယ္။ ကုန္စည္ေတြထဲမွာ အစားအေသာက္ေတြနဲ႔ ပတ္သက္လို႔ကေတာ့ သတ္မွတ္ထားတဲ႕ ရက္စြဲေတြကို ေသခ်ာၾကည့္ၿပီးမွ ဝယ္ယူသင့္ပါတယ္” ဟု ရွမ္းျပည္နယ္ စားသံုးသူေရးရာဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ေတာင္ႀကီးၿမိဳ႕နယ္အတြင္း ကုန္စံုဆုိင္မ်ားအား စစ္ေဆးရာတြင္ စားသံုးရန္မသင့္ႏွင့္ သက္တမ္းလြန္မ်ားအား စစ္ေဆးေတြ႔ရိွပါက ပစၥည္းသိမ္းယူဖ်က္ဆီးျခင္းႏွင့္ ေနာက္ေနာင္ စားသံုးရန္မသင့္ကုန္ပစၥည္းမ်ား ထပ္မံေရာင္းခ်ျခင္းမျပဳရန္ သတိေပးျခင္းမ်ားကို ေဆာင္ရြက္ေနေၾကာင္း သိရသည္။
“ေဆး၀ါးေတြေရာ တိုင္းရင္းေဆးေတြေရာ ဂရုစိုက္သင့္ပါတယ္။ တခ်ဳိ႕ဆိုင္ေတြမွာဆို လက္ကားဆိုင္ကေန ၀ယ္ယူကတည္းက သက္တမ္းကုန္လြန္ေနတဲ႕ ကုန္ပစၥည္းေတြ ပါေနတာေတြ႕ရတယ္။ ဒါေတြကို သူတို႔ကိုယ္တိုင္ အျမန္ဆံုးဖယ္ရွားဖို႕လည္း သတိေပးထားတယ္။ ေရာင္းတဲ့သူကေတာ့ သူကေရာင္းေနမွာပဲ။ စားသံုးေနတဲ့သူေတြအတြက္ေတာ့ သက္တမ္းကိုေတာ့ စစ္ေဆးၿပီးမွ ၀ယ္ယူသင့္ပါတယ္” ဟု ရွမ္းျပည္နယ္ စားသံုးသူေရးရာဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က ေျပာသည္။
စားသံုးရန္မသင့္ေသာ အစားအေသာက္မ်ားႏွင့္ ပတ္သက္၍ အမ်ားျပည္သူသိရွိေစရန္ အသိေပးေၾကညာခ်က္ မ်ားကို Food and Drug Administration Myanmar Website တြင္ ထုတ္ျပန္ေပးေနေၾကာင္း သိရသည္။
သတင္း #ႏိုႏို
Photo. စားသံုးသူေရးရာ ေတာင္ႀကီး
“တောင်ကြီးမြို့နယ် အတွင်း ရပ်ကွက်တွေမှာရှိတဲ့ ကုန်စုံဆိုင်တွေမှာရောင်းချနေတဲ့ ကုန်ပစ္စည်းတွေပါ။ အချိုရည်တွေ၊ နို့ဆီ တခြားသက်တမ်းလွန်ကုန်ပစ္စည်းတွေ အများကြီးတွေ့ရပါတယ်။ ဆိုင်ရှင်တွေကိုလည်း သက်တမ်းလွန်ကုန်ပစ္စည်းတွေကို ထပ်မရောင်းချဖို့ သတိပေးထားပါတယ်။ ဒီလအတွင်း တတိယပတ်အထိ ဆိုင်ခန်း (၇) ခန်းလောက် စစ်ဆေးတဲ့အခါမှာတွေ့ရှိရတဲ့ ကုန်စည်တွေပါ။ အမျိုးအမည်ပေါင်းလည်း အစုံပါတယ်။ အထူးသဖြင့်တော့ မီးဖိုချောင်သုံးတဲ့ပစ္စည်းတွေ နို့ဆီအပါအဝင် ကြက်သားဘူးတွေလည်း အများကြီး ပါပါတယ်။ ကုန်စည်တွေထဲမှာ အစားအသောက်တွေနဲ့ ပတ်သက်လို့ကတော့ သတ်မှတ်ထားတဲ့ ရက်စွဲတွေကို သေချာကြည့်ပြီးမှ ဝယ်ယူသင့်ပါတယ်” ဟု ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တောင်ကြီးမြို့နယ်အတွင်း ကုန်စုံဆိုင်များအား စစ်ဆေးရာတွင် စားသုံးရန်မသင့်နှင့် သက်တမ်းလွန်များအား စစ်ဆေးတွေ့ရှိပါက ပစ္စည်းသိမ်းယူဖျက်ဆီးခြင်းနှင့် နောက်နောင် စားသုံးရန်မသင့်ကုန်ပစ္စည်းများ ထပ်မံရောင်းချခြင်းမပြုရန် သတိပေးခြင်းများကို ဆောင်ရွက်နေကြောင်း သိရသည်။
“ဆေးဝါးတွေရော တိုင်းရင်းဆေးတွေရော ဂရုစိုက်သင့်ပါတယ်။ တချို့ဆိုင်တွေမှာဆို လက်ကားဆိုင်ကနေ ဝယ်ယူကတည်းက သက်တမ်းကုန်လွန်နေတဲ့ ကုန်ပစ္စည်းတွေ ပါနေတာတွေ့ရတယ်။ ဒါတွေကို သူတို့ကိုယ်တိုင် အမြန်ဆုံးဖယ်ရှားဖို့လည်း သတိပေးထားတယ်။ ရောင်းတဲ့သူကတော့ သူကရောင်းနေမှာပဲ။ စားသုံးနေတဲ့သူတွေအတွက်တော့ သက်တမ်းကိုတော့ စစ်ဆေးပြီးမှ ဝယ်ယူသင့်ပါတယ်” ဟု ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။
စားသုံးရန်မသင့်သော အစားအသောက်များနှင့် ပတ်သက်၍ အများပြည်သူသိရှိစေရန် အသိပေးကြေညာချက် များကို Food and Drug Administration Myanmar Website တွင် ထုတ်ပြန်ပေးနေကြောင်း သိရသည်။
သတင်း #နိုနို
Photo. စားသုံးသူရေးရာ တောင်ကြီး
